ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အဓိကကျတဲ့လေ့ကျင့်နည်းတစ်ခု (သို့) Journaling

ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ Leadership သင်တန်းတွေတက်တာ၊ စာအုပ်တွေကနေသင်ယူတာ၊ဆွေးနွေးပွဲတွေတက်တာ၊ Leadership Coach တွေငှားတာ စသဖြင့်နည်းလမ်းတွေအများကြီးနဲ့လေ့လာသင်ယူလို့ရပါတယ်။ နည်းလမ်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ရှိကြမှာပါ။ဒါပေမဲ့ ပညာရှင်တွေရဲ့အဆိုအရ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အခြေခံကျပြီးမဖြစ်မနေရှိသင့်တဲ့အချက်တစ်ခုကတော့ တူညီနေတာတွေ့ရပါတယ်။အဲဒါကတော့ Journaling လို့ခေါ်တဲ့နေ့စဉ်ဒိုင်ယာရီရေးခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်ကူးသမျှတွေ၊တွေးမိသမျှတွေ၊ သင်ယူခဲ့ရတဲ့အရာတွေ၊ ရည်မှန်းချက်တွေကို စာမျက်နှာတွေပေါ်ချရေးတာကခေါင်းဆောင်ဖြစ်ချင်သူအတွက် လိုကိုလိုအပ်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့အတွေးတွေကို စာမျက်နှာတွေပေါ်ချရေးပြီး ဖြန့်ကျက်တွေးတာက ပြ ဿနာကိုရှုမြင်ပုံ၊ချဥ်းကပ်ပုံ၊ ချိတ်ဆက်ပုံတွေကို ပိုမိုရှင်းလင်းစေပြီး ဖောက်ထွက်နိုင်တဲ့အဖြေတစ်ခုကိုရရှိစေနိုင်ပါတယ်။ဘယ်လိုပုံစံရေးတဲ့ Journaling ပဲဖြစ်ပါစေ အကျိုးရှိတာမှန်ပေမယ့်ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုတဲ့ အမှုဆောင်အရာရှိတွေသုံးတဲ့ နည်းလမ်းတချို့လည်းရှိပါတယ်။ဒါ့ကြောင့် Leadership Skill ရရှိချင်သူတွေအနေနဲ့အခုမျှဝေပေးမယ့်အချက်တွေကိုအသုံးချကြည့်နိုင်ပါတယ်။

စိတ်ကိုရှင်းလင်းပစ်ခြင်း
ကိုယ့်ခေါင်းထဲမှာရှိနေတဲ့အရာအားလုံးကိုစာရွက်ပေါ်ချရေးပစ်တဲ့နည်းပါ။ ကိုယ့်ရဲ့အတွေးတွေ၊စိတ်ကူးတွေ၊ လုပ်ရမယ်လို့ သတိပေးနေတဲ့အရာတွေအားလုံးကိုချရေးလိုက်ပါ။မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဦးနှောက်ကစဥ်းစားတာတဖြည်းဖြည်းနှေးလာမှာဖြစ်ပါတယ်။
နောက်ထပ်မိနစ်နည်းနည်းအချိန်ပေးပြီးရင်တော့ ခေါင်းကတဖြည်းဖြည်းရှင်းလင်းသွားပြီးကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကိုပဲအာရုံစိုက်ပြီးလုပ်နိုင်သွားမှာဖြစ်ပါတယ်။ကိုယ်ချရေးထားတဲ့စာရင်းကိုကြည့်ပြီးခေါင်းကပေါ့သွားမှာဖြစ်သလို ဒီနည်းနဲ့ပစ္စုပ္ပါန်မှာလုပ်ရမယ့်အလုပ်ကိုပဲ Focus ထားနိုင်ဖို့ရည်ရွယ်ပါတယ်။

