2024 အတွက်အော်စကာခန့်မှန်းချက်

မတ်လ 11 ရက်နေ့မှာ 96 ကြိမ်မြောက်အော်စကာဆုပေးပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်။အော်စကာဆုပေးပွဲမှာ Category 23 ခုကို ဆုပေးမှာဖြစ်ပြီးဒီနှစ်အော်စကာဆုတွေကိုဘယ်သူတွေရမလဲဆိုတဲ့ ခန့်မှန်းချက်တွေထွက်ရှိလာနေပြီဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားဆုခန့်မှန်းချက်တွေထဲမှာတော့ Oppenheimer ကထိပ်ဆုံးကတစ်ပြေးနေဆဲဖြစ်ပါတယ်။ ဇာတ်ကားဆုကို Oppenheimer က တစ်ပြေးနေသလိုပဲဒါရိုက်တာဆုကိုလည်း Oppenheimer ရဲ့ဒါရိုက်တာ Christopher Nolan ကပဲရနိုင်ချေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ Best Actor ဆုကိုလည်း Oppenheimer ရဲ့သရုပ်ဆောင် Cillian Murphy ကပဲဆွတ်ခူးမယ်လို့ဆိုကြပါတယ်။

Best Actress ဆုအတွက်တော့ Killers of the flower moon ရုပ်ရှင်နဲ့ မင်းသမီး Lily Gladstone ကိုပဲအများစုက ထင်ကြေးပေးနေကြတာတွေ့ရပါတယ်။ သူမမရခဲ့ရင်တော့ Poor Things ရုပ်ရှင်ကားနဲ့ Emma Stone ကပဲရနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Best Supporting Actor ဆုကိုတော့ Oppenheimer ထဲက မင်းသားကြီး Robert Downey Jr. ရနိုင်ချေရှိတယ်လို့ထင်ကြေးပေးကြတာမို့ ဒီနှစ်အော်စကာဆုတွေကိုလည်း Oppenheimer ကပဲသိမ်းပိုက်လိမ့်မယ်လို့ ယူဆနိုင်ပါတယ်။အကောင်းဆုံး Animated Feature ကိုတော့ Spider-Man: Across the spider verse ကရလိမ့်မယ်လို့ Entertainment Weekly ကခန့်မှန်းထားတာမို့ ဟုတ်၊ မဟုတ်ကို မတ်လ 11 ရက်နေ့မှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

မတ္လ 11 ရက္ေန႔မွာ 96 ႀကိမ္ေျမာက္ေအာ္စကာဆုေပးပြဲႀကီးကိုက်င္းပေတာ့မွာျဖစ္ပါတယ္။ေအာ္စကာဆုေပးပြဲမွာ Category 23 ခုကို ဆုေပးမွာျဖစ္ၿပီးဒီႏွစ္ေအာ္စကာဆုေတြကိုဘယ္သူေတြရမလဲဆိုတဲ့ ခန႔္မွန္းခ်က္ေတြထြက္ရွိလာေနၿပီျဖစ္ပါတယ္။႐ုပ္ရွင္ဇာတ္ကားဆုခန႔္မွန္းခ်က္ေတြထဲမွာေတာ့ Oppenheimer ကထိပ္ဆုံးကတစ္ေျပးေနဆဲျဖစ္ပါတယ္။ ဇာတ္ကားဆုကို Oppenheimer က တစ္ေျပးေနသလိုပဲဒါ႐ိုက္တာဆုကိုလည္း Oppenheimer ရဲ႕ဒါ႐ိုက္တာ Christopher Nolan ကပဲရႏိုင္ေခ်ရွိတယ္လို႔ခန႔္မွန္းထားၾကပါတယ္။ Best Actor ဆုကိုလည္း Oppenheimer ရဲ႕သ႐ုပ္ေဆာင္ Cillian Murphy ကပဲဆြတ္ခူးမယ္လို႔ဆိုၾကပါတယ္။

Best Actress ဆုအတြက္ေတာ့ Killers of the flower moon ႐ုပ္ရွင္နဲ႔ မင္းသမီး Lily Gladstone ကိုပဲအမ်ားစုက ထင္ေၾကးေပးေနၾကတာေတြ႕ရပါတယ္။ သူမမရခဲ့ရင္ေတာ့ Poor Things ႐ုပ္ရွင္ကားနဲ႔ Emma Stone ကပဲရႏိုင္ေခ်ရွိတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
Best Supporting Actor ဆုကိုေတာ့ Oppenheimer ထဲက မင္းသားႀကီး Robert Downey Jr. ရႏိုင္ေခ်ရွိတယ္လို႔ထင္ေၾကးေပးၾကတာမို႔ ဒီႏွစ္ေအာ္စကာဆုေတြကိုလည္း Oppenheimer ကပဲသိမ္းပိုက္လိမ့္မယ္လို႔ ယူဆႏိုင္ပါတယ္။အေကာင္းဆုံး Animated Feature ကိုေတာ့ Spider-Man: Across the spider verse ကရလိမ့္မယ္လို႔ Entertainment Weekly ကခန႔္မွန္းထားတာမို႔ ဟုတ္၊ မဟုတ္ကို မတ္လ 11 ရက္ေန႔မွာေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*