လစာညှိနှိုင်းတဲ့နေရာမှာ ဆရာကျနေစေဖို့

အလုပ်သစ်ဝင်ဖို့အတွက် လစာနဲ့အခွင့်အရေးတွေကို ညှိနှိုင်းပြောဆိုရတာက နည်းနည်းတော့စိတ်ညစ်စရာကောင်းတာအမှန်ပါပဲ။ ညှိနှိုင်းရတဲ့အထဲမှာ လစာရော၊ လစာမဟုတ်တဲ့တခြားသောအရာများအတွက်ပါ ပြောဆိုညှိနှိုင်းရတာမို့ အလုပ်သစ်အတွက်ဒီလိုညှိနှိုင်းမှုတွေမလုပ်ခင်ဘာတွေပြင်ဆင်ထားသင့်လဲဆိုတဲ့ အခြေခံကျတဲ့အချက်တွေကိုမျှဝေပေးချင်ပါတယ်နော်။

ကြိုတင်ပြင်ဆင်ပါ
ဘယ်လိုညှိနှိုင်းခြင်းမျိုးမှမလုပ်ခင် ကြိုတင်ပြင်ဆင်ဖို့၊ ကြိုတင်လေ့လာဖို့တွေကအရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ်လျှောက်နေတဲ့အ လုပ်က အိမ်မှာအလုပ်လုပ်ခွင့်ပေးလား၊အလုပ်ပြီးဖို့သာအဓိက ၊အချိန်ကိုညှိနှိုင်းလို့ရတဲ့အလုပ်မျိုးလား ဒါမှမဟုတ် နေ့စဥ်ရုံးတက်၊ရုံးချိန်အတိုင်းလူကရှိနေရမယ်ဆိုတာမျိုးလား ဆိုတာတွေကို ကြိုတင်လေ့လာဖို့တော့လိုပါတယ်။တချို့အလုပ်လျှောက်တဲ့သူတွေက ဒါတွေကိုသေချာမလေ့လာဘဲကိုယ်လိုချင်တာကိုပဲပြောဆိုတတ်တဲ့အလေ့ရှိတာမို့ ညှိနှိုင်းမှုဟာ အဆင်ပြေလေ့မရှိကြပါဘူး။ဒါ့ကြောင့် Company Culture ကိုမေးပါ၊ ဝန်ထမ်းတွေရုံးမှာဘယ်လောက်ကြာနေရလေ့ရှိလဲဆိုတာမေးပါ၊အလုပ်ချိန် ညှိပြီးလုပ်နိုင်လားဆိုတာလေးတွေအရင်မေးပြီးမှ ပြောဆိုညှိနှိုင်းသင့်ပါတယ်။

ခက်ခဲတဲ့မေးခွန်းမျိုးတွေလည်းကြုံရနိုင်တာသိထားပါ
အလုပ်ခန့်မယ့်မန်နေဂျာက ကိုယ့်ကိုခက်ခဲတဲ့မေးခွန်းတွေမေးလာနိုင်တာသေချာပါတယ်။“အရင်အလုပ်ကထွက်ပြီး ဒီအလုပ်မလျှောက်ခင် ဘာမှမလုပ်ဘဲနေခဲ့သေးတယ်နော်၊ အဲဒီအချိန်တွေကိုဘာတွေလုပ်ဖြစ်လဲ၊ ကလေးထိန်းနေခဲ့ရတာဆိုတော့ အလုပ်ပြန်လုပ်တဲ့အခါအဆင်ပြေပါ့မလား”စတာမျိုးတွေလည်း မေးလာနိုင်ပါတယ်။ ဒါမျိုးဆိုရင်တော့ ကိုယ်ကအချိန်ခဏယူပြီး Skills ဖြည့်နေခဲ့တာတွေ ဒါမှမဟုတ် ကလေးထိန်းနေရတဲ့မိဘဆိုရင်လည်းလုပ်ငန်းခွင်ဆီသယ်ဆောင်လာနိုင်တဲ့ ကျွမ်းကျင်မှု Skills တွေကိုအသားပေးပြီးဖြေဆိုတာမျိုးလုပ်နိုင်ပါတယ်။ အဓိကက ဖြေရခက်တဲ့မေးခွန်းမျိုးတွေကြုံလာနိုင်တယ်ဆိုတာကို သိထားဖို့ပါပဲ။

