Instagram Post တစ်ခုကြောင့်ချီးကျူးခံနေရတဲ့ G Dragon

G Dragon ဟာ မတ်လ(၁)ရက်နေ့မှာတင်ခဲ့တဲ့ Instagram Post တစ်ခုကြောင့်ချီးကျူးခံနေရပါတယ်။သူက ကိုရီးယားနိုင်ငံရဲ့ Independence Movement Day ကိုအမှတ်ရတဲ့အနေနဲ့ သူ့ပုံနဲ့အတူကိုရီးယားနိုင်ငံတော်အလံပုံကိုတင်ခဲ့တာဖြစ်ပါတယ်။ အလံပုံပေါ်မှာ 3.1 လို့ရေးထားပြီး လက်ခုပ်တီးတဲ့ Emoji ပုံကို ပုံအလယ်မှာထားခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ဘာစာသားမှမရေးထားပေမယ့်ဒါဟာလွတ်လပ်ရေးလှုပ်ရှားမှုအထိမ်းအမှတ်ဆိုတာကိုအားလုံးက သဘောပေါက်ကြပါတယ်။ G Dragon ဟာ Instagram အကောင့်စဖွင့်တဲ့နေ့ကနေ ဒီနေ့အထိနှစ်စဥ်လွတ်လပ်ရေးလှုပ်ရှားမှုအထိမ်းအမှတ်နေ့နဲ့ အမျိုးသားလွတ်မြောက်ရေးနေ့တွေမှာ အမှတ်တရ Post တွေမပျက်အကွက်တင်လေ့ရှိတယ်လို့ဆိုပါတယ်။

ဒီလို 3.1 Post တင်ခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေက “အဲဒါကြောင့်ချစ်နေရတာ”၊ “သူကတကယ့်ကိုသမိုင်းကိုရှင်သန်အောင်လုပ်နိုင်သူ”၊ “ဂျပန်ပရိသတ်တွေတစ်ခုခုပြောမှာကိုဂရုမစိုက်ဘဲတင်တာနော်”၊“သီချင်းသစ်နားထောင်ချင်လှပြီ” စတဲ့ Comment တွေပေးခဲ့ကြတာဖြစ်ပါတယ်။ G Dragon အနေနဲ့ 2017 ခုနစ်မှာ Kwon Ji Yong ဆိုတဲ့အယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်းသီချင်းသစ်ထပ်မထွက်သေးပါဘူး။ သူကတော့ သီချင်းသစ်တွေဖန်တီးနေပါတယ်လို့ပြောထားပါတယ်။

Ju Ju

zawgyi

G Dragon ဟာ မတ္လ(၁)ရက္ေန႔မွာတင္ခဲ့တဲ့ Instagram Post တစ္ခုေၾကာင့္ခ်ီးက်ဴးခံေနရပါတယ္။သူက ကိုရီးယားႏိုင္ငံရဲ႕ Independence Movement Day ကိုအမွတ္ရတဲ့အေနနဲ႔ သူ႔ပုံနဲ႔အတူကိုရီးယားႏိုင္ငံေတာ္အလံပုံကိုတင္ခဲ့တာျဖစ္ပါတယ္။ အလံပုံေပၚမွာ 3.1 လို႔ေရးထားၿပီး လက္ခုပ္တီးတဲ့ Emoji ပုံကို ပုံအလယ္မွာထားခဲ့တာျဖစ္ပါတယ္။သူ႔အေနနဲ႔ဘာစာသားမွမေရးထားေပမယ့္ဒါဟာလြတ္လပ္ေရးလႈပ္ရွားမႈအထိမ္းအမွတ္ဆိုတာကိုအားလုံးက သေဘာေပါက္ၾကပါတယ္။ G Dragon ဟာ Instagram အေကာင့္စဖြင့္တဲ့ေန႔ကေန ဒီေန႔အထိႏွစ္စဥ္လြတ္လပ္ေရးလႈပ္ရွားမႈအထိမ္းအမွတ္ေန႔နဲ႔ အမ်ိဳးသားလြတ္ေျမာက္ေရးေန႔ေတြမွာ အမွတ္တရ Post ေတြမပ်က္အကြက္တင္ေလ့ရွိတယ္လို႔ဆိုပါတယ္။

ဒီလို 3.1 Post တင္ခဲ့တာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက “အဲဒါေၾကာင့္ခ်စ္ေနရတာ”၊ “သူကတကယ့္ကိုသမိုင္းကိုရွင္သန္ေအာင္လုပ္ႏိုင္သူ”၊ “ဂ်ပန္ပရိသတ္ေတြတစ္ခုခုေျပာမွာကိုဂ႐ုမစိုက္ဘဲတင္တာေနာ္”၊“သီခ်င္းသစ္နားေထာင္ခ်င္လွၿပီ” စတဲ့ Comment ေတြေပးခဲ့ၾကတာျဖစ္ပါတယ္။ G Dragon အေနနဲ႔ 2017 ခုနစ္မွာ Kwon Ji Yong ဆိုတဲ့အယ္လ္ဘမ္ထြက္ရွိၿပီးေနာက္ပိုင္းသီခ်င္းသစ္ထပ္မထြက္ေသးပါဘူး။ သူကေတာ့ သီခ်င္းသစ္ေတြဖန္တီးေနပါတယ္လို႔ေျပာထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*