ရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့လက်ထပ်တော့မယ့်ကင်မ်ဘိုရာ

ကလေးသရုပ်ဆောင်အဖြစ်နဲ့ဇာတ်ကားတွေအများကြီးရိုက်ခဲ့ပြီး Sky Castle ဇာတ်လမ်းတွဲနဲ့လူတွေပိုသိလာတဲ့မင်းသမီးလေး ကင်မ်ဘိုရာက မကြာခင်မှာရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့လက်ထပ်တော့မယ်လို့ သိရပါတယ်။ဒီသတင်းကိုသူမရဲ့အေဂျင်စီဖြစ်တဲ့ Noon Company ကအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကင်မ်ဘိုရာဟာ ရုပ်ရှင်ဒါရိုက်တာ Jo Bareun နဲ့ ဇွန်လထဲမှာလက်ထပ်ပွဲဆင်နွှဲတော့မယ်လို့ မတ်လ 5 ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ခင်ပွန်လောင်းဟာ ကင်မ်ဘိုရာထက် 6 နှစ်ကြီးသူဖြစ်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အိမ်ထောင်ပြုဖို့အထိရှေ့ဆက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Jo Bareun ဟာလန်ဒန်တက္ကသိုလ်ကနေဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ရုပ်ရှင်ဘက်မှာလည်း သူ့ရဲ့ Talent ကို
အားလုံးကအသိအမှတ်ပြုကြရတယ်လို့ဆိုပါတယ်။ သူဟာဒါရိုက်တာအဖြစ်ထူးချွန်ဆုတွေပိုင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး Ghost Mansion ဇာတ်လမ်းတွဲ၊ Gang နဲ့ Slate စတဲ့ဇာတ်ကားတွေကိုရိုက်ကူးခဲ့သူဖြစ်ပါတယ်။

Ju Ju

zawgyi

ကေလးသ႐ုပ္ေဆာင္အျဖစ္နဲ႔ဇာတ္ကားေတြအမ်ားႀကီး႐ိုက္ခဲ့ၿပီး Sky Castle ဇာတ္လမ္းတြဲနဲ႔လူေတြပိုသိလာတဲ့မင္းသမီးေလး ကင္မ္ဘိုရာက မၾကာခင္မွာ႐ုပ္ရွင္ဒါ႐ိုက္တာတစ္ေယာက္နဲ႔လက္ထပ္ေတာ့မယ္လို႔ သိရပါတယ္။ဒီသတင္းကိုသူမရဲ႕ေအဂ်င္စီျဖစ္တဲ့ Noon Company ကအတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ကင္မ္ဘိုရာဟာ ႐ုပ္ရွင္ဒါ႐ိုက္တာ Jo Bareun နဲ႔ ဇြန္လထဲမွာလက္ထပ္ပြဲဆင္ႏႊဲေတာ့မယ္လို႔ မတ္လ 5 ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ခင္ပြန္ေလာင္းဟာ ကင္မ္ဘိုရာထက္ 6 ႏွစ္ႀကီးသူျဖစ္ၿပီး ခိုင္မာတဲ့ဆုံးျဖတ္ခ်က္နဲ႔အိမ္ေထာင္ျပဳဖို႔အထိေရွ႕ဆက္ခဲ့ၾကတာျဖစ္တယ္လို႔ဆိုပါတယ္။ ႐ုပ္ရွင္ဒါ႐ိုက္တာ Jo Bareun ဟာလန္ဒန္တကၠသိုလ္ကေနဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။ ႐ုပ္ရွင္ဘက္မွာလည္း သူ႔ရဲ႕ Talent ကို
အားလုံးကအသိအမွတ္ျပဳၾကရတယ္လို႔ဆိုပါတယ္။ သူဟာဒါ႐ိုက္တာအျဖစ္ထူးခြၽန္ဆုေတြပိုင္ဆိုင္ခဲ့ဖူးသူျဖစ္ၿပီး Ghost Mansion ဇာတ္လမ္းတြဲ၊ Gang နဲ႔ Slate စတဲ့ဇာတ္ကားေတြကို႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*