ကိုယ့်ကိုယ်ကိုယ် ကုစားခြင်းမှာ သိသင့်တဲ့ အဆင့် (၆)ဆင့်

အားလုံးက နာကျင်မှုတခုခု၊ ရောဂါဝေဒနာတခုခု၊စိတ်ထိခိုက်စရာအခြေအနေတခုခုကြုံလာရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ကု စားဖို့အချိန်လိုပါတယ်။ ကုစားရာမှာ အဆင့်တွေလည်း လိုပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာမှာ နာကျင်မှုတခုခုဖြစ်လာတဲ့အ ခါ ဘယ်လို healing လုပ်မလဲဆိုတဲ့အချက်ကအရေးကြီးလာပါတယ်။ကိုယ်ကိုယ်ကိုယ်ပြန်လည်ကုစားတဲ့ လုပ်ငန်းစဉ်က အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။

လက်ခံလိုက်တာ

ကိုယ့်ရဲ့ခံစားနေရတဲ့ စိတ်နာကျင်မှု၊ ရုပ်နာကျင်မှုကို လက်ခံလိုက်တာက ပထမဆုံးအဆင့်ကုစားတဲ့အချက်ပါပဲ။ ဒီနေရာမှာ စိတ်နာကျင်မှုဆိုတာကတော့ တစုံတခုကြောင့်၊တစုံတယောက်ကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာကိုခေါ်ပါတယ်။ရုပ်နာကျင်မှုဆိုတာကတော့ ရောဂါဝေဒနာတခုခုနာကျင်ခံစားရတာပဲဖြစ်ပါတယ်။ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါဝေဒနာတခုခုကပ်ညှိနေတဲ့ အချိန်ပဲဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာနာကျင်မှုကတော့ ရုပ်နာကျင်မှုလို မမြင်ရပါဘူး။ ဒါပေမဲ့အတွင်းထဲမှာလှိုက်စားပြီး ခံစားနေရတဲ့ ဝေဒနာတရပ်ဖြစ်ပါတယ်။ ဒီဝေဒနာတွေကို ကုစားဖို့အတွက်ပထမအဆင့်ကတော့ လက်ခံလိုက်တာပါပဲ။ ဒါမှသာကုသတဲ့လုပ်ငန်းကိုစတင်နိုင်မှာဖြစ်ပါတယ်။

ဝိပဿနာ

နံပါတ်နှစ်အချက်ကတော့ တရားဓမ္မနဲ့ ဖြေဖျောက်တာပါ။ ကိုယ့်ရဲ့ ဝေဒနာတွေကို ကုစားဖို့ကကိုယ်ယုံကြည်ရာ တရားဓမ္မတခုခုနဲ့ ဖြေ ဖျောက်ဖို့ပါပဲ။ဖြစ်ပျက်သဘောတရားကိုနားလည်လက်ခံပြီး ထိုးထွင်းသိမြင်မှုကို စတင်လက်ခံဖို့ပါပဲ။ကိုယ်ခံစားရသလောက် နာကျင်မှုဝေဒနာအတက်အကျကို ဝိပဿနာနဲ့ ကုစားတာပါ။ဒီအချက်က ဒုတိယလုပ်သင့်တဲ့အဆင့်ဖြစ်ပါတယ်။

လက်တွေ့လုပ်ဆောင်ချက်

နောက်တချက်က ဝေဒနာတွေကိုကုစားဖို့အတွက် လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ဖို့ပါပဲ။ ဥပမာ အိပ်ယာဝင်တာနောက်ကျတာက ကိုယ့်ရောဂါကိုပိုမိုဆိုးရွားစေတယ်ဆိုရင် စောစောအိပ်ရာဝင်ဖို့ ပြင်ဆင်ပါ။ အာဟာရရှိတဲ့အစားအသောက်ကိုမစားသောက်တာက ကိုယ့်ရောဂါအခြေအနေကို ပိုဆိုးစေတယ်ဆိုရင်အာဟာရရှိတဲ့အစားအသောက်ကို စားသောက်ပါ။ ဒါက လက်တွေ့လုပ် ဆောင်ချက်ဖြစ်ပါတယ်။သူငယ်ချင်းများနဲ့ စကားပြောတာက ကိုယ့်အတွက်စိတ်သက်သာရာရစေတယ်ဆိုရင်သူငယ်ချင်းတွေနဲ့ မပြတ်ဆက်သွယ်နေဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ

အပြုသဘောဆောင်တဲ့ ရွေးချယ်မှုတွေလုပ်တဲ့အခါမှာ အဲဒီဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေကကိုယ့်ရဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိစေပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးတွေကိုမြှင့်တင်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကုစားတဲ့ နည်းလမ်းအဆင့်တွေထဲမှာကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့အချက်ကလည်း အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။

