ယာဉ်မောင်းလိုင်စင်မရှိတဲ့ မရိုင်းယားကယ်ရီ

November 17, 2023 Aung Khant Mon 0

ခရစ္စမတ်ဘုရင်မလို့နာမည်ရတဲ့ အဆိုတော်မရိုင်းယားကယ်ရီကသူမမှာယာဉ်မောင်းလိုင်စင်မရှိတဲ့အကြောင်း၊ တစ်ယောက်တည်းကားမောင်းပြီးဘယ်ကိုမှသွားလို့မရတဲ့အကြောင်းကို Talk Show မှာဖွင့်ဟခဲ့ပါတယ်။သူမယာဉ်မောင်းလိုင်စင်မရှိရတဲ့အကြောင်းရင်းကို ဂျနီဖာဟတ်ဆန်ကိုပြောပြခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူမက ယာဉ်မောင်းလိုင်စင်ရဖို့ဆိုတာသူမရဲ့ဒီနှစ်ပြည့်ချင်တဲ့ဆုတောင်းတစ်ခုဖြစ်တယ်လို့ဖွင့်ဟခဲ့တာပါ။“ကျွန်မကကားမောင်းတတ်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မရဲ့ယာဉ်မောင်းလိုင်စင်ကသက်တမ်းကုန်နေခဲ့တာ ၇ နှစ်လောက်ရှိပါပြီ။ နယူးယော့ခ်မှာနေတုန်းက သက်တမ်းကျော်သွားခဲ့တာ။အခုတစ်ယောက်ယောက်ကကားမောင်းပြီးမပို့ရင် ကျွန်မဘယ်ကိုမှသွားလို့မရဘူး”လို့ပြောခဲ့တာဖြစ်ပါတယ်။“အခုလိုင်စင်ပြန်ဖြေရင်ကျွန်မ မအောင်မှာကြောက်နေတယ်”လို့ သူမကပြောတာမို့ ဂျနီဖာဟတ်ဆန်က“ငါမင်းနဲ့တူတူရှိပါတယ်” လို့ အားပေးစကားဆိုခဲ့ပါသေးတယ်။မရိုင်းယားကယ်ရီဟာ ဒီဇင်ဘာလမှာ မြောက်အမေရိကရဲ့ မြို့တွေအနှံ့ဖျော်ဖြေဖို့ရှိနေပါတယ်။ All I […]

အလုပ်စဝင်တဲ့နေ့မှာကတည်းက ကိုယ့်ကိုယုံကြည်မှုရှိလာစေဖို့

November 17, 2023 Aung Khant Mon 0

အောင်မြင်တဲ့ Team တစ်ခုရဖို့ ယုံကြည်မှုရှိခြင်းကအခြေခံအုတ်မြစ်တစ်ခုပါ။ ပူးပေါင်းဆောင်ရွက်ခြင်း၊ဆက်သွယ်ပြောဆိုခြင်း၊မှတ် ချက်ပြန်ပေးခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်းတွေဟာခေါင်းဆောင်အပေါ်ယုံကြည်မှုရှိမှတစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိမှအကောင်းဆုံးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ကိုယ်ကခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်စလုပ်ပြီဆိုရင် အလုပ်စဝင်တဲ့နေ့မှာကတည်းကအဖွဲ့သားအားလုံးနဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ဒီလိုယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းလမ်းတွေကဒီမှာပါ။ ပထမခြေလှမ်း – စိတ်ဝင်စားပေးပါ အဖွဲ့ဝင်တစ်ဦးချင်းအပေါ်ကို သင်ကအစစ်အမှန်စိတ်ဝင်စားကြောင်းပြသဖို့လိုပါတယ်။အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ နာမည်၊ နောက်ခံ Background၊ ရာထူး၊ အားသာချက်နဲ့ရည်မှန်းချက်တွေကိုမေးနိုင်ပါတယ်။ သူတို့ကိုအဖွင့်မေးခွန်းတွေမေးပြီးပြန်ဖြေလာသမျှကိုစိတ်ဝင်တစားနားထောင်ပေးလိုက်ပါ။ ကိုယ့်အကြောင်းကိုလည်းပြန်မိတ်ဆက်ပါ။ဒါပေမဲ့သူတို့တစ်ဦးချင်း စကားပြောနှုတ်ဆက်ချိန်နည်းသွားလောက်အောင်အများကြီးပြောပြနေတာမျိုးမလုပ်သင့်ပါဘူး။ ဒုတိယခြေလှမ်း – […]

တရားဝင်ဖျက်သိမ်းလိုက်တဲ့ The Regrettes အဖွဲ့

November 17, 2023 Aung Khant Mon 0

LA Band တစ်ခုဖြစ်တဲ့ The Regrettes အဖွဲ့ဟာ ၈ နှစ်အကြာမှာတရားဝင်ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။ The Regrettes ကို ၂၀၁၅ ခုနစ်ကစတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် Genessa Gariano ၊ Brooke Dickson ၊Lydia Night နဲ့ Drew Thomsen တို့ပါဝင်ပါတယ်။အဖွဲ့ဝင်အားလုံးရဲ့သဘောဆန္ဒနဲ့အဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း […]

