ညဘက်အိပ်မပျော်ရင် လုပ်သင့်တဲ့အကြံပြုချက် (၇)ချက်

စိတ်ဖိစီးမှုတွေ များနေချိန်မှာ အိပ်ရေးပျက်တတ်ပါတယ်။ စိတ်မသက်မသာနဲ့ကိုယ်ရေးကိုယ်တာစိုးရိမ်မှုတွေက စိတ်ဖိစီးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ တခါတလေမှာဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။သင်က ညဘက် အိပ်မပျော်တဲ့သူတယောက်ဆိုရင် ဒီအကြံပြုချက်များကိုစမ်းသပ်ကြည့်နိုင်ပါတယ်။

ပုံမှန်အိပ်ချိန်ဇယားကို သတ်မှတ်ပါ

ညဘက်မှာ ကိုယ်က ၁၀နာရီခွဲအိပ်မက်ဆိုရင် အဲဒီအချိန်ပဲ အိပ်သင့်ပါတယ်။ တခါတလေကိုယ့်ရဲ့အိပ်ချိန်ယန္တရားက ပုံမှန်လည်ပတ်နေတဲ့အခါ ၁၀နာရီခွဲအိပ်တဲ့သူကအဲဒီအချိန်မအိပ်လိုက်ရင် မျက်စိကြောင်သွားပြီး တခါလုံးအိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။သက်သောင့် သက်သာရှိတဲ့ အိပ်ယာနဲ့ ပတ်ဝန်းကျင်သင့်အိပ်ယာနဲ့ သင်အိပ်တဲ့ပတ်ဝန်းကျင်က အိပ်စက်ဖို့အတွက်သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ ပတ်ဝန်းကျင်ဆူညံ့နေရင်လည်းအိပ်ပျော်ဖို့ခက်ပါတယ်။အိပ်ယာက သက်သောင့်သက်သာမရှိရင်လည်း မအိပ်နိုင်ပါဘူး။ ပြီးတော့ သင့်အခန်းကိုအမှောင်ချထားပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြစ်ဖို့ လိုပါတယ်။

အိပ်ခါနီးအလုပ်မလုပ်ပါနဲ့

အိပ်ရာဝင်ခါနီးမှာ အလုပ်တွေကို ဖြတ်ထားပါ။ အိပ်ခါနီးအလုပ်လုပ်တာကလည်းအိပ်မပျော်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။အလုပ် ကိစ္စတွေခေါင်းထဲရောက်လာတဲ့အခါအိပ်ပျော်စေဖို့အတွက် ခက်ခဲသွားနိုင်ပါတယ်။

နေ့ဘက်မှာ အလွန်အကျွံအိပ်တာမျိုး၊ ငိုက်တာမျိုးရှောင်ပါ

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ်က နေ့ဘက်အလွန်အကျွံအိပ်စက်ထားရင်လည်းညဘက်မှာ အိပ်စက်ဖို့ခက်ခဲသွားနိုင်ပါတယ်။ နေ့နဲ့ညမှားသလိုဖြစ်ပြီး အိပ်ချိန်ယန္တရားကပြောင်းပြန်ဖြစ်နေပါလိမ့်မယ်။

စိတ်သက်သာဖို့ သီချင်းဖြစ်စေ၊ Healing sound ဖြစ်စေ ဖွင့်ထားပါ

ညဘက်အိပ်ခါနီးမှာ အိပ်ဆေးကိုအားမကိုးပါနဲ့။ ရေရှည်သောက်တာကသင့်အတွက်ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့အခါမှာသဘာဝနည်းနဲ့သာကုစားဖို့ အကြံပြုလိုပါတယ်။ အိပ်ခါနီးမှာ စိတ်သက်သာရရစေမယ့်သီချင်းလေးဖြစ်စေ Healing ဖြစ်စေမယ့် အသံလေးတွေကိုဖြစ်စေတိုးတိုးလေးဖွင့်ထားပါတယ်။ Sleeping Healing sound လို့ ယူကျူ့မှာရိုက်ရှာကြည့်ရင်တွေ့နိုင်ပါတယ်။ အဲဒါလေးဖွင့်ပြီး အိပ်စက်တာကလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

