‌ဉာဏ်ကောင်းပေမယ့် ဒီအချက်တွေမရှိရင်မအောင်မြင်ပါ

ဉာဏ်ကောင်းတယ်၊ ဉာဏ်ထက်မြက်တယ်၊ Creation အားကောင်းတယ်ဆိုရုံနဲ့အောင်မြင်မှုရဖို့အာမမခံနိုင်ပါဘူး။ဒီနေရာမှာ စည်းကမ်းဆိုတာမရှိရင် ဘယ်အရာမှာမှအောင်မြင်ဖို့သိပ်မလွယ်ဘူးလို့ပညာရှင်တွေကဆိုကြပါတယ်။ဉာဏ်ရည်ထက်မြက်ပြီးတော့ စည်းကမ်းမရှိသူ၊ စည်းကမ်းမကြိုက်သူတွေမှာဒီအပြုအမူမျိုးတွေရှိတတ်ကြပြီး ဒါတွေကပဲ သူတို့ကိုအောင်မြင်မှုကနေဝေးကွာနေစေတာဖြစ်ပါတယ်။
ဒီအမူအကျင့်တွေကဘာတွေများဖြစ်မလဲ…

ဟိုရွှေ့ဒီရွှေ့အလေ့အကျင့်တွေ – လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်မလုပ်ဘဲ ဟိုနေ့ရွှေ့ဒီနေ့ရွှေ့လုပ်တတ်တဲ့အကျင့်ပါ။နှေးကွေးတဲ့၊အချိန် ဆွဲတဲ့အလေ့အကျင့်ရှိရင် ဘယ်လောက်ပဲဉာဏ်ကောင်းကောင်းဆီမရှိတဲ့ကားလိုပဲဖြစ်နေမှာပါ။ကားအကောင်းကြီးတော့ရှိပေမယ့် ဘာမှသုံးမရသလိုပါပဲ။ ဒါကြောင့်မို့ကိုယ်ကဉာဏ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပျင်းလို့တော့လုံးဝမဖြစ်ပါဘူးနော်။

စဉ်းစားလွန်းခြင်း – Overthinking သမားတွေ၊အတွေးလွန်တတ်သူတွေကရှေ့ရောက်ဖို့နှောင့်နှေးပါတယ်။ဉာဏ်ကောင်းသူတွေဟာ Idea တွေ Creation တွေအများကြီးအများကြီးလန်ပျံထွက်နေပေမယ့်တစ်ခုခုကိုစတင်ပစ်ဖို့လုပ်ပစ်ဖို့စဉ်းစားလွန်းနေရင်လည်း ဘာမှအလုပ်မဖြစ်ပါဘူး။စဉ်းစားခြင်းနဲ့လုပ်ရဲကိုင်ရဲရှိခြင်းအကြားချိန်ညှိပြီးလုပ်နိုင်မှ အောင်မြင်မှုရနိုင်မှာဖြစ်ပါတယ်။

အချိန်စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း – Stress တွေ၊ Deadline တွေ ၊Time Management တွေနဲ့ မရင်းနှီးချင်ဘူး၊အဲဒါတွေကို မခံစားနိုင်ဘူးဆိုရင်လည်းအောင်မြင်မှုနဲ့ ဝေးကွာသွားတတ်ပါတယ်။အရေးကြီးတာကဘာလဲ၊ ဘယ်ဟာကဦးစားပေးလဲ၊ အချိန်ကိုဘယ်လိုစီမံမလဲဆိုတာလေးတွေရှိမှအောင်မြင်နိုင်မှာဖြစ်ပါတယ်။

ဝေဖန်မှုကိုခံနိုင်ရည်မရှိခြင်း – ကိုယ်ကဘယ်လောက်ပဲတော်နေတတ်နေပါစေ၊ ဝေဖန်သူတွေဆိုတာက အမြဲလိုရှိနေမှာပဲဖြစ်ပါတယ်။ အ မြဲတမ်းကောင်းတဲ့မှတ်ချက်တွေချည်းပဲရနိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ ဉာဏ်ထက်မြက်သူဟာလည်းလုပ်ငန်းခွင်ထဲဝင်တဲ့အခါ၊
ကိုယ်ပိုင်အလုပ်တစ်ခုခုလုပ်တဲ့အခါ ဒီအချက်ကိုခံနိုင်ရည်ရှိထားရမှာပါ။ ‌

ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ချမထားခြင်း – လုပ်ကြည့်မယ်ကွာ နိုင်သလောက်ပေါ့ဆိုတာမျိုးနဲ့အောင်မြင်မှုကိုတည်ဆောက်ဖို့မဖြစ်နိုင်ပါဘူးနော်။ ကိုယ့် Idea တွေ၊ဖန်တီးမှုတွေဟာဘယ်လောက်ပဲထွန်းပေါက်ပါစေ Plan မရှိ Goal မရှိဘူးဆိုရင်သူများတွေခိုးချဖို့သက် သက်ပေးလိုက်သလိုဖြစ်သွားမှာပါ။ ဒါ့ကြောင့် အတွေး၊စိတ်ကူး၊ နည်းလမ်း၊ဆုံးဖြတ်ချက်၊ ပန်းတိုင် အားလုံးရှိဖို့လိုပါတယ်။

သူလိုငါလိုအလုပ်တွေကိုရှောင်ခြင်း – စည်းကမ်းဆိုတဲ့အထဲမှာလူတစ်ယောက်ရဲ့တစ်ကိုယ်ရည်စာနဲ့တစ်နေ့တာဝတ္တရားတွေကို ဆောင် ရွက်နိုင်ခြင်းလည်းပါဝင်ပါတယ်။ဉာဏ်ကောင်းထက်မြက်ပြီး သာမန်လုပ်ကိုင်ဆောင်ရွက်ရမှုတွေကိုပျင်းတယ်၊ မလုပ်နိုင်ဘူးဆိုရင်လည်း
ဘဝမှာအဆင်မပြေနိုင်ပါဘူး။ဒါ့ကြောင့် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ကိုယ့်မျိုးဆက်အတွက်ပဲဖြစ်ဖြစ်ဉာဏ်ထက်မြက်မှုတစ်ခုတည်းကိုဦးစားမပေးဘဲ တခြားသော Skills တွေကိုတည်ဆောက်နိုင်ဖို့အတွက်ပါ ကြိုးစားရမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဉာဏ္ေကာင္းတယ္၊ ဉာဏ္ထက္ျမက္တယ္၊ Creation အားေကာင္းတယ္ဆို႐ုံနဲ႔ေအာင္ျမင္မႈရဖို႔အာမမခံႏိုင္ပါဘူး။ဒီေနရာမွာ စည္းကမ္းဆိုတာမရွိရင္ ဘယ္အရာမွာမွေအာင္ျမင္ဖို႔သိပ္မလြယ္ဘူးလို႔ပညာရွင္ေတြကဆိုၾကပါတယ္။ဉာဏ္ရည္ထက္ျမက္ၿပီးေတာ့ စည္းကမ္းမရွိသူ၊ စည္းကမ္းမႀကိဳက္သူေတြမွာဒီအျပဳအမူမ်ိဳးေတြရွိတတ္ၾကၿပီး ဒါေတြကပဲ သူတို႔ကိုေအာင္ျမင္မႈကေနေဝးကြာေနေစတာျဖစ္ပါတယ္။
ဒီအမူအက်င့္ေတြကဘာေတြမ်ားျဖစ္မလဲ…

ဟိုေ႐ႊ႕ဒီေ႐ႊ႕အေလ့အက်င့္ေတြ – လုပ္စရာရွိတာကို ျမန္ျမန္ဆန္ဆန္မလုပ္ဘဲ ဟိုေန႔ေ႐ႊ႕ဒီေန႔ေ႐ႊ႕လုပ္တတ္တဲ့အက်င့္ပါ။ေႏွးေကြးတဲ့၊အခ်ိန္ ဆြဲတဲ့အေလ့အက်င့္ရွိရင္ ဘယ္ေလာက္ပဲဉာဏ္ေကာင္းေကာင္းဆီမရွိတဲ့ကားလိုပဲျဖစ္ေနမွာပါ။ကားအေကာင္းႀကီးေတာ့ရွိေပမယ့္ ဘာမွသုံးမရသလိုပါပဲ။ ဒါေၾကာင့္မို႔ကိုယ္ကဉာဏ္ေကာင္းသည္ျဖစ္ေစ မေကာင္းသည္ျဖစ္ေစ ပ်င္းလို႔ေတာ့လုံးဝမျဖစ္ပါဘူးေနာ္။

