အိန္ဒိယပါလီမန်မှာ အမတ်ဖြစ်သွားကြတဲ့ ဘောလိဝုဒ်စတားများနဲ့ တောင်ပိုင်းသရုပ်ဆောင်များ

မကြာသေးမီက အိန္ဒိယမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်သူတွေပေါ်ထွက်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲအောင်နိုင်သူတွေထဲမှာဘောလိဝုဒ်နာမည်ကျော်ကြယ်ပွင့်တွေအပါအဝင် တောင်ပိုင်းသရုပ်ဆောင်တွေလည်းပါဝင်နေခဲ့ပါတယ်။ရွေးကောက်ပွဲရ လဒ်က လက်ရှိဝန်ကြီးချုပ်ရဲ့ Bharatiya Janata Party (BJP)ပါတီအနိုင်ရခဲ့ပေမဲ့ သောင်ပြိုကမ်းပြိုအနိုင်ရတာတော့ မဟုတ်ခဲ့ပါဘူး။
အိန္ဒိယအမျိုးသားကွန်ဂရက်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒုတိယအကြီးဆုံးအတိုက်အခံပါတီဖြစ်လာခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဘောလိဝုဒ်ကြယ်ပွင့်တွေထဲမှာ ကန်ဂနားလည်းပါဝင်ပါတယ်။ သူမက သူမရဲ့ဇာတိမြို့ မန်ဒီမှာ ဝင်ရောက်ယှည်ပြိုင်ပြီး ပထမဆုံးအကြိမ်လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ Dream Girl" လို့ ပရိသတ်များ သိကြတဲ့ မင်းသမီး Hema Malini (Shimla Mirchi) က Mathura မဲဆန္ဒနယ်မှာ တတိယအကြိမ်မြောက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။နောက်ပြီး ဟိန္ဒူ God Rama အဖြစ် လူသိများတဲ့ Arun Govil Meerut မဲဆန္ဒနယ်မှာအနိုင်ရရှိခဲ့ပါတယ်။စူပါကြယ်ပွင့်တဦးဖြစ်တဲ့ Manoj Tiwari က အရှေ့မြောက်ဒေလီမှာ အမတ်နေရာကိုတတိယအကြိမ်မြောက်အနိုင်ရရှိခဲ့ပါတယ်။နောက်ထပ်ကြယ်ပွင့် Ravi Kishan က သူ့ရဲ့မဲ ဆန္ဒနယ် Gorakhpur ကိုဆက်လက်အနိုင်ရရှိခဲ့ပါတယ်။

တယ်လဂူရုပ်ရှင်သရုပ်ဆောင် Pawan Kalyanက Pithapuram မဲဆန္ဒနယ်မှာအနိုင်ရရှိခဲ့ပါတယ်။တလကျော်ကြာတဲ့ အဆိုပါရွေး ကောက်ပွဲကို ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲရယ်လို့ ကမ္ဘာကသတ်မှတ်ထားကြပါတယ်။ ဒီအောင်နိုင်သူတွေထဲမှာ ဘောလိဝုဒ်ကြယ်ပွင့်တွေနဲ့အိန္ဒိယတောင်ပိုင်းသရုပ်ဆောင်တွေပါဝင်လာခဲ့ပါတယ်။ တချို့ကတော့အရှုံးသမားတွေဖြစ်သွားကြတာကိုတွေ့ရပါတယ်။

MYit

zawgyi

မၾကာေသးမီက အိႏၵိယမွာ က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲမွာ ေအာင္ႏိုင္သူေတြေပၚထြက္လာခဲ့ပါတယ္။ ဒီေ႐ြးေကာက္ပြဲေအာင္ႏိုင္သူေတြထဲမွာေဘာလိဝုဒ္နာမည္ေက်ာ္ၾကယ္ပြင့္ေတြအပါအဝင္ ေတာင္ပိုင္းသ႐ုပ္ေဆာင္ေတြလည္းပါဝင္ေနခဲ့ပါတယ္။ေ႐ြးေကာက္ပြဲရ လဒ္က လက္ရွိဝန္ႀကီးခ်ဳပ္ရဲ႕ Bharatiya Janata Party (BJP)ပါတီအႏိုင္ရခဲ့ေပမဲ့ ေသာင္ၿပိဳကမ္းၿပိဳအႏိုင္ရတာေတာ့ မဟုတ္ခဲ့ပါဘူး။
အိႏၵိယအမ်ိဳးသားကြန္ဂရက္ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕က ဒုတိယအႀကီးဆုံးအတိုက္အခံပါတီျဖစ္လာခဲ့ပါတယ္။

ဒီေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကတဲ့ ေဘာလိဝုဒ္ၾကယ္ပြင့္ေတြထဲမွာ ကန္ဂနားလည္းပါဝင္ပါတယ္။ သူမက သူမရဲ႕ဇာတိၿမိဳ႕ မန္ဒီမွာ ဝင္ေရာက္ယွည္ၿပိဳင္ၿပီး ပထမဆုံးအႀကိမ္လႊတ္ေတာ္အမတ္ျဖစ္လာခဲ့ပါတယ္။ Dream Girl" လို႔ ပရိသတ္မ်ား သိၾကတဲ့ မင္းသမီး Hema Malini (Shimla Mirchi) က Mathura မဲဆႏၵနယ္မွာ တတိယအႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ေနာက္ၿပီး ဟိႏၵဴ God Rama အျဖစ္ လူသိမ်ားတဲ့ Arun Govil Meerut မဲဆႏၵနယ္မွာအႏိုင္ရရွိခဲ့ပါတယ္။စူပါၾကယ္ပြင့္တဦးျဖစ္တဲ့ Manoj Tiwari က အေရွ႕ေျမာက္ေဒလီမွာ အမတ္ေနရာကိုတတိယအႀကိမ္ေျမာက္အႏိုင္ရရွိခဲ့ပါတယ္။ေနာက္ထပ္ၾကယ္ပြင့္ Ravi Kishan က သူ႔ရဲ႕မဲ ဆႏၵနယ္ Gorakhpur ကိုဆက္လက္အႏိုင္ရရွိခဲ့ပါတယ္။

တယ္လဂူ႐ုပ္ရွင္သ႐ုပ္ေဆာင္ Pawan Kalyanက Pithapuram မဲဆႏၵနယ္မွာအႏိုင္ရရွိခဲ့ပါတယ္။တလေက်ာ္ၾကာတဲ့ အဆိုပါေ႐ြး ေကာက္ပြဲကို ကမာၻ႔အႀကီးဆုံးေ႐ြးေကာက္ပြဲရယ္လို႔ ကမာၻကသတ္မွတ္ထားၾကပါတယ္။ ဒီေအာင္ႏိုင္သူေတြထဲမွာ ေဘာလိဝုဒ္ၾကယ္ပြင့္ေတြနဲ႔အိႏၵိယေတာင္ပိုင္းသ႐ုပ္ေဆာင္ေတြပါဝင္လာခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့အရႈံးသမားေတြျဖစ္သြားၾကတာကိုေတြ႕ရပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*