အလုပ်ထပ်လျှောက်ရမှာကြောက်တဲ့စိတ်ကို ဘယ်လိုကျော်လွှားကြမလဲ
အလုပ်အသစ်ရှာဖွေရမှာ အလုပ်အသစ်လျှောက်ရမှာကြောက်တဲ့စိတ်၊ အင်တာဗျူးဝင်ပြီးအပယ်ခံရမှာကိုစိုးရိမ်တဲ့စိတ်တွေက တချို့သူတွေအတွက် Depression ဖြစ်လောက်တဲ့အထိဆိုးရွားတတ်ပါတယ်။ တချို့သူတွေကျပြန်တော့လည်း အလုပ်ရှာရတာ၊အင်တာဗျူးဝင်ရတာကိုမှ စိတ်လှုပ်ရှားပျော်ရွှင်တာမျိုးရှိတတ်ကြပြန်ပါတယ်။အလုပ်ရှာဖွေရတာပျော်သူတွေအတွက် ဘာမှပြဿနာမရှိပေမယ့်အလုပ်အသစ်တစ်ခုလျှောက်ဖို့တောင်ကြောက်ရွံ့နေသူတွေအနေနဲ့တော့ ဒါဟာမြန်မြန်ကုစားရမယ့်ပြဿနာဖြစ်ပါတယ်။ အခုဖော်ပြမယ့်အ ချက်တွေက ဒီလိုစိတ်ခံစားချက်တွေကိုလျော့ပါးသက်သာစေမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ – အလုပ်အသစ်လျှောက်တဲ့အခါ စိတ်ရှည်ဖို့တော့လိုပါတယ်။ ကိုယ်လျှောက်လိုက်တာနဲ့ချက်ချင်းအင်တာဗျူးဝင်ပြီး အလုပ်ရသွားတာမျိုးဖြစ်ချင်မှဖြစ်မှာပါ။ တချို့အချိန်တွေမှာအင်တာဗျူးမခေါ်တာမျိုးတောင်ရှိနိုင်ပါတယ်။ အလုပ်သစ်ရှာဖွေခြင်းဟာလနဲ့ချီပြီးအချိန်ကြာတတ်ပါတယ်။ ဒီအချက်ကိုကိုယ့်စိတ်ထဲမှာထည့်ထားပြီးခေါင်းအေးအေးထားလုပ်ဆောင်သင့်ပါတယ်။ – နောက်တစ်ချက်က […]