BRIT Awards ဆုပေးပွဲမှာ Best Pop Act ဆုကိုဆွတ်ခူးသွားပြန်တဲ့ Dua Lipa

British Phonographic Industry (BPI) ကကြီးမှူးတဲ့ Brit Awards ဆုပေးပွဲဟာ အခုဆိုရင် 44 ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ British Artist of The Year နဲ့ International Artist of The Year လို့ခွဲထားပြီး ဆုပေါင်း 5 ဆုမှ 10 ဆုအထိချီးမြှင့်လေ့ရှိတာဖြစ်ပါတယ်။ Dua Lipa က ဒီပွဲမှာ Best Pop Act ဆုကိုဆွတ်ခူးခဲ့တာဖြစ်ပြီး သူမကအခမ်းအနားမှာ Training Season သီချင်းနဲ့ဖျော်ဖြေခဲ့တာတွေ့ရပါတယ်။ သူမဟာ British Artist of The Year ဆုအတွက်ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် ဆုကိုတော့ Raye ကဆွတ်ခူးသွားခဲ့တာပါ။

International Artist of The Year ဆုကိုတော့ SZA ကဆွတ်ခူးခဲ့ပြီး Best International Song ဆုကို မိုင်လေဆိုင်းရပ်စ်ရဲ့ Flowers
ကရရှိခဲ့တာတွေ့ရပါတယ်။ Dua Lipa ဟာ ယခုတစ်ကြိမ်နဲ့ဆိုရင် Brit Awards (၇) ဆုကိုပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။ သူမက “ကျွန်မဒီနေရာမှာရှိနေနိုင်တာဟာ ကျွန်မရဲ့ Fans တွေကြောင့်ပါ။ ဒါ့ကြောင့် ကျွန်မကို Vote ပေးခဲ့တဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ ဒီဆုကိုရတဲ့အတွက် ကျွန်မလုပ်နိုင်တယ်ဆိုတဲ့ Confidence ကိုလည်းရလာတယ်” လို့ပြောခဲ့ပြီး သူမရဲ့မိသားစု၊ တေးထုတ်လုပ်ရေးနဲ့ သူမရဲ့ Team တစ်ခုလုံးကိုပါကျေးဇူးတင်စကားဆိုခဲ့တာတွေ့ရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*