ကိုယ်ပိုင်အမှတ်တံဆိပ် LLoud ကိုတည်ထောင်လိုက်တဲ့ Lisa

Black Pink မှ Lisa အနေနဲ့ သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကိုတည်ထောင်ပြီးအလုပ်တွေဆက်လုပ်သွားတော့မှာဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင် Label ကို LLoud လို့နာမည်ပေးထားပြီးဒီလုပ်ငန်းစတင်တဲ့အကြောင်းကို ဖေဖော်ဝါရီ 8 ရက်နေ့မှာ အတည်ပြုထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ Black Pink က Jisoo နဲ့ Jennie တို့ဟာလည်း သူမတို့ရဲ့သီးသန့်အေဂျင်စီတွေနဲ့‌ရှေ့ဆက်နေကြတာဖြစ်တဲ့အတွက် Lisa ဟာလည်းတတိယမြောက်ကိုယ်ပိုင်ခြေလှမ်းစတင်လာသူလို့ဆိုရမှာပါ။

LLoud ဟာ အနုပညာရှင်စီမံခန့်ခွဲမှုကုမ္ပဏီတစ်ခုဖြစ်ပြီး အမျိုးမျိုးသောရသအနုပညာနဲ့မျိုးဆက်သစ်များကိုချိတ်ဆက်မွေးထုတ်ပေးမယ်လို့ဖော်ပြထားပါတယ်။ ဆန်းသစ်တီထွင်မှုနဲ့စစ်မှန်မှုတို့အတွက်အာမခံသလို ဘောင်အကန့်အသတ်တွေမထားဘဲအကောင်းဆုံးသောဂီတကိုဖန်တီးနိုင်ဖို့ အဓိကလုပ်ဆောင်မယ်လို့ ကြေညာထားတာတွေ့ရပါတယ်။တခြားသော Black Pink အဖွဲ့ဝင်တွေရဲ့အေဂျင်စီထက်ပိုပြီး Lisa ရဲ့ကုမ္ပဏီကကမ္ဘာနဲ့ချီအလုပ်လုပ်နိုင်လိမ့်မယ်လို့ မီဒီယာတွေကသုံးသပ်ကြပါတယ်။

Black Pink အနေနဲ့ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို YG Entertainment အောက်ကနေဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး တစ်ဦးချင်းအနေနဲ့တော့အေဂျင်စီတစ်ခုစီခွဲထွက်ပြီးလှုပ်ရှားကြမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ Jennie က Odd Atelier ဆိုတဲ့နာမည်နဲ့ပထမဆုံးကိုယ် ပိုင်အေဂျင်စီတည်ထောင်လိုက် သူဖြစ်ပြီး Jisoo ကတော့အစ်ကိုဖြစ်သူနဲ့ပူးပေါင်းကာ ကိုယ်ပိုင်အေဂျင်စီတည်ထောင်ထားတာဖြစ်ပါတယ်။

Ju Ju

zawgyi

Black Pink မွ Lisa အေနနဲ႔ သူမရဲ႕ကိုယ္ပိုင္အမွတ္တံဆိပ္ကိုတည္ေထာင္ၿပီးအလုပ္ေတြဆက္လုပ္သြားေတာ့မွာျဖစ္ပါတယ္။ သူမရဲ႕ကိုယ္ပိုင္ Label ကို LLoud လို႔နာမည္ေပးထားၿပီးဒီလုပ္ငန္းစတင္တဲ့အေၾကာင္းကို ေဖေဖာ္ဝါရီ 8 ရက္ေန႔မွာ အတည္ျပဳထုတ္ျပန္လာခဲ့တာျဖစ္ပါတယ္။ Black Pink က Jisoo နဲ႔ Jennie တို႔ဟာလည္း သူမတို႔ရဲ႕သီးသန႔္ေအဂ်င္စီေတြနဲ႔‌ေရွ႕ဆက္ေနၾကတာျဖစ္တဲ့အတြက္ Lisa ဟာလည္းတတိယေျမာက္ကိုယ္ပိုင္ေျခလွမ္းစတင္လာသူလို႔ဆိုရမွာပါ။

LLoud ဟာ အႏုပညာရွင္စီမံခန႔္ခြဲမႈကုမၸဏီတစ္ခုျဖစ္ၿပီး အမ်ိဳးမ်ိဳးေသာရသအႏုပညာနဲ႔မ်ိဳးဆက္သစ္မ်ားကိုခ်ိတ္ဆက္ေမြးထုတ္ေပးမယ္လို႔ေဖာ္ျပထားပါတယ္။ ဆန္းသစ္တီထြင္မႈနဲ႔စစ္မွန္မႈတို႔အတြက္အာမခံသလို ေဘာင္အကန႔္အသတ္ေတြမထားဘဲအေကာင္းဆုံးေသာဂီတကိုဖန္တီးႏိုင္ဖို႔ အဓိကလုပ္ေဆာင္မယ္လို႔ ေၾကညာထားတာေတြ႕ရပါတယ္။တျခားေသာ Black Pink အဖြဲ႕ဝင္ေတြရဲ႕ေအဂ်င္စီထက္ပိုၿပီး Lisa ရဲ႕ကုမၸဏီကကမာၻနဲ႔ခ်ီအလုပ္လုပ္ႏိုင္လိမ့္မယ္လို႔ မီဒီယာေတြကသုံးသပ္ၾကပါတယ္။

Black Pink အေနနဲ႔ အဖြဲ႕လိုက္လႈပ္ရွားမႈေတြကို YG Entertainment ေအာက္ကေနဆက္လက္လုပ္ေဆာင္မွာျဖစ္ၿပီး တစ္ဦးခ်င္းအေနနဲ႔ေတာ့ေအဂ်င္စီတစ္ခုစီခြဲထြက္ၿပီးလႈပ္ရွားၾကမွာျဖစ္ပါတယ္။ အဖြဲ႕ဝင္ေတြထဲမွာ Jennie က Odd Atelier ဆိုတဲ့နာမည္နဲ႔ပထမဆုံးကိုယ္ ပိုင္ေအဂ်င္စီတည္ေထာင္လိုက္ သူျဖစ္ၿပီး Jisoo ကေတာ့အစ္ကိုျဖစ္သူနဲ႔ပူးေပါင္းကာ ကိုယ္ပိုင္ေအဂ်င္စီတည္ေထာင္ထားတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*