Corporate Career တစ်ခုကိုမစတင်ခင်ဘာတွေသိထားသင့်လဲ

သင့်ကိုဘယ်သူကမှအသေးစိတ်တကူးတကပြောပြမှာမဟုတ်တဲ့ အချက်လေးတွေထဲမှာ Corporateလောကမှာ အလုပ်တစ်ခုစလုပ်ရင်ကြုံရနိုင်ခြေရှိတဲ့အချက်တွေလည်းပါဝင်ပါတယ်။ဒါတွေကိုစောစောသိခဲ့ရင်ကောင်းမှာပဲဆိုပြီး နောင်တမရရလေအောင် အခုဖော်ပြမယ့်အချက်တွေကိုကြိုတင်ဖတ်ရှုူထားနိုင်ပါပြီ။

အတင်းပြောတာလေးတွေကြုံရနိုင်တယ်
ဒါတွေကတော့ အလုပ်တိုင်းလိုလိုမှာအနည်းနဲ့အများတော့ရှိကြပါတယ်။ Corporateလုပ်ငန်းခွင်တွေမှာလည်းဒီလိုပါပဲ၊ လူတိုင်းက Gossip ကိုစိတ်ဝင်စားကြပြီးဒီလိုအတင်းအဖျင်းပြောမိတဲ့အထဲမှာ ကိုယ်မပါအောင်၊ ပညာသားပါပါနဲ့ရှောင်ထွက်နိုင်အောင်၊လာပြောသမျှကို မှတ်ချက်တစ်ခုခုပေးမိတာမျိုးမဖြစ်ရအောင် ရှောင်ရှားရမှာဖြစ်ပါတယ်။

Lunch အချိန်ကိုအလေးထားပါ
လုပ်ငန်းခွင်တွေတိုင်းမှာနေ့လယ်စာထမင်းစားချိန်ဟာလူမှုဆက်ဆံရေးကိုတည်ဆောက်တဲ့အချိန်ဖြစ်ပါတယ်။ ထမင်းစားရင်းစကားစ မြည်ပြောမယ်၊ အလုပ်နဲ့မပတ်သက်တာလေးတွေပြောကြမယ်၊ကိုယ့်အကြိုက်ကိုယ့်ဝါသနာလေးတွေပြောမယ် စတဲ့အချက်တွေရှိတာမို့ Lunch အချိန်ကိုအလေးထားသင့်ပါတယ်။ တစ်ယောက်တည်းဘာမှမစားဘဲနေတာမျိုး၊အလုပ်တွေဖိလုပ်နေတာမျိုးက ရေရှည်မှာကိုယ့်ကိုလုပ်ဖော်ကိုင်ဖက်တွေနဲ့နည်းနည်းစိမ်းသွားစေနိုင်ပါတယ်။

ချွေတာတတ်ဖို့လိုပါတယ်
ရုံးကနေ့လယ်စာမကျွေးဘူးဆိုရင် ကိုယ်ကလည်းထမင်းဗူးပြင်ဆင်လာတာမျိုးမရှိဘူးဆိုရင်နေ့လယ်စာဝယ်စားတာနဲ့တင် ငွေအဖတ်မတင်ဘဲဖြစ်တတ်ပါတယ်။ ထမင်းစရိတ်၊ မုန့်စရိတ်ဟာသတိမထားမိဘဲ ကုန်သွားတတ်တာမို့ လအစမှာကတည်းကတစ်နေ့မှာထမင်းဖိုး၊
မုန့်ဖိုးဘယ်လောက်သုံးမလဲဆိုတာ သတ်မှတ်ပြီးစည်းကမ်းတကျသုံးနိုင်ဖို့လိုပါတယ်။အဲလိုမဟုတ်ရင်တော့ ကော်ဖီဖိုး၊ မုန့်ဖိုးနဲ့တင်လစာမစုမိဘဲ ဖြစ်တတ်ပါတယ်။

