ပျော်ရွှင်ရတဲ့ အလုပ်ခွင်ရဲ့ အကျိုးကျေးဇူးများ

လုပ်ငန်းခွင်ပျော်ရွှင်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ အားလုံးသိပြီးသားပါ။ တပတ်မှာနာရီလေးဆယ်လောက် အနည်းဆုံးကုန်ဆုံးရတဲ့ အလုပ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်ရဖို့ကဘယ်လောက်အရေးပါပါသလဲ။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရတဲ့အခါ ရရှိလာတဲ့အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။တင်းကျပ်တဲ့ လူမှုပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့ သူတွေနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ရတဲ့ လုပ် ငန်းခွင်ကသူတွေနဲ့ ကုန်ထုတ်လုပ်မှုချင်းကွာဟပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဖိစီးမှုကင်းကင်းအလုပ်လုပ်ရတဲ့သူတွေကကုန်ထုတ်စွမ်း အားပိုမိုမြင့်မားတာကိုတွေ့ရပါတယ်။

ပျော်ရွှင်ရတဲ့လုပ်ငန်းခွင်မှာ ကိုယ့်အတွက်အကျိုးကျေးဇူးတခုကတော့လူမှုဆက်ဆံရေးတိုးပွားလာတာပါပဲ။ အားလုံးနဲ့ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုရင်လုပ်ငန်းခွင်က ပျော်ရွှင်စရာကောင်းမှာပါ။ ရုံးအဖွဲ့သားတွေ အုပ်စုလိုက်ခရီးစုသွားကြတာ၊ပွဲလမ်းသဘင်တွေမှာ စုဝေးကြတာ ဒါတွေအားလုံးက လူမှုဆက်ဆံရေးကိုပိုမိုကောင်းမွန်စေပါတယ်။

နောက်တချက်ကတော့ ပျော်ရွှင်မှုကနေ တီထွင်ဖန်တီနိုင်စွမ်းကို တိုးမြင့်စေတာပါ။ပျော်ရွှင်တက်ကြွနေတဲ့သူတွေက စိတ်ကူးသစ်တွေ၊ အိုင်ဒီယာအသစ်တွေကို ရရှိနိုင်ပါတယ်။အချင်းချင်းချိတ်ဆက်မှုတွေကတဆင့် စကားပြောဆိုရင်း အိုင်ဒီယာရလာတာ၊ ခရီးတခုသွားရင်
အတွေးတခုရလာတာ ဒါတွေကလည်း အောင်မြင်မှုများရရှိလာနိုင်ပါတယ်။ တခါတလေမှာပေါ့ပေါ့ပါးပါးနေရင်းနဲ့လည်း စိတ်ကူးသစ်၊ အကြံဉာဏ်သစ်တွေရရှိနိုင်ပါတယ်။တချိန်လုံး လေးလေးနက်နက်ကြီးလုပ်နေတာထက် သောကြာညဆိုလည်း TGIF ဖို့အဖွဲ့သားတွေနဲ့ ကဲကြပြီး၊ တနင်္လာမနက်မှာ စမတ်ကျကျနဲ့ အလုပ်ခွင်မှာအိုင်ဒီယာတွေသယ်ဆောင်လာနိုင်တာက ပရော်ဖက်ရှင်နယ်သမားတွေဆီမှာရှိတဲ့အလုပ်အမူအကျင့်တခုဖြစ်ပါတယ်။

MYit

zawgyi

လုပ္ငန္းခြင္ေပ်ာ္႐ႊင္မႈက ဘယ္ေလာက္အေရးႀကီးလဲဆိုတာ အားလုံးသိၿပီးသားပါ။ တပတ္မွာနာရီေလးဆယ္ေလာက္ အနည္းဆုံးကုန္ဆုံးရတဲ့ အလုပ္ပတ္ဝန္းက်င္မွာ ေပ်ာ္႐ႊင္ရဖို႔ကဘယ္ေလာက္အေရးပါပါသလဲ။ လုပ္ငန္းခြင္မွာ ေပ်ာ္႐ႊင္ရတဲ့အခါ ရရွိလာတဲ့အက်ိဳးေက်းဇူးေတြက ဘာေတြျဖစ္မလဲ။တင္းက်ပ္တဲ့ လူမႈပတ္ဝန္းက်င္မွာ အလုပ္လုပ္တဲ့ သူေတြနဲ႔ေပါ့ေပါ့ပါးပါးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္အလုပ္လုပ္ရတဲ့ လုပ္ ငန္းခြင္ကသူေတြနဲ႔ ကုန္ထုတ္လုပ္မႈခ်င္းကြာဟပါတယ္။ ေပါ့ေပါ့ပါးပါးနဲ႔ စိတ္ဖိစီးမႈကင္းကင္းအလုပ္လုပ္ရတဲ့သူေတြကကုန္ထုတ္စြမ္း အားပိုမိုျမင့္မားတာကိုေတြ႕ရပါတယ္။

ေပ်ာ္႐ႊင္ရတဲ့လုပ္ငန္းခြင္မွာ ကိုယ့္အတြက္အက်ိဳးေက်းဇူးတခုကေတာ့လူမႈဆက္ဆံေရးတိုးပြားလာတာပါပဲ။ အားလုံးနဲ႔ခ်စ္ခ်စ္ခင္ခင္၊ ရင္းရင္းႏွီးႏွီးရွိတယ္ဆိုရင္လုပ္ငန္းခြင္က ေပ်ာ္႐ႊင္စရာေကာင္းမွာပါ။ ႐ုံးအဖြဲ႕သားေတြ အုပ္စုလိုက္ခရီးစုသြားၾကတာ၊ပြဲလမ္းသဘင္ေတြမွာ စုေဝးၾကတာ ဒါေတြအားလုံးက လူမႈဆက္ဆံေရးကိုပိုမိုေကာင္းမြန္ေစပါတယ္။

ေနာက္တခ်က္ကေတာ့ ေပ်ာ္႐ႊင္မႈကေန တီထြင္ဖန္တီႏိုင္စြမ္းကို တိုးျမင့္ေစတာပါ။ေပ်ာ္႐ႊင္တက္ႂကြေနတဲ့သူေတြက စိတ္ကူးသစ္ေတြ၊ အိုင္ဒီယာအသစ္ေတြကို ရရွိႏိုင္ပါတယ္။အခ်င္းခ်င္းခ်ိတ္ဆက္မႈေတြကတဆင့္ စကားေျပာဆိုရင္း အိုင္ဒီယာရလာတာ၊ ခရီးတခုသြားရင္
အေတြးတခုရလာတာ ဒါေတြကလည္း ေအာင္ျမင္မႈမ်ားရရွိလာႏိုင္ပါတယ္။ တခါတေလမွာေပါ့ေပါ့ပါးပါးေနရင္းနဲ႔လည္း စိတ္ကူးသစ္၊ အႀကံဉာဏ္သစ္ေတြရရွိႏိုင္ပါတယ္။တခ်ိန္လုံး ေလးေလးနက္နက္ႀကီးလုပ္ေနတာထက္ ေသာၾကာညဆိုလည္း TGIF ဖို႔အဖြဲ႕သားေတြနဲ႔ ကဲၾကၿပီး၊ တနလၤာမနက္မွာ စမတ္က်က်နဲ႔ အလုပ္ခြင္မွာအိုင္ဒီယာေတြသယ္ေဆာင္လာႏိုင္တာက ပေရာ္ဖက္ရွင္နယ္သမားေတြဆီမွာရွိတဲ့အလုပ္အမူအက်င့္တခုျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*