မွေးဖွားနှုန်းကျလာတဲ့ ဂျပန်မှာ Dating App လုပ်ပြီး လူငယ်တွေလက်ထပ်ဖို့ အစိုးရကြိုးပမ်း

ဂျပန်နိုင်ငံရဲ့ မွေးဖွားမှုနှုန်းက စံချိန်သစ်တစ်ခုကို ကျဆင်းခဲ့ပြီးနောက် အစိုးရကချိန်းတွေ့တဲ့အက်ပ်ကို လုပ်ဆောင်ပြီး ဒီအက်ပ်ကပြောင်း လဲနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းလာပြီးနောက်မှာ ချိန်းတွေ့တဲ့အက်ပ်ကိုလုပ်ဆောင်ပြီးအစိုးရက လူတွေတွေလက်ထပ်ဖို့ ကြိုးပမ်းနေပါတယ်။ မိသားစုဘဝမြှင့်တင်ဖို့အတွက်ဂျပန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ကလေးမွေးဖွားနှုန်းကစံချိန်တင်လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ကျန်းမာရေး၊အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အ လက်အသစ်တွေအရအရင်နှစ်က လူပေါင်း ၁၂၃ ဒသမ၉သန်းမှာ မွေးဖွားသူ ၇၂၇၂၇၇ သာရှိတယ်လို့ထုတ်ပြန်ပါတယ်။ အမျိုးသမီးတဦးရဲ့ တသက်တာမှရှိရမယ့် မျိုးပွားမှုနှုန်း ၁ဒသမ ၂၆ကနေ၁ဒသမ ၂၀အထိကို ကျဆင်းသွားတာကိုတွေ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့လူဦးရေတည်ငြိမ်ဖို့အတွက် မွေးဖွားနှုန်း ၂ဒသမ ၁ရာခိုင်နှုန်းလိုအပ်ပါတယ်။ဂျပန်နိုင်ငံရဲ့ လူဦးရေးအကျပ်အတည်းကို အစိုးရက နှစ်ပေါင်းများစွာလုပ်ဆောင်နေခဲ့ပေမဲ့အခုအချိန်ထိတော့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။မကြာသေးမီနှစ်များအတွင်းက သေဆုံးသူအရေအတွက်က တနှစ်ထက်တနှစ်မွေးဖွားမှုနှုန်းကိုကျော်လွန်သွားတာကြောင့် ဂျပန်နိုင်ငံရဲ့ လုပ်သားအင်အား၊ စီးပွားရေး၊လူမှုဖူ လုံရေးစနစ်နဲ့ လူမှုရေးဆိုင်ရာများအတွက် ကြီးမားတဲ့အကျိုးဆက်နဲ့အတူကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ်မှာ နိုင်ငံတွင်းသေဆုံးမှုဦးရေး ၁ဒသမ ၅၇သန်းရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းအရ သိရပြီး ဒီအရေအတွက်က ကလေးမွေးဖွားမှုနှုန်းထက်နှစ်ဆပိုများနေပါတယ်။တိုကျိုရဲ့တာဝန်ရှိသူတွေက Dating App ကိုလုပ်ဆောင်ခဲ့ပြီး အခုနှစ်နှောင်ားပိုင်းမှာအပြည့်အဝလည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။“လက်ထပ်ခြင်းကို စတင်ရန် ပထမခြေလှမ်းအဖြစ် အသုံးပြုပါ” လို့ အက်ပ်ဝက်ဆိုက်မှာထည့်သွင်းပြောကြားထားပါတယ်။
အစိုးရအချက်အလက်များအရ အသက် 20 နဲ့ 49 နှစ်ကြား ဂျပန်လူမျိုး လေးပုံတစ်ပုံခန့်က Single များဖြစ်ကြပြီး ခေတ်နောက်ကျတဲ့ လူမှုရေးသဘောထားများနဲ့စီးပွားရေးဖိအားများကြောင့် လပ်ထပ်ဖို့ ခက်ခဲလာကြပါတယ်။

