၂၀၂၆ စက်တင်ဘာလမှာ ရာသီခွင် (၃) ခုဟာ ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုကြီးတွေကို သံလိုက်လို ဆွဲဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ လအစပိုင်းမှာ ဘာတွေပေါ် ထွက်လာမလဲဆိုတာကို သေချာဂရုစိုက်ကြည့်ကြည့်ပါ။စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ Mercury က တူရာသီခွင်ထဲကို ဝင်ရောက်လာမယ်၊ Venus က ဗြိစ္ဆာ ရာသီထဲကို ရောက်သွားမယ်၊ Uranus က မေထုန်ရာသီမှာ နောက်ပြန်လှည့်လှုပ်ရှားမှု စတင်တော့မယ်၊ ဒါ့အပြင် ကန်ရာသီမှာ New Moonထွက်ပေါ်လာပါလိမ့်မယ်။ ဒီရက်တစ်ရက်တည်းမှာတင် ဖြစ်ပျက်လာမယ့် အရာတွေက လာမယ့်သီတင်းပတ်တွေရဲ့ ပြင်းအားကို ဖော်ပြနေပြီး၊ မထင်မှတ်ထားတဲ့ အခွင့်အလမ်းသစ်တွေကို လက်ခံဖို့အတွက် သင့်ရဲ့ ရှုထောင့်ကို ပြောင်းလဲဖို့ တောင်းဆိုနေသလိုပါပဲ။ဒီလက လက်လှမ်းမမီနိုင်ဘူးလို့ ထင်ရတဲ့ ရည်မှန်းချက်တွေဆီကို ပြင်းထန်တဲ့ အရှိန်အဟုန်အသစ်တွေ ယူဆောင်လာပေးပါလိမ့်မယ်။ သင့်ရဲ့ဇွဲလုံ့လကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါ၊ ဘာလို့လဲဆိုတော့ လက်မလျှော့လိုက်တာကပဲ ဒီရာသီခွင်သုံးခုကို သူတို့ရောက်သင့်တဲ့နေရာကို ရောက်အောင် ပို့ဆောင်ပေးနိုင်မယ့် တစ်ခုတည်းသော အရာဖြစ်လို့ပါပဲ။
Libra
တူရာသီဖွားတွေအနေနဲ့ ဒီစက်တင်ဘာလမှာ ငွေကြေးဆိုင်ရာ အောင်မြင်မှုကြီးတွေကို ဆွဲဆောင်ဖို့ဆိုရင် သည်းခံစိတ်ရှိဖို့ လိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ Venus က ဗြိစ္ဆာရာသီထဲကို ဝင်ရောက်တာနဲ့အမျှ ငွေကြေးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို သင် ရရှိလာပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ခရီးရှည်တစ်ခု ဖြစ်နိုင်တယ်ဆိုတာကို သတိရပါ။ သင့်ရဲ့ အစိုးရဂြိုဟ်ဖြစ်တဲ့ Venus ဟာ အောက်တိုဘာလမှာ Retrograde မစတင်ခင် အကြိုအရိပ်အယောင် ကာလထဲမှာ ရောက်နေပါပြီ။ ယခုကနေ ဒီဇင်ဘာလအထိ ကာလအတွင်းမှာ အရာရာတိုင်းက အချိန်နဲ့အမျှ အဆင်ပြေသွားပါလိမ့်မယ်။ Venus က လအစမှာ ဗြိစ္ဆာရာသီမှာ စတင်ပြီး၊ နောက်ပိုင်းမှာ သင့်ရာသီခွင်ဆီကို ပြန်ဝင်လာမှာဖြစ်လို့ အလုပ်တွေ နှေးကွေးသွားတိုင်း ဘာမှားနေလို့လဲလို့ မတွေးလိုက်ပါနဲ့။ ဒါက သင်လက်မလျှော့လိုက်ရမယ့် ခရီးစဉ်တစ်ခုပါပဲ။ဗြိစ္ဆာရာသီထဲက Venus က သင့်ရဲ့ ငွေကြေးဆိုင်ရာ အာရုံစိုက်မှုကို ပိုပြီး ထက်မြက်လာစေပါတယ်။ အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေပိုရှာနိုင်မယ့် အခွင့် အလမ်းတွေကို ဆုပ်ကိုင်နိုင်ရုံသာမကဘဲ၊ ငွေကြေးနဲ့ အခွင့်အလမ်းတွေကို မြင်တဲ့ သင့်ရဲ့အမြင်တွေပါ ပြောင်းလဲလာပါလိမ့်မယ်။ စက်တင်ဘာကနေ ဒီဇင်ဘာလအထိ တူနဲ့ ဗြိစ္ဆာရာသီကြားမှာ Venus အပြန်အလှန် ရွေ့လျားနေမှုတွေနဲ့အတူ သင်ဟာ သင့်ရဲ့ တကယ့်တန်ဖိုးကို စတင်တွေ့ရှိလာပါလိမ့်မယ်။လအဆုံးပိုင်းမှာတော့ သင်ထိုက်တန်တဲ့ အောင်မြင်မှုကို ဆွဲဆောင်ဖို့ ဘာကိုမှ မကြောက်တော့ဘဲ ရှေ့ဆက်လာနိုင်ပါလိမ့်မယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ Mercury က ဗြိစ္ဆာရာသီထဲကို ရောက်ရှိလာချိန်မှာ သင့်ရဲ့ လမ်းကြောင်းသစ်က ဘယ်ဘက်ကို ဦးတည်နေတယ်ဆိုတာကို စတင်မြင်တွေ့လာရပါလိမ့်မယ်။
Taurus
သင့်ရဲ့ စူးစမ်းလိုစိတ်တွေကို နိုးထလာစေလိုက်ပါ၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ Uranus က မေထုန်ရာသီမှာ နောက်ပြန်လှည့်လှုပ်ရှားမှု စတင်မှာဖြစ်ပြီး တစ်နှစ်ကုန်တဲ့အထိ အဲဒီအတိုင်း ဆက်ရှိနေမှာပါ။ Uranus က တုန်လှုပ်စရာကောင်းပြီး မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတွေကို ယူဆောင်လာပေးသလို၊ ထုံးစံအတိုင်းမဟုတ်ဘဲ ဆန်းသစ်တဲ့ နည်းလမ်းသစ်တွေကိုပါ လက်ခံကျင့်သုံးဖို့ ဖိတ်ခေါ်နေပါတယ်။ တစ်စုံတစ်ရာသော အစီအစဉ်ကိုပဲ တသွေမတိမ်း လိုက်နာနေတာ ဒါမှမဟုတ် တခြားသူတွေရဲ့ မျှော်လင့်ချက်နောက်ကိုပဲ လိုက်နေတာထက်စာရင် ဖြစ်နိုင်ချေအသစ်တွေအပေါ် စူးစမ်းလိုစိတ်ရှိလာအောင် Uranus က သင့်ကို နိုးထစေပါလိမ့်မယ်။ ဝင်ငွေရှာတဲ့လမ်းကြောင်း၊ ငွေဘယ်ကနေ ဖန်တီးမလဲဆိုတာနဲ့ ပေါများကြွယ်ဝမှုဆိုတာ ဘာလဲဆိုတဲ့ အယူအဆတွေကိုပါ လုံးဝကွဲပြားခြားနားတဲ့ ပုံစံနဲ့ စတင်တွေး တောလာပါလိမ့်မယ်။ ဒီစွမ်းအင်နဲ့ သူ ယူဆောင်လာမယ့် အတွေ့အကြုံသစ်တွေဆီကို သင့်ကိုယ်သင် အပ်နှံကြည့်လိုက်ပါ။မေထုန်ရာသီထဲက Uranus ရဲ့ နောက်ပြန်လှည့်မှုဟာ ငွေကြေးနဲ့ပတ်သက်ပြီး သင်တွေးခေါ်ပုံကို ပြောင်းလဲပစ်ဖို့ပါပဲ။ သင်ဟာ ငွေကြေးပိုင်းမှာ အအောင်မြင်ဆုံး ရာသီခွင်တွေထဲက တစ်ခုဖြစ်ပေမယ့်၊ ဘဝရဲ့ အခြားသော ကဏ္ဍတွေအပေါ်မှာလည်း အာရုံစိုက်ဖို့ လမ်းညွှန်ခံနေရပါတယ်။ ဒါဟာ သင့်ရဲ့ ဆက်ဆံရေးတွေနဲ့ သင်လိုချင်တဲ့ ဘဝပုံစံကို အပြည့်အဝခံစားနိုင်ဖို့အ တွက် passive income တွေ ရှာဖွေဖို့ကိုပါ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ မမျှော်လင့်ထားတာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီး စိတ်ကို ဖွင့်ထားလိုက်ပါ။ သင်းလှမ်းဝင်ရောက်လာမယ့် အောင်မြင်မှုက သင့်ဘဝကို အကောင်းဆုံး အသုံးချနိုင်စေတော့မှာပါ။
