ညဘက်အိပ်မပျော်ရင် လုပ်သင့်တဲ့အကြံပြုချက် (၇)ချက်
စိတ်ဖိစီးမှုတွေ များနေချိန်မှာ အိပ်ရေးပျက်တတ်ပါတယ်။ စိတ်မသက်မသာနဲ့ကိုယ်ရေးကိုယ်တာစိုးရိမ်မှုတွေက စိတ်ဖိစီးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ တခါတလေမှာဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။သင်က ညဘက် အိပ်မပျော်တဲ့သူတယောက်ဆိုရင် ဒီအကြံပြုချက်များကိုစမ်းသပ်ကြည့်နိုင်ပါတယ်။ ပုံမှန်အိပ်ချိန်ဇယားကို သတ်မှတ်ပါ ညဘက်မှာ ကိုယ်က ၁၀နာရီခွဲအိပ်မက်ဆိုရင် အဲဒီအချိန်ပဲ အိပ်သင့်ပါတယ်။ တခါတလေကိုယ့်ရဲ့အိပ်ချိန်ယန္တရားက ပုံမှန်လည်ပတ်နေတဲ့အခါ ၁၀နာရီခွဲအိပ်တဲ့သူကအဲဒီအချိန်မအိပ်လိုက်ရင် မျက်စိကြောင်သွားပြီး တခါလုံးအိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။သက်သောင့် သက်သာရှိတဲ့ […]