အိပ်မပျော်တဲ့အခါ အိပ်ရာထဲ လှဲမနေပါနဲ့

အိပ်မပျော်ပေမဲ့ အိပ်ရာထဲပဲ တလူးလူးတလိမ့်လိမ့်မလုပ်ဖို့ အကြံပြုချင်ပါတယ်။အိပ်မပျော်တဲ့အခါ ထထိုင်ပြီး စာဖတ်တာဖြစ်စေ၊ တ ခြားအာရုံစိုက်စရာတခုခုကိုအာရုံလွှဲလိုက်ပါ။ ပင်ပန်းနွမ်းနယ်သွားတဲ့အခါမှာ အိပ်ချင်စိတ်က ဖြစ်လာပါလိမ့်မယ်။

ကဖိန်းဓာတ်ကိုရှောင်ပါ

အိပ်ရာမဝင်မီ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်သောက်တာမျိုးကိုရှောင်ပါ။ဒီအချက်တွေကတော့ အိပ်စက်ဖို့အတွက် အ ထောက်အကူဖြစ်စေမယ့်အကြံပြုချက်တချို့ပဲဖြစ်ပါတယ်။ အားလုံးပဲ ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။

MYit

zawgyi

စိတ္ဖိစီးမႈေတြ မ်ားေနခ်ိန္မွာ အိပ္ေရးပ်က္တတ္ပါတယ္။ စိတ္မသက္မသာနဲ႔ကိုယ္ေရးကိုယ္တာစိုးရိမ္မႈေတြက စိတ္ဖိစီးမႈေတြကိုျဖစ္ေစႏိုင္ပါတယ္။ တခါတေလမွာေဆးဝါးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္လည္း အိပ္မေပ်ာ္တာကို ခံစားရႏိုင္ပါတယ္။သင္က ညဘက္ အိပ္မေပ်ာ္တဲ့သူတေယာက္ဆိုရင္ ဒီအႀကံျပဳခ်က္မ်ားကိုစမ္းသပ္ၾကည့္ႏိုင္ပါတယ္။

ပုံမွန္အိပ္ခ်ိန္ဇယားကို သတ္မွတ္ပါ

ညဘက္မွာ ကိုယ္က ၁၀နာရီခြဲအိပ္မက္ဆိုရင္ အဲဒီအခ်ိန္ပဲ အိပ္သင့္ပါတယ္။ တခါတေလကိုယ့္ရဲ႕အိပ္ခ်ိန္ယႏၲရားက ပုံမွန္လည္ပတ္ေနတဲ့အခါ ၁၀နာရီခြဲအိပ္တဲ့သူကအဲဒီအခ်ိန္မအိပ္လိုက္ရင္ မ်က္စိေၾကာင္သြားၿပီး တခါလုံးအိပ္မေပ်ာ္တာမ်ိဳးျဖစ္တတ္ပါတယ္။သက္ေသာင့္ သက္သာရွိတဲ့ အိပ္ယာနဲ႔ ပတ္ဝန္းက်င္သင့္အိပ္ယာနဲ႔ သင္အိပ္တဲ့ပတ္ဝန္းက်င္က အိပ္စက္ဖို႔အတြက္သက္ေသာင့္သက္သာျဖစ္ဖို႔လိုပါတယ္။ ပတ္ဝန္းက်င္ဆူညံ့ေနရင္လည္းအိပ္ေပ်ာ္ဖို႔ခက္ပါတယ္။အိပ္ယာက သက္ေသာင့္သက္သာမရွိရင္လည္း မအိပ္ႏိုင္ပါဘူး။ ၿပီးေတာ့ သင့္အခန္းကိုအေမွာင္ခ်ထားၿပီး တိတ္တိတ္ဆိတ္ဆိတ္ျဖစ္ဖို႔ လိုပါတယ္။

