Eternals ဇာတ်ကားရဲ့ Bad Review တွေကြောင့်ဆရာဝန်ပြနေရတယ်လို့ဆိုတဲ့ Kumail Nanjiani

2021 ခုနစ်က ထွက်ရှိခဲ့တဲ့ Marvel ရုပ်ရှင် Eternals ဟာဆိုးရွားတဲ့မှတ်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ Kingo အဖြစ်ပါဝင်တဲ့ ပါကစ္စတန်-အမေရိကန်ကပြားမင်းသား Kumail Nanjiani က ဒီရုပ်ရှင်ဇာတ်ကောင်အတွက်လပေါင်းများစွာကြာအောင်လေ့ကျင့်ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Eternals ရုပ်ရှင်ကားဟာမကောင်းတဲ့မှတ်ချက်တွေသာရခဲ့တာမို့ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။သူက ဇာတ်ကား Review တိုင်းကိုအကုန်ဖတ်ပြီးဆိုးရွားတဲ့မှတ်ချက်တွေသာရခဲ့တာမို့စိတ်ဒဏ်ရာဖြစ်ကျန်ခဲ့တယ်လို့ဆိုပါတယ်။

Eternals ထွက်ပြီးနောက်ပိုင်းမှာသူဟာစိတ်ကုထုံးနဲ့ကုသမှုခံယူခဲ့ရတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။“ဝေဖန်မှုတွေကိုကြည့်ပြီး တော်တော်စိတ်ထိခိုက်ရတယ်။ အဲဒါက ကျွန်တော့်အတွက်ရောကျွန်တော့်အမျိုးသမီးအတွက်ရောမတရားဘူးလို့ယူဆတယ်။ ပြီးတော့ ငါအလုပ်ကိုဘယ်လိုဆက်လုပ်ရမလဲဆိုတာလည်းတွေးမိလာတယ်။ နောက်ဆုံးတော့ကျွန်တော်စိတ်ရောဂါအထူးကုနဲ့ဆွေးနွေးကုသနေရတယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။ Eternals ဟာ ရုပ်ရှင်အကဲဖြတ်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ IMDb မှာ 6.3/10 နဲ့ Rotten Tomatoes မှာ 47%
စတဲ့အဆင့်သတ်မှတ်ချက်တွေရရှိထားတာဖြစ်ပါတယ်။

Ju Ju

zawgyi

2021 ခုနစ္က ထြက္ရွိခဲ့တဲ့ Marvel ႐ုပ္ရွင္ Eternals ဟာဆိုး႐ြားတဲ့မွတ္ခ်က္ေတြနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ Kingo အျဖစ္ပါဝင္တဲ့ ပါကစၥတန္-အေမရိကန္ကျပားမင္းသား Kumail Nanjiani က ဒီ႐ုပ္ရွင္ဇာတ္ေကာင္အတြက္လေပါင္းမ်ားစြာၾကာေအာင္ေလ့က်င့္ျပင္ဆင္ခဲ့ရတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ Eternals ႐ုပ္ရွင္ကားဟာမေကာင္းတဲ့မွတ္ခ်က္ေတြသာရခဲ့တာမို႔ အႀကီးအက်ယ္စိတ္ထိခိုက္ခဲ့ရတာျဖစ္ပါတယ္။သူက ဇာတ္ကား Review တိုင္းကိုအကုန္ဖတ္ၿပီးဆိုး႐ြားတဲ့မွတ္ခ်က္ေတြသာရခဲ့တာမို႔စိတ္ဒဏ္ရာျဖစ္က်န္ခဲ့တယ္လို႔ဆိုပါတယ္။

Eternals ထြက္ၿပီးေနာက္ပိုင္းမွာသူဟာစိတ္ကုထုံးနဲ႔ကုသမႈခံယူခဲ့ရတယ္လို႔ဖြင့္ဟလာခဲ့ပါတယ္။“ေဝဖန္မႈေတြကိုၾကည့္ၿပီး ေတာ္ေတာ္စိတ္ထိခိုက္ရတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ေရာကြၽန္ေတာ့္အမ်ိဳးသမီးအတြက္ေရာမတရားဘူးလို႔ယူဆတယ္။ ၿပီးေတာ့ ငါအလုပ္ကိုဘယ္လိုဆက္လုပ္ရမလဲဆိုတာလည္းေတြးမိလာတယ္။ ေနာက္ဆုံးေတာ့ကြၽန္ေတာ္စိတ္ေရာဂါအထူးကုနဲ႔ေဆြးေႏြးကုသေနရတယ္” လို႔ေျပာခဲ့တာျဖစ္ပါတယ္။ Eternals ဟာ ႐ုပ္ရွင္အကဲျဖတ္ဝက္ဘ္ဆိုက္ေတြျဖစ္တဲ့ IMDb မွာ 6.3/10 နဲ႔ Rotten Tomatoes မွာ 47%
စတဲ့အဆင့္သတ္မွတ္ခ်က္ေတြရရွိထားတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*