ဆုံးဖြတ်ချက်ချခြင်း
ခေါင်းဆောင်တွေအတွက် Decision Making ဟာအရမ်းကိုအရေးကြီးပါတယ်။ အခုနည်းလမ်းမှာတော့ကိုယ့်ရဲ့အနာဂတ်နဲ့ ကိုယ့်ရဲ့ဉာဏ်အလင်းရရှိမှုအတွက်ရည်ရွယ်ပြီး စာရွက်ပေါ်ချရေးမှာဖြစ်ပါတယ်။လက်ရှိတွေ့ရတဲ့အခြေအနေတစ်ခုကို ကိုယ်ဘယ်လိုရှုမြင်လဲ၊ ဘာသ တင်းအချက်အလက်တွေရရှိထားလဲ၊ဒီအချက်အလက်တွေကိုဘယ်လိုခွဲခြမ်းစိတ်ဖြာလဲ၊ ဘာကိုရွေးမလဲ၊ ဘာ့ကြောင့်ရွေးတာလဲ၊ဘယ်လိုရလဒ်ကိုမျှော်လင့်တာလဲ စတဲ့အချက်တွေကိုချရေးရမှာဖြစ်ပါတယ်။ဒါတွေကိုလုပ်ထားခြင်းအားဖြင့် နောင်အနာဂတ်မှာ တူညီတဲ့ပြဿ နာတွေ၊လွဲမှားမှုတွေကိုရှောင်ရှားနိုင်ပြီး ဆုံးဖြတ်ချက်မှားယွင်းတာမျိုးမဖြစ်ရအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဘယ်လိုတွေးတယ်၊ ဘာလုပ်ချင်တယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိရှိနေမှာဖြစ်ပါတယ်။

စိတ်ကူးယဥ်ခြင်း
နောင်အနာဂတ်မှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေကို ဖြစ်နိုင်မဖြစ်နိုင်အကဲမဖြတ်ဘဲအကုန်ချရေးပါ။ အနာဂတ်မှာဖြစ်ချင်တာတွေ၊ လုပ်မယ့်အရာတွေကိုပြတ်ပြတ်သားသားပုံပေါ်လာအောင် ချရေးတာ၊ ပုံဆွဲပြီး ပုံဖော်တာမျိုးတွေကဘာလုပ်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိလာစေပါတယ်။ ဒီလိုချရေးတာက စိတ်ကူး၊ လက်တွေ့နဲ့စွန့်စားခြင်းတွေကြားမှာ ချိန်ညှိတတ်လာစေပါတယ်။ တ ကယ်ထိရောက်တဲ့တန်ဖိုးရှိတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဖြစ်သွားစေပါတယ်။

ပြန်လှန်သုံးသပ်ခြင်း
တစ်ခါတလေမှာ ကိုယ်ကြုံတွေ့ခဲ့ပြီးတဲ့ ဖြစ်ပျက်ခဲ့ပြီးတဲ့အကြောင်းအရာကိုချရေးပြီးတွေးတောတာကပိုပြီးရှင်းလင်းပြတ်သားတဲ့ ပိုကောင်းတဲ့အဖြေတွေကိုပေးစွမ်းပါတယ်။ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးဆင်ခြင်သုံးသပ်လေ့ရှိခြင်းကခေါင်းဆောင်ကောင်းတစ်ယောက်အ တွက်လိုအပ်ပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့စိတ်၊ကိုယ့်ရဲ့အပြုအမူ အကောင်းအဆိုးတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး
ကျေနပ်စရာကောင်းခဲ့ရင်ဂုဏ်ယူနိုင်သလို လိုအပ်သေးတယ်လို့ထင်ရင်လည်း ပြုပြင်ဖို့အတွက်သတိထားရတော့မှာဖြစ်ပါတယ်။

