
Introvert ဝန်ထမ်းတစ်ယောက်ရဲ့အားသာချက်များ
သူကအေးတိအေးစက် မပွင့်တပွင့်နဲ့အလုပ်ဘယ်လိုလုပ်မှာလဲဆိုပြီး တွေးထင်ခံရတတ်တာက Introvertတွေဖြစ်ပါတယ်။ Introvert တွေအတွက် လုပ်ငန်းခွင်တိုင်းဟာအဆင်ပြေချင်မှပြေမှာဖြစ်ပေမယ့်အာရုံစိုက်ဖို့လိုအပ်တဲ့၊ စိတ်ကူးကောင်းတွေလိုအပ်တဲ့ လုပ်ငန်းခွင်မျိုးမှာတော့သူတို့ဟာတကယ့်ကိုအခရာကျသူတွေပါ။ Introvert တစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းခွင်ဆီကိုဒီအရည်အချင်းတွေသယ် ဆောင်လာနိုင်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်တတ်ခြင်း လုပ်ငန်းခွင်မှာစကားများများပြောပြီးတက်ကြွရွှင်လန်းနေတဲ့ဝန်ထမ်းတွေကိုသတိထားမိတတ်ကြပေမယ့်စကားနည်းပြီးတကုပ်ကုပ်အ လုပ်လုပ်တတ်သူတွေကိုတော့ သတိမပြုမိတတ်တာမျိုးရှိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Introvert ဝန်ထမ်းတွေမှာတော့ ငြိမ်ငြိမ်သက် သက်နဲ့တစ်နေ့တာရဲ့တာဝန်တွေပြီးဆုံးအောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ အာရုံစိုက်နိုင်စွမ်းရှိခြင်း Introvert တွေရဲ့အားသာချက်က […]