လုပ်ငန်းခွင်ထဲကသူငယ်ချင်းဆိုတာတကယ့်သူငယ်ချင်းမဟုတ်ပါ
အလုပ်မှာတွေ့လာရတဲ့သူငယ်ချင်းဆိုတာငယ်ငယ်ကကျောင်းမှာတွေ့ရတဲ့သူငယ်ချင်းနဲ့တူမှာမဟုတ်ပါဘူး။ ခင်မင်တယ်ဆိုပေမယ့်ကိုယ့်အမှားအတွက်သည်းခံမှာမဟုတ်သလို အချိန်မရွေးကိုယ့်ပြိုင်ဖက်လည်း ဖြစ်လာနိုင်ပါတယ်။အဓိကသိထားရမှာက ကျောင်းတုန်းကသူ ငယ်ချင်းလို စိတ်ဆိုးစိတ်ကောက်တာမျိုးလုပ်လို့မရသလိုကိုယ့်အမှားနဲ့ကိုယ့်ရဲ့တာဝန်ပျက်ကွက်မှုကို ဘယ်လိုမှသည်းခံပေးမှာမဟုတ်ဘူးဆိုတာပါပဲ။ကိုယ်အလုပ်ကနေထွက်သွားချိန်မှာလည်း အလုပ်ကလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနဲ့သူငယ်ချင်းဇာတ်လမ်းတစ်ခန်းရပ်သွားနိုင်ပါတယ်။

ဒါလေးတွေကတော့ ဘယ်သူမှကိုယ့်ကိုတကူးတကပြောပြမှာမဟုတ်တဲ့အချက်လေးတွေပါ။အရေးမကြီးဘူးလို့ထင်ရပေမယ့် သတိမထားပြန်ရင်စိတ်ညစ်စရာတွေကြုံရနိုင်တာမို့ဒီသတိပေးချက်လေးတွေက အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

Ju Ju

zawgyi

သင့္ကိုဘယ္သူကမွအေသးစိတ္တကူးတကေျပာျပမွာမဟုတ္တဲ့ အခ်က္ေလးေတြထဲမွာ Corporateေလာကမွာ အလုပ္တစ္ခုစလုပ္ရင္ႀကဳံရႏိုင္ေျခရွိတဲ့အခ်က္ေတြလည္းပါဝင္ပါတယ္။ဒါေတြကိုေစာေစာသိခဲ့ရင္ေကာင္းမွာပဲဆိုၿပီး ေနာင္တမရရေလေအာင္ အခုေဖာ္ျပမယ့္အခ်က္ေတြကိုႀကိဳတင္ဖတ္ရႈူထားႏိုင္ပါၿပီ။

အတင္းေျပာတာေလးေတြႀကဳံရႏိုင္တယ္
ဒါေတြကေတာ့ အလုပ္တိုင္းလိုလိုမွာအနည္းနဲ႔အမ်ားေတာ့ရွိၾကပါတယ္။ Corporateလုပ္ငန္းခြင္ေတြမွာလည္းဒီလိုပါပဲ၊ လူတိုင္းက Gossip ကိုစိတ္ဝင္စားၾကၿပီးဒီလိုအတင္းအဖ်င္းေျပာမိတဲ့အထဲမွာ ကိုယ္မပါေအာင္၊ ပညာသားပါပါနဲ႔ေရွာင္ထြက္ႏိုင္ေအာင္၊လာေျပာသမွ်ကို မွတ္ခ်က္တစ္ခုခုေပးမိတာမ်ိဳးမျဖစ္ရေအာင္ ေရွာင္ရွားရမွာျဖစ္ပါတယ္။

