
အလုပ်စဝင်တဲ့နေ့မှာကတည်းက ကိုယ့်ကိုယုံကြည်မှုရှိလာစေဖို့
အောင်မြင်တဲ့ Team တစ်ခုရဖို့ ယုံကြည်မှုရှိခြင်းကအခြေခံအုတ်မြစ်တစ်ခုပါ။ ပူးပေါင်းဆောင်ရွက်ခြင်း၊ဆက်သွယ်ပြောဆိုခြင်း၊မှတ် ချက်ပြန်ပေးခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်းတွေဟာခေါင်းဆောင်အပေါ်ယုံကြည်မှုရှိမှတစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိမှအကောင်းဆုံးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ကိုယ်ကခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်စလုပ်ပြီဆိုရင် အလုပ်စဝင်တဲ့နေ့မှာကတည်းကအဖွဲ့သားအားလုံးနဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ဒီလိုယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းလမ်းတွေကဒီမှာပါ။ ပထမခြေလှမ်း – စိတ်ဝင်စားပေးပါ အဖွဲ့ဝင်တစ်ဦးချင်းအပေါ်ကို သင်ကအစစ်အမှန်စိတ်ဝင်စားကြောင်းပြသဖို့လိုပါတယ်။အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ နာမည်၊ နောက်ခံ Background၊ ရာထူး၊ အားသာချက်နဲ့ရည်မှန်းချက်တွေကိုမေးနိုင်ပါတယ်။ သူတို့ကိုအဖွင့်မေးခွန်းတွေမေးပြီးပြန်ဖြေလာသမျှကိုစိတ်ဝင်တစားနားထောင်ပေးလိုက်ပါ။ ကိုယ့်အကြောင်းကိုလည်းပြန်မိတ်ဆက်ပါ။ဒါပေမဲ့သူတို့တစ်ဦးချင်း စကားပြောနှုတ်ဆက်ချိန်နည်းသွားလောက်အောင်အများကြီးပြောပြနေတာမျိုးမလုပ်သင့်ပါဘူး။ ဒုတိယခြေလှမ်း – […]