အိပ္ခါနီးအလုပ္မလုပ္ပါနဲ႔

အိပ္ရာဝင္ခါနီးမွာ အလုပ္ေတြကို ျဖတ္ထားပါ။ အိပ္ခါနီးအလုပ္လုပ္တာကလည္းအိပ္မေပ်ာ္ေစတဲ့ အေၾကာင္းအရင္းျဖစ္ပါတယ္။အလုပ္ ကိစၥေတြေခါင္းထဲေရာက္လာတဲ့အခါအိပ္ေပ်ာ္ေစဖို႔အတြက္ ခက္ခဲသြားႏိုင္ပါတယ္။

ေန႔ဘက္မွာ အလြန္အကြၽံအိပ္တာမ်ိဳး၊ ငိုက္တာမ်ိဳးေရွာင္ပါ

ဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ ကိုယ္က ေန႔ဘက္အလြန္အကြၽံအိပ္စက္ထားရင္လည္းညဘက္မွာ အိပ္စက္ဖို႔ခက္ခဲသြားႏိုင္ပါတယ္။ ေန႔နဲ႔ညမွားသလိုျဖစ္ၿပီး အိပ္ခ်ိန္ယႏၲရားကေျပာင္းျပန္ျဖစ္ေနပါလိမ့္မယ္။

စိတ္သက္သာဖို႔ သီခ်င္းျဖစ္ေစ၊ Healing sound ျဖစ္ေစ ဖြင့္ထားပါ

ညဘက္အိပ္ခါနီးမွာ အိပ္ေဆးကိုအားမကိုးပါနဲ႔။ ေရရွည္ေသာက္တာကသင့္အတြက္ဆိုးက်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္မေပ်ာ္တဲ့အခါမွာသဘာဝနည္းနဲ႔သာကုစားဖို႔ အႀကံျပဳလိုပါတယ္။ အိပ္ခါနီးမွာ စိတ္သက္သာရရေစမယ့္သီခ်င္းေလးျဖစ္ေစ Healing ျဖစ္ေစမယ့္ အသံေလးေတြကိုျဖစ္ေစတိုးတိုးေလးဖြင့္ထားပါတယ္။ Sleeping Healing sound လို႔ ယူက်ဴ႕မွာ႐ိုက္ရွာၾကည့္ရင္ေတြ႕ႏိုင္ပါတယ္။ အဲဒါေလးဖြင့္ၿပီး အိပ္စက္တာကလည္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။

အိပ္မေပ်ာ္တဲ့အခါ အိပ္ရာထဲ လွဲမေနပါနဲ႔

အိပ္မေပ်ာ္ေပမဲ့ အိပ္ရာထဲပဲ တလူးလူးတလိမ့္လိမ့္မလုပ္ဖို႔ အႀကံျပဳခ်င္ပါတယ္။အိပ္မေပ်ာ္တဲ့အခါ ထထိုင္ၿပီး စာဖတ္တာျဖစ္ေစ၊ တ ျခားအာ႐ုံစိုက္စရာတခုခုကိုအာ႐ုံလႊဲလိုက္ပါ။ ပင္ပန္းႏြမ္းနယ္သြားတဲ့အခါမွာ အိပ္ခ်င္စိတ္က ျဖစ္လာပါလိမ့္မယ္။

ကဖိန္းဓာတ္ကိုေရွာင္ပါ

အိပ္ရာမဝင္မီ ကဖိန္းဓာတ္ပါတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္ေသာက္တာမ်ိဳးကိုေရွာင္ပါ။ဒီအခ်က္ေတြကေတာ့ အိပ္စက္ဖို႔အတြက္ အ ေထာက္အကူျဖစ္ေစမယ့္အႀကံျပဳခ်က္တခ်ိဳ႕ပဲျဖစ္ပါတယ္။ အားလုံးပဲ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ၾကပါေစ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*