ကုသတာ

ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေကို လက်ခံဖို့အတွက်ကိုယ့်ကိုယ်ကိုယ်ခွင့်ပြုလိုက်တဲ့အခါမှာ ကုသဖို့က သဘာဝကျတဲ့ ရွေးချယ်မှုပါပဲ။ ကုသတာကိုစနစ်တကျလုပ်ဖို့လိုပါတယ်။ ကုသတာက ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေပြီးပိုမိုဆိုးရွားတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။

ပြည့်စုံတဲ့ဘဝ

ဒါကတော့ ကုသခြင်းရဲ့နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ပုံမှန်ဘဝ၊ ပြည့်စုံတဲ့ဘဝကိုပြန်လည်ရောက်ရှိဖို့ ဒါက နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ တဦးနဲ့တဦးခံစားရတဲ့ဝေဒနာတွေမတူညီနိုင်သလို၊ နာကျင်ရတဲ့ နာကျင်မှုအတိုင်းအတာကလည်းမတူညီနိုင်ပါဘူး။ ကိုယ့်ရဲ့ရွေး ချယ်မှု၊ အတွေ့အကြုံတွေကနေပြီးပြီးပြည့်စုံတဲ့ဘဝကိုရှေ့ဆက်ဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။တကယ်လို့ ကိုယ့်ရဲ့ဝေဒနာကို လက်မခံနိုင်ဘူးဆိုရင် ဒီအဆင့်တွေအားလုံးကဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ရဲ့နာကျင်မှုတွေကို လျစ်လျူရှုမထားပဲအချိန်မီကုစားကြဖို့လိုအပ်ပါတယ်။

MYit

zawgyi

အားလုံးက နာက်င္မႈတခုခု၊ ေရာဂါေဝဒနာတခုခု၊စိတ္ထိခိုက္စရာအေျခအေနတခုခုႀကဳံလာရတဲ့အခါမွာ ကိုယ့္ကိုယ္ကိုယ္ျပန္လည္ကု စားဖို႔အခ်ိန္လိုပါတယ္။ ကုစားရာမွာ အဆင့္ေတြလည္း လိုပါတယ္။ ဒီလို႐ုပ္ပိုင္းဆိုင္ရာ၊စိတ္ပိုင္းဆိုင္ရာမွာ နာက်င္မႈတခုခုျဖစ္လာတဲ့အ ခါ ဘယ္လို healing လုပ္မလဲဆိုတဲ့အခ်က္ကအေရးႀကီးလာပါတယ္။ကိုယ္ကိုယ္ကိုယ္ျပန္လည္ကုစားတဲ့ လုပ္ငန္းစဥ္က အေရးႀကီးတဲ့ လုပ္ငန္းစဥ္တခုျဖစ္ပါတယ္။

လက္ခံလိုက္တာ

ကိုယ့္ရဲ႕ခံစားေနရတဲ့ စိတ္နာက်င္မႈ၊ ႐ုပ္နာက်င္မႈကို လက္ခံလိုက္တာက ပထမဆုံးအဆင့္ကုစားတဲ့အခ်က္ပါပဲ။ ဒီေနရာမွာ စိတ္နာက်င္မႈဆိုတာကေတာ့ တစုံတခုေၾကာင့္၊တစုံတေယာက္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ နာက်င္မႈေဝဒနာကိုေခၚပါတယ္။႐ုပ္နာက်င္မႈဆိုတာကေတာ့ ေရာဂါေဝဒနာတခုခုနာက်င္ခံစားရတာပဲျဖစ္ပါတယ္။ထင္သာျမင္သာရွိတဲ့ ႐ုပ္ပိုင္းဆိုင္ရာေရာဂါေဝဒနာတခုခုကပ္ညႇိေနတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။စိတ္ပိုင္းဆိုင္ရာနာက်င္မႈကေတာ့ ႐ုပ္နာက်င္မႈလို မျမင္ရပါဘူး။ ဒါေပမဲ့အတြင္းထဲမွာလႈိက္စားၿပီး ခံစားေနရတဲ့ ေဝဒနာတရပ္ျဖစ္ပါတယ္။ ဒီေဝဒနာေတြကို ကုစားဖို႔အတြက္ပထမအဆင့္ကေတာ့ လက္ခံလိုက္တာပါပဲ။ ဒါမွသာကုသတဲ့လုပ္ငန္းကိုစတင္ႏိုင္မွာျဖစ္ပါတယ္။

ဝိပႆနာ

နံပါတ္ႏွစ္အခ်က္ကေတာ့ တရားဓမၼနဲ႔ ေျဖေဖ်ာက္တာပါ။ ကိုယ့္ရဲ႕ ေဝဒနာေတြကို ကုစားဖို႔ကကိုယ္ယုံၾကည္ရာ တရားဓမၼတခုခုနဲ႔ ေျဖ ေဖ်ာက္ဖို႔ပါပဲ။ျဖစ္ပ်က္သေဘာတရားကိုနားလည္လက္ခံၿပီး ထိုးထြင္းသိျမင္မႈကို စတင္လက္ခံဖို႔ပါပဲ။ကိုယ္ခံစားရသေလာက္ နာက်င္မႈေဝဒနာအတက္အက်ကို ဝိပႆနာနဲ႔ ကုစားတာပါ။ဒီအခ်က္က ဒုတိယလုပ္သင့္တဲ့အဆင့္ျဖစ္ပါတယ္။