ဘာကိုမှမတွေးတောဘဲချရေးခြင်း
စိတ်တွေရှုပ်ထွေးနေတဲ့အခါ ဒါမှမဟုတ် စဥ်းစားမိတာတွေအရမ်းများပြီးဘာကိုမှအာရုံမစိုက်နိုင်တဲ့အခါမျိုးမှာ ပေါ်လာသမျှတွေကိုချရေးလိုက်တာကနည်းလမ်းကောင်းတစ်ခုပါ။ ဘာကိုမှမတွေးတော၊မစဥ်းစားဘဲနဲ့ စိတ်ထဲပေါ်လာသမျှတွေကိုချရေးပါ။စာလုံးပေါင်းမှားတာ မှန်တာ၊ ကျိုးကြောင်းဆီလျော်မှုရှိတာ မရှိတာတွေကိုမတွေးပါနဲ့။ဒီလိုပေါ်လာသမျှချရေးတာက ကိုယ့်ရဲ့ဦးနှောက်နဲ့စိတ်ကိုရှင်းလင်းစေဖို့၊
တည်ငြိမ်စေဖို့အကောင်းဆုံးနည်းတစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်ငြိမ်သက်သွားပြီလို့ယူဆတဲ့အချိန်ကျမှရေးထားတာတွေထဲက ယူလို့ရနိုင်တာတွေကိုယူပါ။ ဘာမှသုံးမရရင်လည်းကိစ္စမရှိပါဘူး။ အဓိကက ဦးနှောက်နဲ့စိတ်ကိုရှင်းလင်းအောင်လုပ်ဖို့အတွက်ရေးတာပဲဖြစ်ပါတယ်။နေ့စဥ် Journaling ရေးတဲ့အခါမှာ ဒီနည်းလမ်းတွေကိုအသုံးပြုပြီးရေးတာက ကိုယ့်ရဲ့ Leadership Skill အတွက် သေချာပေါက်အထောက်အကူပေးမှာမို့ အသုံးချကြည့်ဖို့တိုက်တွန်းပါရစေ။

Ju Ju

zawgyi

ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာဖို႔ Leadership သင္တန္းေတြတက္တာ၊ စာအုပ္ေတြကေနသင္ယူတာ၊ေဆြးေႏြးပြဲေတြတက္တာ၊ Leadership Coach ေတြငွားတာ စသျဖင့္နည္းလမ္းေတြအမ်ားႀကီးနဲ႔ေလ့လာသင္ယူလို႔ရပါတယ္။ နည္းလမ္းတစ္ခုစီမွာ အားသာခ်က္၊ အားနည္းခ်က္ေတြေတာ့ရွိၾကမွာပါ။ဒါေပမဲ့ ပညာရွင္ေတြရဲ႕အဆိုအရ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာဖို႔ အေျခခံက်ၿပီးမျဖစ္မေနရွိသင့္တဲ့အခ်က္တစ္ခုကေတာ့ တူညီေနတာေတြ႕ရပါတယ္။အဲဒါကေတာ့ Journaling လို႔ေခၚတဲ့ေန႔စဥ္ဒိုင္ယာရီေရးျခင္းျဖစ္ပါတယ္။ ကိုယ္စိတ္ကူးသမွ်ေတြ၊ေတြးမိသမွ်ေတြ၊ သင္ယူခဲ့ရတဲ့အရာေတြ၊ ရည္မွန္းခ်က္ေတြကို စာမ်က္ႏွာေတြေပၚခ်ေရးတာကေခါင္းေဆာင္ျဖစ္ခ်င္သူအတြက္ လိုကိုလိုအပ္တဲ့အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ကိုယ့္ရဲ႕အေတြးေတြကို စာမ်က္ႏွာေတြေပၚခ်ေရးၿပီး ျဖန႔္က်က္ေတြးတာက ျပ ႆနာကိုရႈျမင္ပုံ၊ခ်ဥ္းကပ္ပုံ၊ ခ်ိတ္ဆက္ပုံေတြကို ပိုမိုရွင္းလင္းေစၿပီး ေဖာက္ထြက္ႏိုင္တဲ့အေျဖတစ္ခုကိုရရွိေစႏိုင္ပါတယ္။ဘယ္လိုပုံစံေရးတဲ့ Journaling ပဲျဖစ္ပါေစ အက်ိဳးရွိတာမွန္ေပမယ့္ေခါင္းေဆာင္မႈစြမ္းရည္ကိုျမႇင့္တင္လိုတဲ့ အမႈေဆာင္အရာရွိေတြသုံးတဲ့ နည္းလမ္းတခ်ိဳ႕လည္းရွိပါတယ္။ဒါ့ေၾကာင့္ Leadership Skill ရရွိခ်င္သူေတြအေနနဲ႔အခုမွ်ေဝေပးမယ့္အခ်က္ေတြကိုအသုံးခ်ၾကည့္ႏိုင္ပါတယ္။

