“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲဒါကိုဖြစ်အောင်လုပ်ပါ”ဆိုတဲ့ အဆိုတော်လီဆာ

Black Pink ရဲ့အဆိုတော်လီဆာပြောတဲ့စကားကို Reader’s Digest မဂ္ဂဇင်းရဲ့ ဧပြီလကနေ မေလထုတ်ရဲ့ Quotes ကော်လံမှာ ထင် ရှားစွာထည့်သွင်းထားပါတယ်။“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲ့ဒါကိုဖြစ်အောင်လုပ်ပါ” ဆိုတဲ့ Quote ပဲဖြစ်ပါတယ်။ Netflix မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ "Blackpink: Light Up the Sky" ထဲကQuote လို့ ယူဆရပါတယ်။အိပ်မက်တွေကိုအကောင် အ ထည်ဖော်ဖို့ အကြံဉာဏ်တောင်းတဲ့အခါ လီဆာကအခုလိုအကြံပြုတာပဲဖြစ်ပါတယ်။

“ငါပြောချင်တာက မင်းတကယ်လုပ်ချင်တာကို သိအောင်လုပ်ပြီးအဲဒါကိုသေသေချာချာလုပ်ပါ။ နောက်ပြီး အခုမှမလုပ်ဖြစ်သေးဘူးဆိုရင်ဘယ်အချိန်လုပ်မှာလဲ”သူမရဲ့ အဆိုပါ Quote ကို ဝက်ဆိုက်များစွာမှာတွင်တွင်ကျယ်ကျယ်တင်ထားကိုတွေ့နိုင်ပါတယ်။အသက် ၂၇ နှစ်အရွယ် ပါရမီရှင်က ကမ္ဘာတဝှမ်းရှိလူငယ်များနဲ့ထိုင်းဆယ်ကျော်လူငယ်များကြားမှာ ဩဇာကြီးသူတဦးဖြစ်ပြီး Idol တဦးလည်းဖြစ်ပါတယ်။

သူမက ငယ်ရွယ်စဉ်ကတည်းက သူမရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့၊အခက်အခဲများနဲ့ ကြုံလာရတဲ့အခါ ဘယ်တော့မှ အရှုံးမပေးတဲ့အချက်ကို စံနမူနာအဖြစ်အသုံးချဖို့အတွက် လူငယ်များကို အမြဲတမ်းအားပေးတိုက်တွန်းပါတယ်။သူမရဲ့အင်စတာဂရမ်အကောင့်မှာ Follower ၁၀၃သန်းရှိပါတယ်။ သူမရဲ့ YouTube နဲ့ Spotify နှစ်ခုစလုံးမှာ ကြည့်ရှုသူ ၁ဘီလီယံကျော်တဲ့ သီချင်းရဲ့ ပထမဆုံးတကိုယ်တော်ကေပေါ့(ပ်)အဆိုတော်ဖြစ်လာခဲ့ပါတယ်။

MYit

zawgyi

Black Pink ရဲ႕အဆိုေတာ္လီဆာေျပာတဲ့စကားကို Reader’s Digest မဂၢဇင္းရဲ႕ ဧၿပီလကေန ေမလထုတ္ရဲ႕ Quotes ေကာ္လံမွာ ထင္ ရွားစြာထည့္သြင္းထားပါတယ္။“မင္းျဖစ္ခ်င္တာကို သိေအာင္လုပ္ၿပီး အဲ့ဒါကိုျဖစ္ေအာင္လုပ္ပါ” ဆိုတဲ့ Quote ပဲျဖစ္ပါတယ္။ Netflix မွတ္တမ္း႐ုပ္ရွင္ျဖစ္တဲ့ "Blackpink: Light Up the Sky" ထဲကQuote လို႔ ယူဆရပါတယ္။အိပ္မက္ေတြကိုအေကာင္ အ ထည္ေဖာ္ဖို႔ အႀကံဉာဏ္ေတာင္းတဲ့အခါ လီဆာကအခုလိုအႀကံျပဳတာပဲျဖစ္ပါတယ္။

“ငါေျပာခ်င္တာက မင္းတကယ္လုပ္ခ်င္တာကို သိေအာင္လုပ္ၿပီးအဲဒါကိုေသေသခ်ာခ်ာလုပ္ပါ။ ေနာက္ၿပီး အခုမွမလုပ္ျဖစ္ေသးဘူးဆိုရင္ဘယ္အခ်ိန္လုပ္မွာလဲ”သူမရဲ႕ အဆိုပါ Quote ကို ဝက္ဆိုက္မ်ားစြာမွာတြင္တြင္က်ယ္က်ယ္တင္ထားကိုေတြ႕ႏိုင္ပါတယ္။အသက္ ၂၇ ႏွစ္အ႐ြယ္ ပါရမီရွင္က ကမာၻတဝွမ္းရွိလူငယ္မ်ားနဲ႔ထိုင္းဆယ္ေက်ာ္လူငယ္မ်ားၾကားမွာ ဩဇာႀကီးသူတဦးျဖစ္ၿပီး Idol တဦးလည္းျဖစ္ပါတယ္။

သူမက ငယ္႐ြယ္စဥ္ကတည္းက သူမရဲ႕အိပ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႔၊အခက္အခဲမ်ားနဲ႔ ႀကဳံလာရတဲ့အခါ ဘယ္ေတာ့မွ အရႈံးမေပးတဲ့အခ်က္ကို စံနမူနာအျဖစ္အသုံးခ်ဖို႔အတြက္ လူငယ္မ်ားကို အၿမဲတမ္းအားေပးတိုက္တြန္းပါတယ္။သူမရဲ႕အင္စတာဂရမ္အေကာင့္မွာ Follower ၁၀၃သန္းရွိပါတယ္။ သူမရဲ႕ YouTube နဲ႔ Spotify ႏွစ္ခုစလုံးမွာ ၾကည့္ရႈသူ ၁ဘီလီယံေက်ာ္တဲ့ သီခ်င္းရဲ႕ ပထမဆုံးတကိုယ္ေတာ္ေကေပါ့(ပ္)အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*