MYit

zawgyi

ဂ်ပန္ႏိုင္ငံရဲ႕ ေမြးဖြားမႈႏႈန္းက စံခ်ိန္သစ္တစ္ခုကို က်ဆင္းခဲ့ၿပီးေနာက္ အစိုးရကခ်ိန္းေတြ႕တဲ့အက္ပ္ကို လုပ္ေဆာင္ၿပီး ဒီအက္ပ္ကေျပာင္း လဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ဂ်ပန္မွာကေလးေမြးဖြားႏႈန္းက်ဆင္းလာၿပီးေနာက္မွာ ခ်ိန္းေတြ႕တဲ့အက္ပ္ကိုလုပ္ေဆာင္ၿပီးအစိုးရက လူေတြေတြလက္ထပ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ မိသားစုဘဝျမႇင့္တင္ဖို႔အတြက္ဂ်ပန္အစိုးရက အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ကေလးေမြးဖြားႏႈန္းကစံခ်ိန္တင္ေလ်ာ့က်သြားခဲ့တာျဖစ္ပါတယ္။က်န္းမာေရး၊အလုပ္သမားနဲ႔လူမႈဖူလုံေရးဝန္ႀကီးဌာနကထုတ္ျပန္တဲ့အခ်က္အ လက္အသစ္ေတြအရအရင္ႏွစ္က လူေပါင္း ၁၂၃ ဒသမ၉သန္းမွာ ေမြးဖြားသူ ၇၂၇၂၇၇ သာရွိတယ္လို႔ထုတ္ျပန္ပါတယ္။ အမ်ိဳးသမီးတဦးရဲ႕ တသက္တာမွရွိရမယ့္ မ်ိဳးပြားမႈႏႈန္း ၁ဒသမ ၂၆ကေန၁ဒသမ ၂၀အထိကို က်ဆင္းသြားတာကိုေတြ႕ရပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕လူဦးေရတည္ၿငိမ္ဖို႔အတြက္ ေမြးဖြားႏႈန္း ၂ဒသမ ၁ရာခိုင္ႏႈန္းလိုအပ္ပါတယ္။ဂ်ပန္ႏိုင္ငံရဲ႕ လူဦးေရးအက်ပ္အတည္းကို အစိုးရက ႏွစ္ေပါင္းမ်ားစြာလုပ္ေဆာင္ေနခဲ့ေပမဲ့အခုအခ်ိန္ထိေတာ့ အလွမ္းကြာေဝးေနဆဲျဖစ္ပါတယ္။မၾကာေသးမီႏွစ္မ်ားအတြင္းက ေသဆုံးသူအေရအတြက္က တႏွစ္ထက္တႏွစ္ေမြးဖြားမႈႏႈန္းကိုေက်ာ္လြန္သြားတာေၾကာင့္ ဂ်ပန္ႏိုင္ငံရဲ႕ လုပ္သားအင္အား၊ စီးပြားေရး၊လူမႈဖူ လုံေရးစနစ္နဲ႔ လူမႈေရးဆိုင္ရာမ်ားအတြက္ ႀကီးမားတဲ့အက်ိဳးဆက္နဲ႔အတူက်ဆင္းသြားခဲ့ပါတယ္။ ၂၀၂၃ခုႏွစ္မွာ ႏိုင္ငံတြင္းေသဆုံးမႈဦးေရး ၁ဒသမ ၅၇သန္းရွိတယ္လို႔က်န္းမာေရးဝန္ႀကီးဌာနရဲ႕မွတ္တမ္းအရ သိရၿပီး ဒီအေရအတြက္က ကေလးေမြးဖြားမႈႏႈန္းထက္ႏွစ္ဆပိုမ်ားေနပါတယ္။တိုက်ိဳရဲ႕တာဝန္ရွိသူေတြက Dating App ကိုလုပ္ေဆာင္ခဲ့ၿပီး အခုႏွစ္ေႏွာင္ားပိုင္းမွာအျပည့္အဝလည္ပတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။“လက္ထပ္ျခင္းကို စတင္ရန္ ပထမေျခလွမ္းအျဖစ္ အသုံးျပဳပါ” လို႔ အက္ပ္ဝက္ဆိုက္မွာထည့္သြင္းေျပာၾကားထားပါတယ္။
အစိုးရအခ်က္အလက္မ်ားအရ အသက္ 20 နဲ႔ 49 ႏွစ္ၾကား ဂ်ပန္လူမ်ိဳး ေလးပုံတစ္ပုံခန႔္က Single မ်ားျဖစ္ၾကၿပီး ေခတ္ေနာက္က်တဲ့ လူမႈေရးသေဘာထားမ်ားနဲ႔စီးပြားေရးဖိအားမ်ားေၾကာင့္ လပ္ထပ္ဖို႔ ခက္ခဲလာၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*