စိတ္ကိုရွင္းလင္းပစ္ျခင္း
ကိုယ့္ေခါင္းထဲမွာရွိေနတဲ့အရာအားလုံးကိုစာ႐ြက္ေပၚခ်ေရးပစ္တဲ့နည္းပါ။ ကိုယ့္ရဲ႕အေတြးေတြ၊စိတ္ကူးေတြ၊ လုပ္ရမယ္လို႔ သတိေပးေနတဲ့အရာေတြအားလုံးကိုခ်ေရးလိုက္ပါ။မိနစ္အနည္းငယ္ၾကာတဲ့အခါမွာ ဦးေႏွာက္ကစဥ္းစားတာတျဖည္းျဖည္းေႏွးလာမွာျဖစ္ပါတယ္။
ေနာက္ထပ္မိနစ္နည္းနည္းအခ်ိန္ေပးၿပီးရင္ေတာ့ ေခါင္းကတျဖည္းျဖည္းရွင္းလင္းသြားၿပီးကိုယ္လုပ္ရမယ့္အလုပ္တစ္ခုကိုပဲအာ႐ုံစိုက္ၿပီးလုပ္ႏိုင္သြားမွာျဖစ္ပါတယ္။ကိုယ္ခ်ေရးထားတဲ့စာရင္းကိုၾကည့္ၿပီးေခါင္းကေပါ့သြားမွာျဖစ္သလို ဒီနည္းနဲ႔ပစၥဳပၸါန္မွာလုပ္ရမယ့္အလုပ္ကိုပဲ Focus ထားႏိုင္ဖို႔ရည္႐ြယ္ပါတယ္။

ဆုံးျဖတ္ခ်က္ခ်ျခင္း
ေခါင္းေဆာင္ေတြအတြက္ Decision Making ဟာအရမ္းကိုအေရးႀကီးပါတယ္။ အခုနည္းလမ္းမွာေတာ့ကိုယ့္ရဲ႕အနာဂတ္နဲ႔ ကိုယ့္ရဲ႕ဉာဏ္အလင္းရရွိမႈအတြက္ရည္႐ြယ္ၿပီး စာ႐ြက္ေပၚခ်ေရးမွာျဖစ္ပါတယ္။လက္ရွိေတြ႕ရတဲ့အေျခအေနတစ္ခုကို ကိုယ္ဘယ္လိုရႈျမင္လဲ၊ ဘာသ တင္းအခ်က္အလက္ေတြရရွိထားလဲ၊ဒီအခ်က္အလက္ေတြကိုဘယ္လိုခြဲျခမ္းစိတ္ျဖာလဲ၊ ဘာကိုေ႐ြးမလဲ၊ ဘာ့ေၾကာင့္ေ႐ြးတာလဲ၊ဘယ္လိုရလဒ္ကိုေမွ်ာ္လင့္တာလဲ စတဲ့အခ်က္ေတြကိုခ်ေရးရမွာျဖစ္ပါတယ္။ဒါေတြကိုလုပ္ထားျခင္းအားျဖင့္ ေနာင္အနာဂတ္မွာ တူညီတဲ့ျပႆ နာေတြ၊လြဲမွားမႈေတြကိုေရွာင္ရွားႏိုင္ၿပီး ဆုံးျဖတ္ခ်က္မွားယြင္းတာမ်ိဳးမျဖစ္ရေအာင္ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ္ဘယ္လိုေတြးတယ္၊ ဘာလုပ္ခ်င္တယ္ဆိုတာကိုလည္းရွင္းရွင္းလင္းလင္းသိရွိေနမွာျဖစ္ပါတယ္။

စိတ္ကူးယဥ္ျခင္း
ေနာင္အနာဂတ္မွာ ကိုယ္ျဖစ္ခ်င္တာေတြ၊ ကိုယ္လုပ္ခ်င္တာေတြကို ျဖစ္ႏိုင္မျဖစ္ႏိုင္အကဲမျဖတ္ဘဲအကုန္ခ်ေရးပါ။ အနာဂတ္မွာျဖစ္ခ်င္တာေတြ၊ လုပ္မယ့္အရာေတြကိုျပတ္ျပတ္သားသားပုံေပၚလာေအာင္ ခ်ေရးတာ၊ ပုံဆြဲၿပီး ပုံေဖာ္တာမ်ိဳးေတြကဘာလုပ္ရမယ္ဆိုတာကိုရွင္းရွင္းလင္းလင္းသိလာေစပါတယ္။ ဒီလိုခ်ေရးတာက စိတ္ကူး၊ လက္ေတြ႕နဲ႔စြန္႔စားျခင္းေတြၾကားမွာ ခ်ိန္ညႇိတတ္လာေစပါတယ္။ တ ကယ္ထိေရာက္တဲ့တန္ဖိုးရွိတဲ့လုပ္ငန္းစဥ္ေတြကို လုပ္ျဖစ္သြားေစပါတယ္။

