အင်တာဗျုးချိန်းထားတာကို ပြန်ချိန်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် (၃) ခု

ကုမ္ပဏီတခုကနေ ကိုယ့်ဆီကိုအလုပ်အင်တာဗျူးအတွက် ဘယ်နေ့ဘယ်ရက်၊ဘယ်အချိန်မှာချိန်းထားတယ်ဆိုပါတော့။ အဲဒီချိန်ထားတာကို ကိုယ့်ရဲ့အခက်အခဲတခုကြောင့်ပြန်လည်ချိန်းဆိုပေးဖို့ တောင်းဆိုချင်တဲ့အခါမှာ ခိုင်လုံတဲ့အကြောင်းပြချက် ၃ချက်ရှိပါတယ်။ဒီအချက်တွေကြောင့်မဟုတ်ဘဲနဲ့တော့ အင်တာဗျူးချိန်းထားတာကို နောက်ရွေ့တာ၊အချိန်းပြောင်းတာ၊ ရက်ပြောင်းဖို့တောင်းဆိုတာတွေမလုပ်သင့်ပါဘူး။ဒီအချက်သုံးချက်ကတော့ အင်တာဗျူးချိန်းထားတာကို ပြန်ချိန်းဖို့အတွက်အကြောင်းပြချက်ကောင်းတွေပဲဖြစ်ပါတယ်။

ဖျားနာတာ

ဖျားတာတာဆိုရင်တော့ သေချာပေါက်မသွားသင့်တော့ပါဘူး။ ကူးစက်ဖျားနာခြင်းတွေကကိုယ်တင်မကဘဲ တခြားသူတွေကိုပါ ဆိုးရွာစွာကူးစက်စေနိုင်တာကြောင့်ဒီလိုဖျားနာပြီဆိုရင်တော့ အင်တာဗျူးချိန်းထားတာကို အကျိုးအကြောင်းပြောပြပြီးပြန်ချိန်းသင့်ပါတယ်။ ပြီးတော့ ဖျားနာတဲ့အချိန်မှာ အင်တာဗျူးဖြေဆိုရတာလည်းအဆင်မပြေနိုင်ပါဘူး။ အာရုံစူးစိုက်နိုင်စွမ်းအားနည်းပြီး တက်ကြွမှုလည်းအား နည်းနေပါလိမ့်မယ်။ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးကြုံလာပြီဆိုရင်တော့အင်တာဗျူးဖြေဖို့အတွက် အချိန်ဆွဲတာ အကောင်းဆုံးပါပဲ။အင် တာဗျူးမယ့်သူကလည်း ဖျားနာနေတဲ့သင့်ကို နားလည်ပေးနိုင်ပါလိမ့်မယ်။ ဒီဖျားနာမှုကလုပ်ငန်းခွင်ကိုလည်းထိခိုက်စေနိုင်တာကြောင့် သင့်ထည့်သွင်းစဉ်းစားမှုကိုသဘောကျပါလိမ့်မယ်။ နောက်တချက်ကတော့ အင်တာဗျူးချိန်းဆိုမှုက လူကိုယ်တိုင်မဟုတ်ဘဲဗီဒီယိုလ်ကောလ်၊ ဖုန်းကောလ်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ အသံထွက်ကောင်းစေဖို့သေချာပြင်ဆင်ထားသင့်ပါတယ်။ မေးခွန်းတိုင်းကို ပြတ်ပြတ်သားသားဖြေဆိုဖို့သေချာပြင်ထားသင့်ပါတယ်။

