နေမကောင်းလို့ ဖျော်ဖြေပွဲတွေရက်ရွှေ့လိုက်တဲ့ Adele

Adele ဟာ နေမကောင်းဖြစ်နေတဲ့အတွက် နောက်လမှာဖျော်ဖြေမယ့် Las Vegas Residency Show တွေအကုန်လုံးကိုရက်ရွှေ့လိုက်တယ်လို့သိရပါတယ်။ Adele က သူမရဲ့ကျန်းမာရေးအခြေအနေကို အတိအကျထုတ်ဖော်မပြောပေမယ့်ဆရာဝန်တွေကသူမကိုအနားယူခိုင်းတာမို့ ခုလိုရွှေ့ဆိုင်းရတာဖြစ်ကြောင်းဆိုရှယ်မီဒီယာပေါ်ကနေပြောကြားလာတာဖြစ်ပါတယ်။ သူမက Las Vegas Residency Show ကိုရွှေ့လိုက်ရတဲ့အတွက်ဝမ်းနည်းမိကြောင်းကိုလည်းရေးသားခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲတွေကို ဘယ်အချိန်မှာအစားထိုးကျင်းပမယ်ဆိုတာကိုတော့ သူမကမကြေညာသေးပါဘူး။လက်မှတ်ဝယ်ထားပြီးသူတွေကိုတော့ တတ်နိုင်သမျှချက်ချင်းအကြောင်းကြားပေးမယ်လို့ပြောထားတာတွေ့ရပါတယ်။ ပွဲကိုဒီလိုရွှေ့ဆိုင်းရတာဟာ Adele အတွက်ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ 2022 ခုနစ်ကလည်းသူမရဲ့ဖျော်ဖြေပွဲကိုတစ်ရက်ရွှေ့ဆိုင်းဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဝန် ထမ်းတစ်ယောက်ဟာကိုဗစ်19 ကူးစက်ခံခဲ့ရလို့ဖြစ်ပါတယ်။Adele ဟာ ဒီနှစ်သြဂုတ်လအတွင်း Munich မှာဆယ်ညတာဖျော်ဖြေဖို့ကိုလည်းအစီအစဉ်ဆွဲထားပါသေးတယ်။

Ju Ju

zawgyi

Adele ဟာ ေနမေကာင္းျဖစ္ေနတဲ့အတြက္ ေနာက္လမွာေဖ်ာ္ေျဖမယ့္ Las Vegas Residency Show ေတြအကုန္လုံးကိုရက္ေ႐ႊ႕လိုက္တယ္လို႔သိရပါတယ္။ Adele က သူမရဲ႕က်န္းမာေရးအေျခအေနကို အတိအက်ထုတ္ေဖာ္မေျပာေပမယ့္ဆရာဝန္ေတြကသူမကိုအနားယူခိုင္းတာမို႔ ခုလိုေ႐ႊ႕ဆိုင္းရတာျဖစ္ေၾကာင္းဆိုရွယ္မီဒီယာေပၚကေနေျပာၾကားလာတာျဖစ္ပါတယ္။ သူမက Las Vegas Residency Show ကိုေ႐ႊ႕လိုက္ရတဲ့အတြက္ဝမ္းနည္းမိေၾကာင္းကိုလည္းေရးသားခဲ့ပါတယ္။

ဒီေဖ်ာ္ေျဖပြဲေတြကို ဘယ္အခ်ိန္မွာအစားထိုးက်င္းပမယ္ဆိုတာကိုေတာ့ သူမကမေၾကညာေသးပါဘူး။လက္မွတ္ဝယ္ထားၿပီးသူေတြကိုေတာ့ တတ္ႏိုင္သမွ်ခ်က္ခ်င္းအေၾကာင္းၾကားေပးမယ္လို႔ေျပာထားတာေတြ႕ရပါတယ္။ ပြဲကိုဒီလိုေ႐ႊ႕ဆိုင္းရတာဟာ Adele အတြက္ပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ 2022 ခုနစ္ကလည္းသူမရဲ႕ေဖ်ာ္ေျဖပြဲကိုတစ္ရက္ေ႐ႊ႕ဆိုင္းဖူးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမရဲ႕ဝန္ ထမ္းတစ္ေယာက္ဟာကိုဗစ္19 ကူးစက္ခံခဲ့ရလို႔ျဖစ္ပါတယ္။Adele ဟာ ဒီႏွစ္ၾသဂုတ္လအတြင္း Munich မွာဆယ္ညတာေဖ်ာ္ေျဖဖို႔ကိုလည္းအစီအစဥ္ဆြဲထားပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*