အံ့အားသင့်လောက်အောင်ပိန်လှီတဲ့ပုံနဲ့တွေ့ရတဲ့ Chicha Amatayakul

Netflix ဇာတ်လမ်းတွဲ Girl From Nowhere မှာ Nanno ဇာတ်ရုပ်ကို သရုပ်ဆောင်ရင်းတစ်ကမ္ဘာလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရခဲ့တဲ့ ထိုင်းမင်းသမီး Chicha Amatayakul ကိုမထင်မှတ်လောက်စရာပုံမျိုးနဲ့တွေ့နေရပါတယ်။ပိန်လှီလွန်းနေတဲ့သူမရဲ့ပုံတွေက လူမှုကွန် ရက်ပေါ်မှာပျံ့နှံ့နေတာဖြစ်ပါတယ်။ ပုံထဲမှာတော့ သူမကရင်သားကိုတိပ်ကပ်ထားပြီး ဇာပါးအကျီနဲ့ဘောင်းဘီရှည်ကိုဝတ်ထားတာတွေ့ရပါတယ်။မျက်မှန်အမည်းတပ်ထားတဲ့သူမမျက်နှာကမေးရိုးတွေငေါထွက်နေခဲ့တာပါ။

ထိုင်းမီဒီယာတွေရဲ့ပြောကြားချက်အရ သူမက Horror ဇာတ်လမ်းတစ်ခုရိုက်ဖို့ရှိတာမို့ကိုယ်အလေးချိန်သိသိသာသာ လျှော့ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့အရင်ကာရိုက်တာတွေနဲ့လုံးဝကွဲပြားချင်တဲ့အတွက် အခုလိုသွင်ပြင်ရအောင်လုပ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ သူမက ဇာတ်ကောင်စရိုက်အတွက် ဒီလိုတကယ်လုပ်ဆောင်ခဲ့တာ ဟုတ်၊မဟုတ် အတည်မပြုနိုင်ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ခုလိုပိန်လှီလွန်းနေတဲ့ပုံအတွက်တော်တော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။

Ju Ju

zawgyi

Netflix ဇာတ္လမ္းတြဲ Girl From Nowhere မွာ Nanno ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ရင္းတစ္ကမာၻလုံးကပရိသတ္ေတြရဲ႕အားေပးမႈကိုရခဲ့တဲ့ ထိုင္းမင္းသမီး Chicha Amatayakul ကိုမထင္မွတ္ေလာက္စရာပုံမ်ိဳးနဲ႔ေတြ႕ေနရပါတယ္။ပိန္လွီလြန္းေနတဲ့သူမရဲ႕ပုံေတြက လူမႈကြန္ ရက္ေပၚမွာပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။ ပုံထဲမွာေတာ့ သူမကရင္သားကိုတိပ္ကပ္ထားၿပီး ဇာပါးအက်ီနဲ႔ေဘာင္းဘီရွည္ကိုဝတ္ထားတာေတြ႕ရပါတယ္။မ်က္မွန္အမည္းတပ္ထားတဲ့သူမမ်က္ႏွာကေမး႐ိုးေတြေငါထြက္ေနခဲ့တာပါ။

ထိုင္းမီဒီယာေတြရဲ႕ေျပာၾကားခ်က္အရ သူမက Horror ဇာတ္လမ္းတစ္ခု႐ိုက္ဖို႔ရွိတာမို႔ကိုယ္အေလးခ်ိန္သိသိသာသာ ေလွ်ာ့ခ်လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။ သူမအေနနဲ႔အရင္ကာ႐ိုက္တာေတြနဲ႔လုံးဝကြဲျပားခ်င္တဲ့အတြက္ အခုလိုသြင္ျပင္ရေအာင္လုပ္ခဲ့တာျဖစ္တယ္လို႔ေဖာ္ျပထားတာေတြ႕ရပါတယ္။ သူမက ဇာတ္ေကာင္စ႐ိုက္အတြက္ ဒီလိုတကယ္လုပ္ေဆာင္ခဲ့တာ ဟုတ္၊မဟုတ္ အတည္မျပဳႏိုင္ေပမယ့္ သူမရဲ႕ပရိသတ္ေတြကေတာ့ခုလိုပိန္လွီလြန္းေနတဲ့ပုံအတြက္ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*