စဥ္းစားလြန္းျခင္း – Overthinking သမားေတြ၊အေတြးလြန္တတ္သူေတြကေရွ႕ေရာက္ဖို႔ေႏွာင့္ေႏွးပါတယ္။ဉာဏ္ေကာင္းသူေတြဟာ Idea ေတြ Creation ေတြအမ်ားႀကီးအမ်ားႀကီးလန္ပ်ံထြက္ေနေပမယ့္တစ္ခုခုကိုစတင္ပစ္ဖို႔လုပ္ပစ္ဖို႔စဥ္းစားလြန္းေနရင္လည္း ဘာမွအလုပ္မျဖစ္ပါဘူး။စဥ္းစားျခင္းနဲ႔လုပ္ရဲကိုင္ရဲရွိျခင္းအၾကားခ်ိန္ညႇိၿပီးလုပ္ႏိုင္မွ ေအာင္ျမင္မႈရႏိုင္မွာျဖစ္ပါတယ္။

အခ်ိန္စီမံခန႔္ခြဲမႈညံ့ဖ်င္းျခင္း – Stress ေတြ၊ Deadline ေတြ ၊Time Management ေတြနဲ႔ မရင္းႏွီးခ်င္ဘူး၊အဲဒါေတြကို မခံစားႏိုင္ဘူးဆိုရင္လည္းေအာင္ျမင္မႈနဲ႔ ေဝးကြာသြားတတ္ပါတယ္။အေရးႀကီးတာကဘာလဲ၊ ဘယ္ဟာကဦးစားေပးလဲ၊ အခ်ိန္ကိုဘယ္လိုစီမံမလဲဆိုတာေလးေတြရွိမွေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။

ေဝဖန္မႈကိုခံႏိုင္ရည္မရွိျခင္း – ကိုယ္ကဘယ္ေလာက္ပဲေတာ္ေနတတ္ေနပါေစ၊ ေဝဖန္သူေတြဆိုတာက အၿမဲလိုရွိေနမွာပဲျဖစ္ပါတယ္။ အ ၿမဲတမ္းေကာင္းတဲ့မွတ္ခ်က္ေတြခ်ည္းပဲရႏိုင္ဖို႔ဆိုတာလည္းမျဖစ္ႏိုင္ပါဘူး။ ဉာဏ္ထက္ျမက္သူဟာလည္းလုပ္ငန္းခြင္ထဲဝင္တဲ့အခါ၊
ကိုယ္ပိုင္အလုပ္တစ္ခုခုလုပ္တဲ့အခါ ဒီအခ်က္ကိုခံႏိုင္ရည္ရွိထားရမွာပါ။ ‌

ရွင္းလင္းျပတ္သားတဲ့ရည္မွန္းခ်က္ခ်မထားျခင္း – လုပ္ၾကည့္မယ္ကြာ ႏိုင္သေလာက္ေပါ့ဆိုတာမ်ိဳးနဲ႔ေအာင္ျမင္မႈကိုတည္ေဆာက္ဖို႔မျဖစ္ႏိုင္ပါဘူးေနာ္။ ကိုယ့္ Idea ေတြ၊ဖန္တီးမႈေတြဟာဘယ္ေလာက္ပဲထြန္းေပါက္ပါေစ Plan မရွိ Goal မရွိဘူးဆိုရင္သူမ်ားေတြခိုးခ်ဖို႔သက္ သက္ေပးလိုက္သလိုျဖစ္သြားမွာပါ။ ဒါ့ေၾကာင့္ အေတြး၊စိတ္ကူး၊ နည္းလမ္း၊ဆုံးျဖတ္ခ်က္၊ ပန္းတိုင္ အားလုံးရွိဖို႔လိုပါတယ္။

သူလိုငါလိုအလုပ္ေတြကိုေရွာင္ျခင္း – စည္းကမ္းဆိုတဲ့အထဲမွာလူတစ္ေယာက္ရဲ႕တစ္ကိုယ္ရည္စာနဲ႔တစ္ေန႔တာဝတၱရားေတြကို ေဆာင္ ႐ြက္ႏိုင္ျခင္းလည္းပါဝင္ပါတယ္။ဉာဏ္ေကာင္းထက္ျမက္ၿပီး သာမန္လုပ္ကိုင္ေဆာင္႐ြက္ရမႈေတြကိုပ်င္းတယ္၊ မလုပ္ႏိုင္ဘူးဆိုရင္လည္း
ဘဝမွာအဆင္မေျပႏိုင္ပါဘူး။ဒါ့ေၾကာင့္ ကိုယ္တိုင္ပဲျဖစ္ျဖစ္၊ကိုယ့္မ်ိဳးဆက္အတြက္ပဲျဖစ္ျဖစ္ဉာဏ္ထက္ျမက္မႈတစ္ခုတည္းကိုဦးစားမေပးဘဲ တျခားေသာ Skills ေတြကိုတည္ေဆာက္ႏိုင္ဖို႔အတြက္ပါ ႀကိဳးစားရမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*