ျပန္လွန္သုံးသပ္ျခင္း
တစ္ခါတေလမွာ ကိုယ္ႀကဳံေတြ႕ခဲ့ၿပီးတဲ့ ျဖစ္ပ်က္ခဲ့ၿပီးတဲ့အေၾကာင္းအရာကိုခ်ေရးၿပီးေတြးေတာတာကပိုၿပီးရွင္းလင္းျပတ္သားတဲ့ ပိုေကာင္းတဲ့အေျဖေတြကိုေပးစြမ္းပါတယ္။ကိုယ့္ကိုယ္ကိုယ္ျပန္ၿပီးဆင္ျခင္သုံးသပ္ေလ့ရွိျခင္းကေခါင္းေဆာင္ေကာင္းတစ္ေယာက္အ တြက္လိုအပ္ပါတယ္။ ျဖစ္ခဲ့ၿပီးတဲ့ကိုယ့္ရဲ႕အေတြး၊ ကိုယ့္ရဲ႕စိတ္၊ကိုယ့္ရဲ႕အျပဳအမူ အေကာင္းအဆိုးေတြကို မွန္မွန္ကန္ကန္သုံးသပ္ၿပီး
ေက်နပ္စရာေကာင္းခဲ့ရင္ဂုဏ္ယူႏိုင္သလို လိုအပ္ေသးတယ္လို႔ထင္ရင္လည္း ျပဳျပင္ဖို႔အတြက္သတိထားရေတာ့မွာျဖစ္ပါတယ္။

ဘာကိုမွမေတြးေတာဘဲခ်ေရးျခင္း
စိတ္ေတြရႈပ္ေထြးေနတဲ့အခါ ဒါမွမဟုတ္ စဥ္းစားမိတာေတြအရမ္းမ်ားၿပီးဘာကိုမွအာ႐ုံမစိုက္ႏိုင္တဲ့အခါမ်ိဳးမွာ ေပၚလာသမွ်ေတြကိုခ်ေရးလိုက္တာကနည္းလမ္းေကာင္းတစ္ခုပါ။ ဘာကိုမွမေတြးေတာ၊မစဥ္းစားဘဲနဲ႔ စိတ္ထဲေပၚလာသမွ်ေတြကိုခ်ေရးပါ။စာလုံးေပါင္းမွားတာ မွန္တာ၊ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိတာ မရွိတာေတြကိုမေတြးပါနဲ႔။ဒီလိုေပၚလာသမွ်ခ်ေရးတာက ကိုယ့္ရဲ႕ဦးေႏွာက္နဲ႔စိတ္ကိုရွင္းလင္းေစဖို႔၊
တည္ၿငိမ္ေစဖို႔အေကာင္းဆုံးနည္းတစ္ခုျဖစ္ပါတယ္။ ကိုယ္တိုင္ၿငိမ္သက္သြားၿပီလို႔ယူဆတဲ့အခ်ိန္က်မွေရးထားတာေတြထဲက ယူလို႔ရႏိုင္တာေတြကိုယူပါ။ ဘာမွသုံးမရရင္လည္းကိစၥမရွိပါဘူး။ အဓိကက ဦးေႏွာက္နဲ႔စိတ္ကိုရွင္းလင္းေအာင္လုပ္ဖို႔အတြက္ေရးတာပဲျဖစ္ပါတယ္။ေန႔စဥ္ Journaling ေရးတဲ့အခါမွာ ဒီနည္းလမ္းေတြကိုအသုံးျပဳၿပီးေရးတာက ကိုယ့္ရဲ႕ Leadership Skill အတြက္ ေသခ်ာေပါက္အေထာက္အကူေပးမွာမို႔ အသုံးခ်ၾကည့္ဖို႔တိုက္တြန္းပါရေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*