လမ်းခရီးအခက်အခဲ

ဒီပြဿနာကတော့ ဖြစ်နိုင်ချေတွေကိုထည့်တွက်ပြီး သေချာပြင်ဆင်ထားသင့်ပါတယ်။တကယ်လို့ ကိုယ်ကထွက်လာပြီးမှ လမ်းမှာ ကားကပျက်နေတာ၊ထိခိုက်မှုတခုခုဖြစ်တာမျိုးဆိုရင် အင်တာဗျူးသူကို အကျိုးအကြောင်းလှမ်းပြီးရှင်းပြပါ။သူတို့ကို သင့်ပြဿနာရဲ့အရင်း အမြစ်ကို သေသေချာချာပြောပြတာကလည်းသင့်အတွက်စာနာမှုဖြစ်စေပါလိမ့်မယ်။နောက်တချက်ကတော့ ရက်ပြန်ချိန်းဖို့တောင်းဆို ချက်မလုပ်ခင်မှာ အင်တာဗျူးကိုအချိန်မီမရောက်တဲ့တိုင်အောင် နောက်ကျမယ်ဆိုတာမျိုးပြောပြထားပြီးတတ်နိုင်သမျှရောက်အောင်သွားတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်လည်းဖုန်းအင်တာဗျူးလက်ခံနိုင်မလားဆိုတာမျိုးတောင်းဆိုကြည့်ပါ။ တကယ်လို့ဒီလိုဖြစ်ရပ်မျိုးကြုံလာခဲ့ရရင် လုပ်ဆောင်နိုင်ဖို့ မျှဝေထားတာဖြစ်ပါတယ်။

မိသားစုအရေးပေါ်ကိစ္စ

မိသားစုဝင်တစ်ယောက်ယောက် အရေးပေါ်အခြေအနေတခုခုဖြစ်တာကိုကိုင်တွယ်ဖြေရှင်းနေရတဲ့အ ချိန်ကိုက်ပဲ အင်တာဗျူးကရှိနေတာဆိုရင်တော့အကျိုးအကြောင်းကို ရှင်းပြဖို့လိုပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အင်တာဗျူးသူကလည်းနားလည်ပေးနိုင်ပါတယ်။ စာနာပေးနိုင်ပါတယ်။ ဒီလိုအရေးပေါ်အခြေခံတရပ်ကလည်းအင်တာဗျူးကိုပြန်ချိန်းပေးဖို့ အသနားခံလို့ရနိုင်ပါတယ်။

MYit

zawgyi

ကုမၸဏီတခုကေန ကိုယ့္ဆီကိုအလုပ္အင္တာဗ်ဴးအတြက္ ဘယ္ေန႔ဘယ္ရက္၊ဘယ္အခ်ိန္မွာခ်ိန္းထားတယ္ဆိုပါေတာ့။ အဲဒီခ်ိန္ထားတာကို ကိုယ့္ရဲ႕အခက္အခဲတခုေၾကာင့္ျပန္လည္ခ်ိန္းဆိုေပးဖို႔ ေတာင္းဆိုခ်င္တဲ့အခါမွာ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ ၃ခ်က္ရွိပါတယ္။ဒီအခ်က္ေတြေၾကာင့္မဟုတ္ဘဲနဲ႔ေတာ့ အင္တာဗ်ဴးခ်ိန္းထားတာကို ေနာက္ေ႐ြ႕တာ၊အခ်ိန္းေျပာင္းတာ၊ ရက္ေျပာင္းဖို႔ေတာင္းဆိုတာေတြမလုပ္သင့္ပါဘူး။ဒီအခ်က္သုံးခ်က္ကေတာ့ အင္တာဗ်ဴးခ်ိန္းထားတာကို ျပန္ခ်ိန္းဖို႔အတြက္အေၾကာင္းျပခ်က္ေကာင္းေတြပဲျဖစ္ပါတယ္။

