Kanye West ကခွင့်မတောင်းဘဲသူ့သီချင်းကိုသုံးတယ်လို့ပြောလာတဲ့ Donna Summer

Kanye West ရဲ့ Vultures 1 ထဲကသီချင်းဟာသူမရဲ့သီချင်းကိုခွင့်ပြုချက်မတောင်းဘဲသုံးထားတာဖြစ်တယ်လို့ အဆိုတော်ကြီး Donna Summer ကပြောလာပါတယ်။ Vultures 1 ထဲကသီချင်းတစ်ပုဒ်ဟာ Donna Summer ရဲ့ 1977 ခုနစ်ကသီချင်းဖြစ်တဲ့ I Feel Love ကိုသုံးထားတယ်လို့ စွပ်စွဲပြောဆိုလာခဲ့တာပါ။ Vultures 1 မှာပါဝင်တဲ့ Electro Pop အမျိုးအစား Good (Don’t Die) ဆိုတဲ့သီချင်းဟာ I Feel Love နဲ့လုံးဝကိုတူနေခဲ့တယ်လို့ဆိုပါတယ်။ Kanye West အနေနဲ့ ဒီအယ်လ်ဘမ်ကို Ty Dolla Sign နဲ့ပူး‌ပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။

Good (Don’t Die) သီချင်းထဲမှာပါတဲ့ I am alive I am alive ဆိုတဲ့နေရာဟာ I Feel Love နဲ့သံစဉ်တူနေခဲ့တာဖြစ်ပါတယ်။ “သူက စာ သားတွေပြောင်းပြီးဆိုခဲ့တယ်၊ I Feel Love ကိုတစ်ယောက်ယောက်ပြန်ဆိုတာပဲဖြစ်ဖြစ်၊ AI ကိုဆိုခိုင်းတာပဲဖြစ်ဖြစ်ဘာပဲလုပ်လုပ်ဒါက မူပိုင်ခွင့်ချိုးဖောက်တာပဲနော်” ဆိုပြီး Donna Summer ကပြောလာခဲ့တာဖြစ်ပါတယ်။ I Feel Love သီချင်းဟာ 1977 ခုနစ်က Billboard Hot 100 မှာ နံပါတ် ၆ ချိတ်ခဲ့သလို ဇယားထဲမှာ 23 ပတ်ကြာနေရာယူအောင်မြင်ခဲ့ဖူးတဲ့သီချင်းဖြစ်ပါတယ်။

Ju Ju

zawgyi

Kanye West ရဲ႕ Vultures 1 ထဲကသီခ်င္းဟာသူမရဲ႕သီခ်င္းကိုခြင့္ျပဳခ်က္မေတာင္းဘဲသုံးထားတာျဖစ္တယ္လို႔ အဆိုေတာ္ႀကီး Donna Summer ကေျပာလာပါတယ္။ Vultures 1 ထဲကသီခ်င္းတစ္ပုဒ္ဟာ Donna Summer ရဲ႕ 1977 ခုနစ္ကသီခ်င္းျဖစ္တဲ့ I Feel Love ကိုသုံးထားတယ္လို႔ စြပ္စြဲေျပာဆိုလာခဲ့တာပါ။ Vultures 1 မွာပါဝင္တဲ့ Electro Pop အမ်ိဳးအစား Good (Don’t Die) ဆိုတဲ့သီခ်င္းဟာ I Feel Love နဲ႔လုံးဝကိုတူေနခဲ့တယ္လို႔ဆိုပါတယ္။ Kanye West အေနနဲ႔ ဒီအယ္လ္ဘမ္ကို Ty Dolla Sign နဲ႔ပူး‌ေပါင္းထုတ္လုပ္တာျဖစ္ပါတယ္။

Good (Don’t Die) သီခ်င္းထဲမွာပါတဲ့ I am alive I am alive ဆိုတဲ့ေနရာဟာ I Feel Love နဲ႔သံစဥ္တူေနခဲ့တာျဖစ္ပါတယ္။ “သူက စာ သားေတြေျပာင္းၿပီးဆိုခဲ့တယ္၊ I Feel Love ကိုတစ္ေယာက္ေယာက္ျပန္ဆိုတာပဲျဖစ္ျဖစ္၊ AI ကိုဆိုခိုင္းတာပဲျဖစ္ျဖစ္ဘာပဲလုပ္လုပ္ဒါက မူပိုင္ခြင့္ခ်ိဳးေဖာက္တာပဲေနာ္” ဆိုၿပီး Donna Summer ကေျပာလာခဲ့တာျဖစ္ပါတယ္။ I Feel Love သီခ်င္းဟာ 1977 ခုနစ္က Billboard Hot 100 မွာ နံပါတ္ ၆ ခ်ိတ္ခဲ့သလို ဇယားထဲမွာ 23 ပတ္ၾကာေနရာယူေအာင္ျမင္ခဲ့ဖူးတဲ့သီခ်င္းျဖစ္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*