Lunch အခ်ိန္ကိုအေလးထားပါ
လုပ္ငန္းခြင္ေတြတိုင္းမွာေန႔လယ္စာထမင္းစားခ်ိန္ဟာလူမႈဆက္ဆံေရးကိုတည္ေဆာက္တဲ့အခ်ိန္ျဖစ္ပါတယ္။ ထမင္းစားရင္းစကားစ ျမည္ေျပာမယ္၊ အလုပ္နဲ႔မပတ္သက္တာေလးေတြေျပာၾကမယ္၊ကိုယ့္အႀကိဳက္ကိုယ့္ဝါသနာေလးေတြေျပာမယ္ စတဲ့အခ်က္ေတြရွိတာမို႔ Lunch အခ်ိန္ကိုအေလးထားသင့္ပါတယ္။ တစ္ေယာက္တည္းဘာမွမစားဘဲေနတာမ်ိဳး၊အလုပ္ေတြဖိလုပ္ေနတာမ်ိဳးက ေရရွည္မွာကိုယ့္ကိုလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔နည္းနည္းစိမ္းသြားေစႏိုင္ပါတယ္။

ေခြၽတာတတ္ဖို႔လိုပါတယ္
႐ုံးကေန႔လယ္စာမေကြၽးဘူးဆိုရင္ ကိုယ္ကလည္းထမင္းဗူးျပင္ဆင္လာတာမ်ိဳးမရွိဘူးဆိုရင္ေန႔လယ္စာဝယ္စားတာနဲ႔တင္ ေငြအဖတ္မတင္ဘဲျဖစ္တတ္ပါတယ္။ ထမင္းစရိတ္၊ မုန႔္စရိတ္ဟာသတိမထားမိဘဲ ကုန္သြားတတ္တာမို႔ လအစမွာကတည္းကတစ္ေန႔မွာထမင္းဖိုး၊
မုန႔္ဖိုးဘယ္ေလာက္သုံးမလဲဆိုတာ သတ္မွတ္ၿပီးစည္းကမ္းတက်သုံးႏိုင္ဖို႔လိုပါတယ္။အဲလိုမဟုတ္ရင္ေတာ့ ေကာ္ဖီဖိုး၊ မုန႔္ဖိုးနဲ႔တင္လစာမစုမိဘဲ ျဖစ္တတ္ပါတယ္။

လုပ္ငန္းခြင္ထဲကသူငယ္ခ်င္းဆိုတာတကယ့္သူငယ္ခ်င္းမဟုတ္ပါ
အလုပ္မွာေတြ႕လာရတဲ့သူငယ္ခ်င္းဆိုတာငယ္ငယ္ကေက်ာင္းမွာေတြ႕ရတဲ့သူငယ္ခ်င္းနဲ႔တူမွာမဟုတ္ပါဘူး။ ခင္မင္တယ္ဆိုေပမယ့္ကိုယ့္အမွားအတြက္သည္းခံမွာမဟုတ္သလို အခ်ိန္မေ႐ြးကိုယ့္ၿပိဳင္ဖက္လည္း ျဖစ္လာႏိုင္ပါတယ္။အဓိကသိထားရမွာက ေက်ာင္းတုန္းကသူ ငယ္ခ်င္းလို စိတ္ဆိုးစိတ္ေကာက္တာမ်ိဳးလုပ္လို႔မရသလိုကိုယ့္အမွားနဲ႔ကိုယ့္ရဲ႕တာဝန္ပ်က္ကြက္မႈကို ဘယ္လိုမွသည္းခံေပးမွာမဟုတ္ဘူးဆိုတာပါပဲ။ကိုယ္အလုပ္ကေနထြက္သြားခ်ိန္မွာလည္း အလုပ္ကလုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းနဲ႔သူငယ္ခ်င္းဇာတ္လမ္းတစ္ခန္းရပ္သြားႏိုင္ပါတယ္။

ဒါေလးေတြကေတာ့ ဘယ္သူမွကိုယ့္ကိုတကူးတကေျပာျပမွာမဟုတ္တဲ့အခ်က္ေလးေတြပါ။အေရးမႀကီးဘူးလို႔ထင္ရေပမယ့္ သတိမထားျပန္ရင္စိတ္ညစ္စရာေတြႀကဳံရႏိုင္တာမို႔ဒီသတိေပးခ်က္ေလးေတြက အသုံးဝင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*