ဖ်ားနာတာ

ဖ်ားတာတာဆိုရင္ေတာ့ ေသခ်ာေပါက္မသြားသင့္ေတာ့ပါဘူး။ ကူးစက္ဖ်ားနာျခင္းေတြကကိုယ္တင္မကဘဲ တျခားသူေတြကိုပါ ဆိုး႐ြာစြာကူးစက္ေစႏိုင္တာေၾကာင့္ဒီလိုဖ်ားနာၿပီဆိုရင္ေတာ့ အင္တာဗ်ဴးခ်ိန္းထားတာကို အက်ိဳးအေၾကာင္းေျပာျပၿပီးျပန္ခ်ိန္းသင့္ပါတယ္။ ၿပီးေတာ့ ဖ်ားနာတဲ့အခ်ိန္မွာ အင္တာဗ်ဴးေျဖဆိုရတာလည္းအဆင္မေျပႏိုင္ပါဘူး။ အာ႐ုံစူးစိုက္ႏိုင္စြမ္းအားနည္းၿပီး တက္ႂကြမႈလည္းအား နည္းေနပါလိမ့္မယ္။ ဒါေၾကာင့္ ဒီလိုျဖစ္ရပ္မ်ိဳးႀကဳံလာၿပီဆိုရင္ေတာ့အင္တာဗ်ဴးေျဖဖို႔အတြက္ အခ်ိန္ဆြဲတာ အေကာင္းဆုံးပါပဲ။အင္ တာဗ်ဴးမယ့္သူကလည္း ဖ်ားနာေနတဲ့သင့္ကို နားလည္ေပးႏိုင္ပါလိမ့္မယ္။ ဒီဖ်ားနာမႈကလုပ္ငန္းခြင္ကိုလည္းထိခိုက္ေစႏိုင္တာေၾကာင့္ သင့္ထည့္သြင္းစဥ္းစားမႈကိုသေဘာက်ပါလိမ့္မယ္။ ေနာက္တခ်က္ကေတာ့ အင္တာဗ်ဴးခ်ိန္းဆိုမႈက လူကိုယ္တိုင္မဟုတ္ဘဲဗီဒီယိုလ္ေကာလ္၊ ဖုန္းေကာလ္နဲ႔ဆိုရင္ေတာ့ ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္နဲ႔ အသံထြက္ေကာင္းေစဖို႔ေသခ်ာျပင္ဆင္ထားသင့္ပါတယ္။ ေမးခြန္းတိုင္းကို ျပတ္ျပတ္သားသားေျဖဆိုဖို႔ေသခ်ာျပင္ထားသင့္ပါတယ္။

လမ္းခရီးအခက္အခဲ

ဒီျပႆနာကေတာ့ ျဖစ္ႏိုင္ေခ်ေတြကိုထည့္တြက္ၿပီး ေသခ်ာျပင္ဆင္ထားသင့္ပါတယ္။တကယ္လို႔ ကိုယ္ကထြက္လာၿပီးမွ လမ္းမွာ ကားကပ်က္ေနတာ၊ထိခိုက္မႈတခုခုျဖစ္တာမ်ိဳးဆိုရင္ အင္တာဗ်ဴးသူကို အက်ိဳးအေၾကာင္းလွမ္းၿပီးရွင္းျပပါ။သူတို႔ကို သင့္ျပႆနာရဲ႕အရင္း အျမစ္ကို ေသေသခ်ာခ်ာေျပာျပတာကလည္းသင့္အတြက္စာနာမႈျဖစ္ေစပါလိမ့္မယ္။ေနာက္တခ်က္ကေတာ့ ရက္ျပန္ခ်ိန္းဖို႔ေတာင္းဆို ခ်က္မလုပ္ခင္မွာ အင္တာဗ်ဴးကိုအခ်ိန္မီမေရာက္တဲ့တိုင္ေအာင္ ေနာက္က်မယ္ဆိုတာမ်ိဳးေျပာျပထားၿပီးတတ္ႏိုင္သမွ်ေရာက္ေအာင္သြားတာ အေကာင္းဆုံးပါပဲ။ ဒါမွမဟုတ္လည္းဖုန္းအင္တာဗ်ဴးလက္ခံႏိုင္မလားဆိုတာမ်ိဳးေတာင္းဆိုၾကည့္ပါ။ တကယ္လို႔ဒီလိုျဖစ္ရပ္မ်ိဳးႀကဳံလာခဲ့ရရင္ လုပ္ေဆာင္ႏိုင္ဖို႔ မွ်ေဝထားတာျဖစ္ပါတယ္။

မိသားစုအေရးေပၚကိစၥ

မိသားစုဝင္တစ္ေယာက္ေယာက္ အေရးေပၚအေျခအေနတခုခုျဖစ္တာကိုကိုင္တြယ္ေျဖရွင္းေနရတဲ့အ ခ်ိန္ကိုက္ပဲ အင္တာဗ်ဴးကရွိေနတာဆိုရင္ေတာ့အက်ိဳးအေၾကာင္းကို ရွင္းျပဖို႔လိုပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးကို အင္တာဗ်ဴးသူကလည္းနားလည္ေပးႏိုင္ပါတယ္။ စာနာေပးႏိုင္ပါတယ္။ ဒီလိုအေရးေပၚအေျခခံတရပ္ကလည္းအင္တာဗ်ဴးကိုျပန္ခ်ိန္းေပးဖို႔ အသနားခံလို႔ရႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*