တပ်ထဲကနေ နှစ်သစ်ကူးအတွက်ဆုတောင်းစာပေးပို့တဲ့ RM

BTS အဖွဲ့ဝင် RM က သူ့ရဲ့ပရိသတ်တွေအတွက် နှစ်သစ်ကူးဆုတောင်းစာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပေးပို့ခဲ့တဲ့ သူ့ရဲ့ဆုတောင်းစာလွှာကို Global Fandom Platform ဖြစ်တဲ့ Weverse ကနေဖော်ပြခဲ့တာပါ။“ဟယ်လို ARMY တို့ရေ… အားလုံးအဆင်ပြေပြေပဲရှိကြတယ်မဟုတ်လား။တပ်ထဲရောက်ပြီးကတည်းက ငါလည်းအဆင်ပြေအောင်အကောင်းဆုံးနေထိုင်နေပါတယ်။ငါလည်းဆန်ကိတ်ဟင်းရည်သောက်တယ်။ ဒီနေ့ကနှစ်သစ်ကူးနေ့ဆိုတော့နားရက်ယူပြီးကောင်းကောင်းဖြတ်ကျော်နေပါတယ်။

အားလုံးနဲ့မဆုံနိုင်ခင် နောက်ထပ်နှစ်သစ်ကူးတစ်ခုကိုဖြတ်သန်းရပြန်ပြီနော်။ငါလည်းအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒီနေရာက မတူညီတဲ့အတွေ့အကြုံတွေ၊သင်ခန်းစာတွေသင်ယူရမယ့်နေရာလို့ ယုံကြည်ထားပါတယ်။ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကျန်းမာအောင်နေပါ။မကောင်းတာတွေထက် ကောင်းတာတွေပဲအများကြီးကြုံလာဖို့ မျှော်လင့်ပါတယ်။ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ”
ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။ RM ဟာ 2023 ခုနစ်၊ ဒီဇင်ဘာလ 10 ရက်နေ့ကစပြီးစစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ထရိန်နင်သင်တန်းသားအနေနဲ့စွမ်းဆောင်ရည်အကောင်းဆုံးဆုကို ရရှိခဲ့သေးတယ်လို့သိရပါတယ်။

Ju Ju

zawgyi

BTS အဖြဲ႕ဝင္ RM က သူ႔ရဲ႕ပရိသတ္ေတြအတြက္ ႏွစ္သစ္ကူးဆုေတာင္းစာေပးပို႔ခဲ့တယ္လို႔သိရပါတယ္။ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာေပးပို႔ခဲ့တဲ့ သူ႔ရဲ႕ဆုေတာင္းစာလႊာကို Global Fandom Platform ျဖစ္တဲ့ Weverse ကေနေဖာ္ျပခဲ့တာပါ။“ဟယ္လို ARMY တို႔ေရ… အားလုံးအဆင္ေျပေျပပဲရွိၾကတယ္မဟုတ္လား။တပ္ထဲေရာက္ၿပီးကတည္းက ငါလည္းအဆင္ေျပေအာင္အေကာင္းဆုံးေနထိုင္ေနပါတယ္။ငါလည္းဆန္ကိတ္ဟင္းရည္ေသာက္တယ္။ ဒီေန႔ကႏွစ္သစ္ကူးေန႔ဆိုေတာ့နားရက္ယူၿပီးေကာင္းေကာင္းျဖတ္ေက်ာ္ေနပါတယ္။

အားလုံးနဲ႔မဆုံႏိုင္ခင္ ေနာက္ထပ္ႏွစ္သစ္ကူးတစ္ခုကိုျဖတ္သန္းရျပန္ၿပီေနာ္။ငါလည္းအေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္။ ဒီေနရာက မတူညီတဲ့အေတြ႕အႀကဳံေတြ၊သင္ခန္းစာေတြသင္ယူရမယ့္ေနရာလို႔ ယုံၾကည္ထားပါတယ္။ဘယ္အခ်ိန္ျဖစ္ျဖစ္၊ ဘယ္ေနရာမွာျဖစ္ျဖစ္ က်န္းမာေအာင္ေနပါ။မေကာင္းတာေတြထက္ ေကာင္းတာေတြပဲအမ်ားႀကီးႀကဳံလာဖို႔ ေမွ်ာ္လင့္ပါတယ္။ေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္ပါေစ”
ဆိုၿပီး ေရးသားထားခဲ့တာျဖစ္ပါတယ္။ RM ဟာ 2023 ခုနစ္၊ ဒီဇင္ဘာလ 10 ရက္ေန႔ကစၿပီးစစ္မႈထမ္းတာဝန္စတင္ခဲ့တာျဖစ္ပါတယ္။ သူဟာ ထရိန္နင္သင္တန္းသားအေနနဲ႔စြမ္းေဆာင္ရည္အေကာင္းဆုံးဆုကို ရရွိခဲ့ေသးတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*