Album အသစ်မှာပါဝင်မယ့်ဒုတိယသီချင်းတစ်ပုဒ်ကိုထုတ်ပြလိုက်တဲ့ Ariana Grande

ပေါ့ပ်စတားတစ်ယောက်ဖြစ်တဲ့ Ariana Grande အနေနဲ့ သူမရဲ့နောက်ထပ်တေး Album မှာပါဝင်မယ့်သီချင်းသစ်ရဲ့ Teaser ကိုဆိုရှယ်မီဒီယာပေါ်တင်လိုက်ပြီဖြစ်ပါတယ်။သူမရဲ့ခုနစ်ချပ်မြောက်တေး Album ဖြစ်တဲ့ Eternal Sunshine မှာ သီချင်းအပုဒ်ရေ 13 ပုဒ်ပါဝင်မှာဖြစ်ပြီး လက်ရှိအကြိုအနေနဲ့ထွက်ရှိလာတဲ့သီချင်း Teaser ကတော့ We Can’t Be Friends ဖြစ်ပါတယ်။ဒီ Teaser ထဲမှာ သူမကဧည့် ခန်းတစ်ခုမှာထိုင်နေပါတယ်။ လူနာသဘောတူညီချက်ဖောင်တစ်ခုကိုဖတ်ပြီးဘာကိုရွေးချယ်ရမလဲ တွေးဆနေတာကိုတွေ့ရပါတယ်။
ဒီသီချင်းထဲမှာ သူမကလက်မှတ်ထိုးတဲ့အခန်းပါဝင်ပြီး လက်မှတ်နေရာမှာ Peaches လို့ထိုးခဲ့တာတွေ့ရပါတယ်။သူမရဲ့ Album အသစ်အတွက် အကြိုအနေနဲ့ထွက်ရှိလာတဲ့ ပထမသီချင်းကတော့ Yes, And? ဖြစ်ပြီးဒီသီချင်းဟာ Billboard Hot 100 ရဲ့ထိပ်ပိုင်းမှာနေရာယူထားတဲ့သီချင်းလည်းဖြစ်ပါတယ်။ သူမအနေနဲ့ Album အကြိုသီချင်းသစ်တွေထပ်မချပြတော့ဘူးလို့ပြောထားတာတွေ့ရပါတယ်။ Eternal Sunshine ရဲ့နံပါတ် 10 မှာတော့ Ariana Grande ရဲ့အဘွားဖြစ်သူကအမှတ်တရအနေနဲ့သီချင်းပါဝင်သီဆိုပေးထားတယ်လို့သိရပါတယ်။

Ju Ju

zawgyi

ေပါ့ပ္စတားတစ္ေယာက္ျဖစ္တဲ့ Ariana Grande အေနနဲ႔ သူမရဲ႕ေနာက္ထပ္ေတး Album မွာပါဝင္မယ့္သီခ်င္းသစ္ရဲ႕ Teaser ကိုဆိုရွယ္မီဒီယာေပၚတင္လိုက္ၿပီျဖစ္ပါတယ္။သူမရဲ႕ခုနစ္ခ်ပ္ေျမာက္ေတး Album ျဖစ္တဲ့ Eternal Sunshine မွာ သီခ်င္းအပုဒ္ေရ 13 ပုဒ္ပါဝင္မွာျဖစ္ၿပီး လက္ရွိအႀကိဳအေနနဲ႔ထြက္ရွိလာတဲ့သီခ်င္း Teaser ကေတာ့ We Can’t Be Friends ျဖစ္ပါတယ္။ဒီ Teaser ထဲမွာ သူမကဧည့္ ခန္းတစ္ခုမွာထိုင္ေနပါတယ္။ လူနာသေဘာတူညီခ်က္ေဖာင္တစ္ခုကိုဖတ္ၿပီးဘာကိုေ႐ြးခ်ယ္ရမလဲ ေတြးဆေနတာကိုေတြ႕ရပါတယ္။
ဒီသီခ်င္းထဲမွာ သူမကလက္မွတ္ထိုးတဲ့အခန္းပါဝင္ၿပီး လက္မွတ္ေနရာမွာ Peaches လို႔ထိုးခဲ့တာေတြ႕ရပါတယ္။သူမရဲ႕ Album အသစ္အတြက္ အႀကိဳအေနနဲ႔ထြက္ရွိလာတဲ့ ပထမသီခ်င္းကေတာ့ Yes, And? ျဖစ္ၿပီးဒီသီခ်င္းဟာ Billboard Hot 100 ရဲ႕ထိပ္ပိုင္းမွာေနရာယူထားတဲ့သီခ်င္းလည္းျဖစ္ပါတယ္။ သူမအေနနဲ႔ Album အႀကိဳသီခ်င္းသစ္ေတြထပ္မခ်ျပေတာ့ဘူးလို႔ေျပာထားတာေတြ႕ရပါတယ္။ Eternal Sunshine ရဲ႕နံပါတ္ 10 မွာေတာ့ Ariana Grande ရဲ႕အဘြားျဖစ္သူကအမွတ္တရအေနနဲ႔သီခ်င္းပါဝင္သီဆိုေပးထားတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*