ဘာကြောင့် ရုံးပြန်တက်သင့်သလဲ
လူတွေရဲ့ သဘာဝကိုက လက်ရှိဖြစ်နေတာကိုပဲ ပိုဦးစားပေးတတ်ကြတာ သဘာဝပါပဲ။ ရေတိုအကျိုးကျေးဇူးတွေကိုပဲ ပိုအလေးသာပြီး ရေရှည်မှာ ဖြစ်လာမဲ့ အကျိုး ဆက်တွေကို လျှော့တွက်မိတတ်ကြတယ်။ ဒါကြောင့်လည်း လူသစ်တွေနဲ့ ခင်မင်ရမှာမှန်း သိရဲ့သားနဲ့ ခဏတာ အိမ်မှာနေရတာ ပိုသက်သာလို့ ဆိုပြီး နှစ်ပတ်လည် ဘာဘီကျူးပွဲကို မသွားဘဲ အိမ်မှာပဲ ကွေးနေလိုက်ကြတာမျိုးပေါ့။ […]