လစာငွေနဲ့မပတ်သက်တဲ့တခြားသောအရာတွေကိုလည်းသတိရပါ
လစာငွေနဲ့မပတ်သက်ဘဲ တခြားသောညှိနှိုင်းစရာတွေအများကြီးရှိနေပါသေးတယ်။ဘယ်ရက်အလုပ်စရမလဲ၊ ရာထူးအတိအကျကဘာပေးမှာလဲ၊ ကော်မရှင်ခံစားခွင့်ရာခိုင်နှုန်းရှိလား၊အလုပ်နဲ့ပတ်သက်တဲ့ခရီးမျိုးဆိုဘာတွေပေးမှာလဲ၊ ခရီးစရိတ်ပေးလား၊ အလုပ်ကပြောင်း  ရွှေ့ပြီးအလုပ်လုပ်ရတာမျိုးဆို ပြောင်းရွှေ့ခတွေပေးလား၊ ဖုန်းဘေလ်ပေးလား၊ ဝန်ထမ်းအနေနဲ့ကုမ္ပဏီရဲ့ထုတ်ကုန်တွေကိုဝယ်ရင် လျှော့စျေးရမှာလား၊ အဆင်ပြေတဲ့နေရာကနေအလုပ်လုပ်လို့ရနိုင်မလား၊ လုပ်ငန်းခွင်မှာဝန်ထမ်းတစ်ယောက်ကိုပေးတဲ့ နေရာအကျယ်အဝန်းကဘယ်လောက်ရှိမလဲ၊ ခွင့်ရက်တွေက ဘယ်လိုပေးလဲ၊ Bonus ရှိလားစတဲ့အချက်တွေဟာလည်းမေးမြန်းညှိနှိုင်းသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

အားလုံးကညှိနှိုင်းလို့ရတယ်ဆိုတာသတိရပါ
ကိုယ့်ရဲ့ညှိနှိုင်းချက်တွေကြောင့်များ အလုပ်ကြီးတစ်ခုကိုဆုံးရှုံးရလေမလားလို့တွေးပြီးတချို့ကကြိတ်မှိတ်နေတတ်ကြပါတယ်။ တကယ်ကညှိနှိုင်းတယ်ဆိုတာရေရှည်မှာသူ့ဘက်ကိုယ့်ဘက်အဆင်ပြေအောင် လုပ်ကိုလုပ်ရမယ့်အရာမို့ညှိနှိုင်းဖို့ကိုမတွန့်ဆုတ်သင့်ပါဘူး။ ဖြစ်သင့်တာကိုညှိနှိုင်းခြင်းက သင့်ကို Smart ဖြစ်စေပါတယ်။ဒါ့ကြောင့် ကိုယ့်ဘက်ကတရားလွန်မဟုတ်တဲ့ တောင်းဆိုညှိနှိုင်းခြင်းတွေအ တွက်ဘယ်တော့မှတွန့်ဆုတ်မနေသင့်ပါဘူး။အားလုံးပဲပြောဆိုညှိနှိုင်းတတ်ခြင်းနဲ့အတူ ထိုက်တန်တဲ့လစာ၊ ရသင့်တဲ့အခွင့်အရေးတွေရနိုင်ကြစေဖို့မျှော်လင့်ပါတယ်နော်။

