ချစ်သူ IU ရဲ့ဖျော်ဖြေပွဲကိုလာအားပေးတဲ့ မင်းသားလီဂျုံဆော့

မင်းသားလီဂျုံဆော့ဟာ လူသိရှင်ကြားထုတ်ဖော်အသိပေးထားတဲ့ချစ်သူကောင်မလေး IU ရဲ့ဖျော်ဖြေပွဲကိုတက်ရောက်အားပေးခဲ့တာတွေ့ရပါတယ်။ IU ရဲ့ဖျော်ဖြေပွဲကိုမတ်လ ၂ ရက်နေ့က ဆိုးလ်မြို့မှာရှိတဲ့ KSPO Dome မှာကျင်းပခဲ့တာဖြစ်ပါတယ်။ဒါဟာ 2024၊ IU H.E.R World Tour Concert ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ဆိုးလ်မှာဖျော်ဖြေတာဖြစ်ပါတယ်။မင်းသားလီဂျုံဆော့ကို ပရိသတ်တွေကြားမှာထိုင်နေတာတွေ့ရပြီး သူကဟူဒီနဲ့ဦးထုပ်ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဖျော်ဖြေပွဲကိုအာရုံစိုက်ပြီးကြည့်နေတဲ့ မင်းသားလီဂျုံဆော့ဟာ Light Stick ကိုလည်းကိုင်ထားပြီးပွဲကိုစိတ်ဝင်စားမှုအပြည့်နဲ့အားပေးနေခဲ့တယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။

မင်းသားလီဂျုံဆော့နဲ့ IU တို့ဟာ သူတို့ရဲ့အချစ်ရေးကို 2022 ခုနစ်၊ ဒီဇင်ဘာလမှာအတည်ပြုခဲ့ပြီးပွင့်ပွင့်လင်းလင်းပဲတွဲခဲ့ကြတာပါ။ 2022 ခုနစ် MBC ဆုပေးပွဲမှာကတည်းက လီဂျုံဆော့ဟာ သူနဲ့ IU ရဲ့အချစ်ရေးကို အရိပ်အမြွက်ပြောခဲ့တာတွေ့ရပါတယ်။သူကစင်ပေါ်မှာအချစ်ရေးကိုဖွင့်ဟခဲ့ပြီးတဲ့နောက်မှာ အေဂျင်စီတွေကသူတို့နှစ်ဦးရဲ့အချစ်ရေးကိုတရားဝင်ထုတ်ဖော်ပြောခဲ့ပြီး ရှေ့လျှောက်ချစ်ခင်အားပေးဖို့ကိုလည်းတောင်းဆိုခဲ့တာတွေ့ရပါတယ်။သူတို့နှစ်ဦးဟာ SBS ရဲ့ Inkigayo ရှိုးမှာကတည်းကတစ်ယောက်နဲ့တစ်ယောက်ခင်မင်ခဲ့ကြပြီးသူငယ်ချင်းအဖြစ် 10 နှစ်ကျော်ကြာနေလာပြီးမှ ချစ်သူတွေအဖြစ်ပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်။ IU ရဲ့ဖျော်ဖြေပွဲမှာ NewJeans အဖွဲ့ကလည်း Guest အနေနဲ့ပါဝင်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

မင္းသားလီဂ်ဳံေဆာ့ဟာ လူသိရွင္ၾကားထုတ္ေဖာ္အသိေပးထားတဲ့ခ်စ္သူေကာင္မေလး IU ရဲ႕ေဖ်ာ္ေျဖပြဲကိုတက္ေရာက္အားေပးခဲ့တာေတြ႕ရပါတယ္။ IU ရဲ႕ေဖ်ာ္ေျဖပြဲကိုမတ္လ ၂ ရက္ေန႔က ဆိုးလ္ၿမိဳ႕မွာရွိတဲ့ KSPO Dome မွာက်င္းပခဲ့တာျဖစ္ပါတယ္။ဒါဟာ 2024၊ IU H.E.R World Tour Concert ရဲ႕အစိတ္အပိုင္းတစ္ခုအေနနဲ႔ဆိုးလ္မွာေဖ်ာ္ေျဖတာျဖစ္ပါတယ္။မင္းသားလီဂ်ဳံေဆာ့ကို ပရိသတ္ေတြၾကားမွာထိုင္ေနတာေတြ႕ရၿပီး သူကဟူဒီနဲ႔ဦးထုပ္ဝတ္ဆင္ထားတာျဖစ္ပါတယ္။ ေဖ်ာ္ေျဖပြဲကိုအာ႐ုံစိုက္ၿပီးၾကည့္ေနတဲ့ မင္းသားလီဂ်ဳံေဆာ့ဟာ Light Stick ကိုလည္းကိုင္ထားၿပီးပြဲကိုစိတ္ဝင္စားမႈအျပည့္နဲ႔အားေပးေနခဲ့တယ္လို႔မ်က္ျမင္သက္ေသေတြကဆိုပါတယ္။

မင္းသားလီဂ်ဳံေဆာ့နဲ႔ IU တို႔ဟာ သူတို႔ရဲ႕အခ်စ္ေရးကို 2022 ခုနစ္၊ ဒီဇင္ဘာလမွာအတည္ျပဳခဲ့ၿပီးပြင့္ပြင့္လင္းလင္းပဲတြဲခဲ့ၾကတာပါ။ 2022 ခုနစ္ MBC ဆုေပးပြဲမွာကတည္းက လီဂ်ဳံေဆာ့ဟာ သူနဲ႔ IU ရဲ႕အခ်စ္ေရးကို အရိပ္အႁမြက္ေျပာခဲ့တာေတြ႕ရပါတယ္။သူကစင္ေပၚမွာအခ်စ္ေရးကိုဖြင့္ဟခဲ့ၿပီးတဲ့ေနာက္မွာ ေအဂ်င္စီေတြကသူတို႔ႏွစ္ဦးရဲ႕အခ်စ္ေရးကိုတရားဝင္ထုတ္ေဖာ္ေျပာခဲ့ၿပီး ေရွ႕ေလွ်ာက္ခ်စ္ခင္အားေပးဖို႔ကိုလည္းေတာင္းဆိုခဲ့တာေတြ႕ရပါတယ္။သူတို႔ႏွစ္ဦးဟာ SBS ရဲ႕ Inkigayo ရႈိးမွာကတည္းကတစ္ေယာက္နဲ႔တစ္ေယာက္ခင္မင္ခဲ့ၾကၿပီးသူငယ္ခ်င္းအျဖစ္ 10 ႏွစ္ေက်ာ္ၾကာေနလာၿပီးမွ ခ်စ္သူေတြအျဖစ္ေျပာင္းလဲခဲ့ၾကတာျဖစ္ပါတယ္။ IU ရဲ႕ေဖ်ာ္ေျဖပြဲမွာ NewJeans အဖြဲ႕ကလည္း Guest အေနနဲ႔ပါဝင္ေဖ်ာ္ေျဖခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*