![BB1nL0o7](https://oppjournalmyanmar.com/wp-content/uploads/2024/06/BB1nL0o7-678x381.jpg)
သရုပ်ဆောင်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်လာတဲ့ ကန်ဂနားကို Central Industrial Security Force (CISF) က အမျိုးသမီးဝန် ထမ်းတစ်ဦးက Chandigarh လေဆိပ်မှာ ဇွန်လ ၆ရက်နေ့က ပါးရိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက HT ကိုပြောကြားခဲ့ပါတယ်။သ တင်းရင်းမြစ်ရဲ့အပြောအရ မန်ဒီမဲဆန္ဒနယ် ရွေးကောက်ခံအမတ်က လုံခြုံရေးစစ်ဆေးချိန်မှာမင်းသမီးက သူမရဲ့ဖုန်းကို ဗန်းထဲထည့်ဖို့ ငြင်းဆိုပြီးလုံခြုံရေးဝန်ထမ်းကိုတွန်းထုတ်ခဲ့တဲ့အတွက် ပါးရိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသမီးက Vistara ကနေ လေယာဉ်နဲ့ ဒေလီကို ညနေ ၃နာရီမှာ ထွက်ခွာသွားခဲ့ပါတယ်။ကန်ဂနားကိုပါးရိုက်ခဲ့တဲ့အမျိုးသမီးက ပန်ဂျပ်ရှိ Sultanpur Lodhi ကဖြစ်ပြီးလယ်သ မားခေါင်းဆောင် Sher Singh Malhiwal ရဲ့ညီမဖြစ်ပါတယ်။ဗီဒီယိုမက်ဆေ့ချ်တခုမှာ ကန်ဂနားက Chandigarh လေဆိပ်မှာဖြစ်ပျက်ခဲ့တာတွေကိုပြောပြထားပါတယ်။
“ကျမ မီဒီယာတွေဆီကရော၊ ကျမရဲ့မဲဆန္ဒရှင်တွေဆီကရောဖုန်းခေါ်မှုတွေအများကြီးရနေတယ်။ ပထမဆုံးအနေနဲ့ ငါအဆင်ပြေတယ်၊ လုံခြုံတယ်ဆိုတာကိုပြောချင်ပါတယ်။ လေဆိပ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှာ လုံခြုံရေးစစ်ဆေးနေစဉ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ CISF လုံခြုံရေးဝန်ထမ်းအမျိုးသမီးက ဘေးကနေထွက်လာပြီးပါးရိုက်ပြီး စော်ကားခဲ့တာပါ။ ဘာကြောင့်ဒီလိုလုပ်တာလဲ မေးတဲ့အခါ လယ်သမားတွေရဲ့ဆန္ဒပြမှုကို ထောက်ခံတယ်လို့ ပြောပါတယ်။ ကျမဘေးကင်းပါတယ်။ ပန်ဂျပ်မှာအကြမ်းဖက်ဝါဒနဲ့အစွန်းရောက်တွေများလာတာကို စိုးရိမ်မိပါတယ်”သူကမရွေးကောက်ပွဲအနိုင်ရပြီး ရက်ပိုင်းအကြာမှာ အခုလိုတိုက်ခိုက်မှုကိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မင်းသမီးက ပြိုင်ဘက်လွှတ်တော်အမတ်ကို မဲပေါင်း ၇သောင်းကျော်ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်လို့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ သူမကထောက်ခံမဲ ၅၃၇,၀၂၂ မဲဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
MYit
zawgyi
MYit
Leave a Reply