Ju Ju

zawgyi

အလုပ္သစ္ဝင္ဖို႔အတြက္ လစာနဲ႔အခြင့္အေရးေတြကို ညႇိႏႈိင္းေျပာဆိုရတာက နည္းနည္းေတာ့စိတ္ညစ္စရာေကာင္းတာအမွန္ပါပဲ။ ညႇိႏႈိင္းရတဲ့အထဲမွာ လစာေရာ၊ လစာမဟုတ္တဲ့တျခားေသာအရာမ်ားအတြက္ပါ ေျပာဆိုညႇိႏႈိင္းရတာမို႔ အလုပ္သစ္အတြက္ဒီလိုညႇိႏႈိင္းမႈေတြမလုပ္ခင္ဘာေတြျပင္ဆင္ထားသင့္လဲဆိုတဲ့ အေျခခံက်တဲ့အခ်က္ေတြကိုမွ်ေဝေပးခ်င္ပါတယ္ေနာ္။

ႀကိဳတင္ျပင္ဆင္ပါ
ဘယ္လိုညႇိႏႈိင္းျခင္းမ်ိဳးမွမလုပ္ခင္ ႀကိဳတင္ျပင္ဆင္ဖို႔၊ ႀကိဳတင္ေလ့လာဖို႔ေတြကအေရးအႀကီးဆုံးျဖစ္ပါတယ္။ ကိုယ္ေလွ်ာက္ေနတဲ့အ လုပ္က အိမ္မွာအလုပ္လုပ္ခြင့္ေပးလား၊အလုပ္ၿပီးဖို႔သာအဓိက ၊အခ်ိန္ကိုညႇိႏႈိင္းလို႔ရတဲ့အလုပ္မ်ိဳးလား ဒါမွမဟုတ္ ေန႔စဥ္႐ုံးတက္၊႐ုံးခ်ိန္အတိုင္းလူကရွိေနရမယ္ဆိုတာမ်ိဳးလား ဆိုတာေတြကို ႀကိဳတင္ေလ့လာဖို႔ေတာ့လိုပါတယ္။တခ်ိဳ႕အလုပ္ေလွ်ာက္တဲ့သူေတြက ဒါေတြကိုေသခ်ာမေလ့လာဘဲကိုယ္လိုခ်င္တာကိုပဲေျပာဆိုတတ္တဲ့အေလ့ရွိတာမို႔ ညႇိႏႈိင္းမႈဟာ အဆင္ေျပေလ့မရွိၾကပါဘူး။ဒါ့ေၾကာင့္ Company Culture ကိုေမးပါ၊ ဝန္ထမ္းေတြ႐ုံးမွာဘယ္ေလာက္ၾကာေနရေလ့ရွိလဲဆိုတာေမးပါ၊အလုပ္ခ်ိန္ ညႇိၿပီးလုပ္ႏိုင္လားဆိုတာေလးေတြအရင္ေမးၿပီးမွ ေျပာဆိုညႇိႏႈိင္းသင့္ပါတယ္။

ခက္ခဲတဲ့ေမးခြန္းမ်ိဳးေတြလည္းႀကဳံရႏိုင္တာသိထားပါ
အလုပ္ခန႔္မယ့္မန္ေနဂ်ာက ကိုယ့္ကိုခက္ခဲတဲ့ေမးခြန္းေတြေမးလာႏိုင္တာေသခ်ာပါတယ္။“အရင္အလုပ္ကထြက္ၿပီး ဒီအလုပ္မေလွ်ာက္ခင္ ဘာမွမလုပ္ဘဲေနခဲ့ေသးတယ္ေနာ္၊ အဲဒီအခ်ိန္ေတြကိုဘာေတြလုပ္ျဖစ္လဲ၊ ကေလးထိန္းေနခဲ့ရတာဆိုေတာ့ အလုပ္ျပန္လုပ္တဲ့အခါအဆင္ေျပပါ့မလား”စတာမ်ိဳးေတြလည္း ေမးလာႏိုင္ပါတယ္။ ဒါမ်ိဳးဆိုရင္ေတာ့ ကိုယ္ကအခ်ိန္ခဏယူၿပီး Skills ျဖည့္ေနခဲ့တာေတြ ဒါမွမဟုတ္ ကေလးထိန္းေနရတဲ့မိဘဆိုရင္လည္းလုပ္ငန္းခြင္ဆီသယ္ေဆာင္လာႏိုင္တဲ့ ကြၽမ္းက်င္မႈ Skills ေတြကိုအသားေပးၿပီးေျဖဆိုတာမ်ိဳးလုပ္ႏိုင္ပါတယ္။ အဓိကက ေျဖရခက္တဲ့ေမးခြန္းမ်ိဳးေတြႀကဳံလာႏိုင္တယ္ဆိုတာကို သိထားဖို႔ပါပဲ။