အသည်းကွဲသမားလေး Ahn Bo Hyun ရဲ့ဇာတ်လမ်းတွဲအသစ်

November 17, 2023 Aung Khant Mon 0

ဂျီဆိုနဲ့လမ်းခွဲခဲ့ပေမယ့် အလုပ်တွေမအားလပ်အောင်လုပ်နေဆဲဖြစ်တဲ့ Ahn Bo Hyun ကနောက်ထပ်ဇာတ်လမ်းတွဲအသစ်တစ်ခုမှာပါဝင်ထားတယ်လို့သိရပါတယ်။သူနဲ့အတူ Yumi’s Cells ဇာတ်ကားထဲမှာအတူပါဝင်ခဲ့ဖူးတဲ့ Park Ji Hyun ကလည်းလက်ရှိဇာတ်လမ်းတွဲမှာ တွဲဖက်ပါဝင်လာမှာဖြစ်ပါတယ်။ Yumi’s Cells မှာတုန်းကသူတို့နှစ်ဦးဟာ အလုပ်တူတူလုပ်ရင်း သူငယ်ချင်းလိုလို၊ချစ်သူလိုလိုဆက်ဆံရေးမျိုးရှိခဲ့ကြတဲ့ဇာတ်ကောင်စရိုက်တွေမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲကတော့ Flex X Cop လို့နာမည်ရပြီး […]

Presentation မတိုင်ခင်စိတ်လှုပ်ရှားမှုကို အကောင်းဆုံးဖြေရှင်းနည်း

November 17, 2023 Aung Khant Mon 0

Public Speaking ဆိုတာက လူတွေမှာရှိထားသင့်တဲ့တန်ဖိုးရှိတဲ့အရည်အချင်းတစ်ရပ်ပါ။ ဒါပေမဲ့အများစုဟာ လူအများရှေ့ထွက်ဖို့ဆိုရင် စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုကိုရင်ဆိုင်ကြရပါတယ်။ Presentation တစ်ခုခုလုပ်တဲ့အချိန်မှာလည်း ကျွန်မတို့တွေဟာ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု၊စိုးရိမ်မှုတွေကိုခံစားကြရမှာပါ။ ကျွန်မတို့ရဲ့စိတ်ဖိစီးမှုကိုလျှော့ချပြီး ယုံကြည်မှုကိုမြှင့်တင်နိုင်ဖို့အခုဖော်ပြထားတဲ့နည်းလမ်းတွေကို လုပ်ဆောင်ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းတွေကိုကိုယ်တိုင်ပြင်ဆင်လေ့ကျင့်ဖို့တော့လိုပါတယ်။ တကယ်လုပ်ဆောင်မှလည်း တကယ်အကျိုးရှိမှာပါ။ ကိုယ့်ရဲ့ပရိသတ်ကိုသိပါ စိတ်ဖိစီးမှု၊ စိုးရိမ်မှုကိုလျှော့ချပစ်ဖို့အကောင်းဆုံးနည်းကတော့ ကိုယ့်ရဲ့ Presentation ကိုဘယ်သူတွေကနားထောင်မှာလဲဆိုတာကိုသိထားဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ပရိသတ်ရဲ့ […]

တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ ကို လက်ဆောင်ပေးမယ့် Pink

November 16, 2023 Aung Khant Mon 0

တေးရေး၊ တေးဆို Pink အနေနဲ့ ဖလော်ရီဒါတောင်ပိုင်းမှာဖျော်ဖြေနေစဉ်အတွင်းကန့်သတ်တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ လောက်ကိုလက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။ဖလော်ရီဒါပြည်နယ်ဟာ စာအုပ်တွေကိုပိတ်ပင်ရာမှာထိပ်ဆုံးကဦးဆောင်နေပြီး စာအုပ်ပေါင်း ၁၄၀၀ ကျော်လောက်ကို စာအုပ်စင်တွေပေါ်ကနေဖယ်ရှားခဲ့တာဖြစ်ပါတယ်။“ကျွန်မကစာအုပ်ကို လောဘတကြီးဖတ်တဲ့သူပါ။ ကျွန်မကလေးတွေလည်း ဒီအတိုင်းပါပဲ။ကျွန်မကတော့ ဒီစာအုပ်တော့ဖတ်၊ ဒါတော့မဖတ်နဲ့လို့ပြောခံရတာမျိုးကိုတွေးကြည့်လို့တောင်မရနိုင်ဘူး” လို့သူမကပြောဆိုခဲ့တာပါ။ သူမက PEN America ၊ Books & Books […]

ကမ္ဘာအနှံ့က iTunes Chart တွေရဲ့ ထိပ်ဆုံးမှာနေရာယူထားတဲ့ Red Velvet

November 16, 2023 Aung Khant Mon 0

Red Velvet အဖွဲ့ဟာ သူတို့ရဲ့ Comeback သီချင်း Chill Kill နဲ့ iTunes Charts တွေရဲ့ထိပ်ဆုံးမှာနေရာယူထားနိုင်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က Chill Kill ဆိုတဲ့အယ်လ်ဘမ်အသစ်ကိုထုတ်ဝေခဲ့တဲ့ Red Velvet အနေနဲ့အဲဒီတေးအယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ Chill Kill နဲ့ပဲအောင်မြင်မှုတွေပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ Chill […]

အလုပ်အင်တာဗျူးမှာကိုယ့်ဘက်ကပြန်မမေးသင့်တဲ့ မေးခွန်း ၇ ခု

November 16, 2023 Aung Khant Mon 0

ပထမဆုံးအလုပ်အင်တာဗျူးတွေမှာ အလုပ်ရှင်ကိုကိုယ့်ဘက်ကမေးခွန်းတွေပြန်မေးတဲ့အခါသတိထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သောမေးခွန်းတွေဟာကိုယ့်ကိုအထင်သေးစရာဖြစ်သွားစေနိုင်လို့ပါ။ ကိုယ်ကသိချင်စိတ်နဲ့မေးလိုက်ပေမယ့်သူတို့စိတ်ထဲမှာကိုယ်ဟာ အလုပ်ထက်ရပိုင်ခွင့်တွေကိုပဲစိတ်ဝင်စားသူ၊ စူးစမ်းလေ့လာမှုအားနည်းသူ၊သက်သက်သာသာပဲအလုပ်လုပ်ချင်သူလို့ထင်သွားတတ်ကြပါတယ်။ ဒါကြောင့်ပထမဆုံးအင်တာဗျူးမှာဒါတွေမမေးသင့်ပါဘူး။ လစာနဲ့ခံစားခွင့်တွေအကြောင်း ပထမဆုံးအင်တာဗျူးဟာ ကိုယ်နဲ့သူတို့ကုမ္ပဏီအဆင်ပြေမပြေသိနိုင်ဖို့ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေကို စတင်မေးမြန်းအကဲ ဖြတ်တဲ့အင်တာဗျူးဖြစ်ပါတယ်။ဒီလိုပထမဆုံးအင်တာဗျူးမှာ အင်တာဗျူးမေးသူတွေဘက်ကနေ လစာကိစ္စ၊ ခံစားခွင့်ကိစ္စတွေကိုစတင်ပြီးမဆွေးနွေးမချင်း ကိုယ့်ဘက်ကနေအသဲအသန်စမမေးသင့်ပါဘူး။အလုပ်ချိန်ကဘယ်လောက်ထိလဲ၊ အားလပ်ရက်ခရီးတွေရောလိုက်ပို့လားဆိုတာမျိုးတွေကိုလည်းမမေးပါနဲ့နော်။ ဒီမေးခွန်းတွေကို Second Interview ဒါမှမဟုတ် သူတို့ဘက်ကစတင်ဆွေးနွေးလာတော့မှ သေသေချာချာပြန်မေးသင့်ပါတယ်။ […]

၂၀၂၄၊ မေလမှာ ရုံတင်မယ့် Garfield ရုပ်ရှင်ကားသစ်

November 15, 2023 Aung Khant Mon 0

The Garfield Movie ရုပ်ရှင်ဇာတ်ကားသစ်ကို ၂၀၂၄ ခုနစ်၊ မေလမှာ ရုံတင်ပြသမယ်လို့သိရပါတယ်။ Monday တိုင်းကိုမုန်းတဲ့၊ အိမ်မှာပဲခွေနေချင်တဲ့ လိမ္မော်ရောင်ကြောင်တစ်ကောင်ကအခုဆိုရင်နယ်မြေသစ်တွေဆီ စွန့်စားခန်းထွက်ပါတော့မယ်လို့ Sony Picturesကအညွှန်းစာရေးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားအတွက် အသံသရုပ်ဆောင်များအဖြစ် Samuel L.Jackson ၊ Hannah Waddlingham ၊ Brett Goldstein ၊ […]

Reply 1988 အတွဲလေးတကယ်ပြတ်ပါပြီ

November 15, 2023 Aung Khant Mon 0

Reply 1988 ဇာတ်လမ်းတွဲကိုကြည့်သူတိုင်း မင်းသား Ryu Jun Yeol နဲ့ မင်းသမီး Lee Hyeri တို့ကိုတစ်သက်လုံးလက်တွဲသွားစေချင်ကြတာပါ။ ဇာတ်လမ်းတွဲထဲမှာ ချစ်သူတွေမဖြစ်ခဲ့ရပေမယ့်လက်တွေ့ဘဝမှာတော့ချစ်သူတွေအဖြစ်ရှိနေကြတဲ့သူတို့အတွဲကို ပရိသတ်တွေကတောက်လျှောက်ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ချစ်သက်တမ်း ၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့သူတို့စုံတွဲလေးပြတ်စဲသွားပြီဖြစ်ကြောင်း News 1 ကကြေညာခဲ့တာဖြစ်ပါတယ်။ Ryu Jun […]