လက္ေတြ႕လုပ္ေဆာင္ခ်က္

ေနာက္တခ်က္က ေဝဒနာေတြကိုကုစားဖို႔အတြက္ လက္ေတြ႕က်တဲ့လုပ္ေဆာင္ခ်က္ေတြကိုလုပ္ေဆာင္ဖို႔ပါပဲ။ ဥပမာ အိပ္ယာဝင္တာေနာက္က်တာက ကိုယ့္ေရာဂါကိုပိုမိုဆိုး႐ြားေစတယ္ဆိုရင္ ေစာေစာအိပ္ရာဝင္ဖို႔ ျပင္ဆင္ပါ။ အာဟာရရွိတဲ့အစားအေသာက္ကိုမစားေသာက္တာက ကိုယ့္ေရာဂါအေျခအေနကို ပိုဆိုးေစတယ္ဆိုရင္အာဟာရရွိတဲ့အစားအေသာက္ကို စားေသာက္ပါ။ ဒါက လက္ေတြ႕လုပ္ ေဆာင္ခ်က္ျဖစ္ပါတယ္။သူငယ္ခ်င္းမ်ားနဲ႔ စကားေျပာတာက ကိုယ့္အတြက္စိတ္သက္သာရာရေစတယ္ဆိုရင္သူငယ္ခ်င္းေတြနဲ႔ မျပတ္ဆက္သြယ္ေနဖို႔လိုပါတယ္။

ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ

အျပဳသေဘာေဆာင္တဲ့ ေ႐ြးခ်ယ္မႈေတြလုပ္တဲ့အခါမွာ အဲဒီဆုံးျဖတ္ခ်က္ေတြနဲ႔ လုပ္ရပ္ေတြကကိုယ့္ရဲ႕ က်န္းမာေရးကို သက္ေရာက္မႈရွိေစပါတယ္။ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္နဲ႔ တန္ဖိုးေတြကိုျမႇင့္တင္ေစႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ကုစားတဲ့ နည္းလမ္းအဆင့္ေတြထဲမွာကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားဖို႔အခ်က္ကလည္း အေရးႀကီးတဲ့ အခ်က္တခုျဖစ္ပါတယ္။

ကုသတာ

ကိုယ့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာေဝဒနာေတြကို လက္ခံဖို႔အတြက္ကိုယ့္ကိုယ္ကိုယ္ခြင့္ျပဳလိုက္တဲ့အခါမွာ ကုသဖို႔က သဘာဝက်တဲ့ ေ႐ြးခ်ယ္မႈပါပဲ။ ကုသတာကိုစနစ္တက်လုပ္ဖို႔လိုပါတယ္။ ကုသတာက ေရာဂါေဝဒနာေတြကို သက္သာေပ်ာက္ကင္းေစၿပီးပိုမိုဆိုး႐ြားတဲ့ က်န္းမာေရးဆိုးက်ိဳးေတြကို ကာကြယ္တားဆီးႏိုင္ပါတယ္။

ျပည့္စုံတဲ့ဘဝ

ဒါကေတာ့ ကုသျခင္းရဲ႕ေနာက္ဆုံးအဆင့္ျဖစ္ပါတယ္။ ပုံမွန္ဘဝ၊ ျပည့္စုံတဲ့ဘဝကိုျပန္လည္ေရာက္ရွိဖို႔ ဒါက ေနာက္ဆုံးအဆင့္ျဖစ္ပါတယ္။ တဦးနဲ႔တဦးခံစားရတဲ့ေဝဒနာေတြမတူညီႏိုင္သလို၊ နာက်င္ရတဲ့ နာက်င္မႈအတိုင္းအတာကလည္းမတူညီႏိုင္ပါဘူး။ ကိုယ့္ရဲ႕ေ႐ြး ခ်ယ္မႈ၊ အေတြ႕အႀကဳံေတြကေနၿပီးၿပီးျပည့္စုံတဲ့ဘဝကိုေရွ႕ဆက္ဖို႔အတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ေစပါလိမ့္မယ္။တကယ္လို႔ ကိုယ့္ရဲ႕ေဝဒနာကို လက္မခံႏိုင္ဘူးဆိုရင္ ဒီအဆင့္ေတြအားလုံးကျဖစ္မလာႏိုင္ပါဘူး။ ကိုယ့္ရဲ႕နာက်င္မႈေတြကို လ်စ္လ်ဴရႈမထားပဲအခ်ိန္မီကုစားၾကဖို႔လိုအပ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*