လစာေငြနဲ႔မပတ္သက္တဲ့တျခားေသာအရာေတြကိုလည္းသတိရပါ
လစာေငြနဲ႔မပတ္သက္ဘဲ တျခားေသာညႇိႏႈိင္းစရာေတြအမ်ားႀကီးရွိေနပါေသးတယ္။ဘယ္ရက္အလုပ္စရမလဲ၊ ရာထူးအတိအက်ကဘာေပးမွာလဲ၊ ေကာ္မရွင္ခံစားခြင့္ရာခိုင္ႏႈန္းရွိလား၊အလုပ္နဲ႔ပတ္သက္တဲ့ခရီးမ်ိဳးဆိုဘာေတြေပးမွာလဲ၊ ခရီးစရိတ္ေပးလား၊ အလုပ္ကေျပာင္း  ေ႐ႊ႕ၿပီးအလုပ္လုပ္ရတာမ်ိဳးဆို ေျပာင္းေ႐ႊ႕ခေတြေပးလား၊ ဖုန္းေဘလ္ေပးလား၊ ဝန္ထမ္းအေနနဲ႔ကုမၸဏီရဲ႕ထုတ္ကုန္ေတြကိုဝယ္ရင္ ေလွ်ာ့ေစ်းရမွာလား၊ အဆင္ေျပတဲ့ေနရာကေနအလုပ္လုပ္လို႔ရႏိုင္မလား၊ လုပ္ငန္းခြင္မွာဝန္ထမ္းတစ္ေယာက္ကိုေပးတဲ့ ေနရာအက်ယ္အဝန္းကဘယ္ေလာက္ရွိမလဲ၊ ခြင့္ရက္ေတြက ဘယ္လိုေပးလဲ၊ Bonus ရွိလားစတဲ့အခ်က္ေတြဟာလည္းေမးျမန္းညႇိႏႈိင္းသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

အားလုံးကညႇိႏႈိင္းလို႔ရတယ္ဆိုတာသတိရပါ
ကိုယ့္ရဲ႕ညႇိႏႈိင္းခ်က္ေတြေၾကာင့္မ်ား အလုပ္ႀကီးတစ္ခုကိုဆုံးရႈံးရေလမလားလို႔ေတြးၿပီးတခ်ိဳ႕ကႀကိတ္မွိတ္ေနတတ္ၾကပါတယ္။ တကယ္ကညႇိႏႈိင္းတယ္ဆိုတာေရရွည္မွာသူ႔ဘက္ကိုယ့္ဘက္အဆင္ေျပေအာင္ လုပ္ကိုလုပ္ရမယ့္အရာမို႔ညႇိႏႈိင္းဖို႔ကိုမတြန႔္ဆုတ္သင့္ပါဘူး။ ျဖစ္သင့္တာကိုညႇိႏႈိင္းျခင္းက သင့္ကို Smart ျဖစ္ေစပါတယ္။ဒါ့ေၾကာင့္ ကိုယ့္ဘက္ကတရားလြန္မဟုတ္တဲ့ ေတာင္းဆိုညႇိႏႈိင္းျခင္းေတြအ တြက္ဘယ္ေတာ့မွတြန႔္ဆုတ္မေနသင့္ပါဘူး။အားလုံးပဲေျပာဆိုညႇိႏႈိင္းတတ္ျခင္းနဲ႔အတူ ထိုက္တန္တဲ့လစာ၊ ရသင့္တဲ့အခြင့္အေရးေတြရႏိုင္ၾကေစဖို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*