Cancer
ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး မပင်ပန်းပါစေနဲ့တော့။ စက်တင်ဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကာလအတွင်းမှာ Mars ဟာ Leo ထဲမှာ တည်ရှိနေပြီး ကြွယ်ဝချမ်းသာမှုကို ဖန်တီးချင်တဲ့ သင့်ရဲ့ ဆန္ဒတွေကို လှုံ့ဆော်ပေးနေပါလိမ့်မယ်။ ဒီစွမ်းအင်က ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီကနေ မေလအတွင်း Mars နောက်ပြန်လှည့်တဲ့ အချိန်မှာလည်း ပြန်လည်ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Leo ရာသီထဲက Mars ရဲ့ စွမ်းအင်နဲ့ အလုပ်လုပ်ရတာကို ကျင့်သားရဖို့က အထူးအရေးကြီးပါတယ်။ အထူးသဖြင့် Jupiter ကလည်း ၂၀၂၇ ခုနှစ် ဇူလိုင်လအထိ ဒီရာသီမှာ ဆက်ရှိနေဦးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေမယ့် ကာလတစ်ခု ဖြစ်လာပါလိမ့်မယ်။ သင်ဟာ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ဖန်တီးဖို့သာမက၊ သင်အမြဲတမ်း ရထိုက်တယ်လို့ ခံစားခဲ့ရတဲ့ ဘဝမျိုးကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနိုင်ဖို့အတွက်ပါ အဓိကထား လုပ်ဆောင်လာပါလိမ့်မယ်။Leo ရာသီထဲက Mars က သင့်ရဲ့စွမ်းအင်တွေ ဘယ်ဘက်ကို စီးဆင်းနေလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့စေပါလိမ့်မယ်။ Jupiter နဲ့အတူ ဒီအချက်က ကံကောင်းခြင်းတွေ၊ တိုးတက်ကြီးပွားမှုတွေနဲ့ အသွင်ပြောင်းလဲမှုတွေအပြည့်နဲ့ နေရာတစ်ခုမှာ သင်ရှိနေတယ်ဆိုတာကိုပါ ညွှန်ပြနေပါတယ်။ ဒါဟာ အလုပ်အကိုင်ပြောင်းတာ၊ မိတ်ဖက်ဆက်ဆံရေးတွေ ပြောင်းလဲတာနဲ့ ဘဝကို ဖြတ်သန်းပုံတွေကိုပါ ပြောင်းလဲပစ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ တခြားသူတွေ လိုချင်တာနောက်ကို လိုက်ပြီး နောက်တန်းမှာ နေရတာမျိုးကို သင် အဆုံးသတ်လိုက်ပါပြီ။ ဒါဟာ သင့်ရဲ့စွမ်းအင်အပြည့်နဲ့ ရှေ့ထွက်လာပြီး၊ သင်အမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဘဝကို ဖန်တီးဖို့ ဘာမဆိုလုပ်ဆောင်မယ့် သင့်ရဲ့ အခွင့်အရေးပါပဲ။
ကျော့ကေခိုင်
zawgyi
၂၀၂၆ စက္တင္ဘာလမွာ ရာသီခြင္ (၃) ခုဟာ ဘ႑ာေရးဆိုင္ရာ ေအာင္ျမင္မႈႀကီးေတြကို သံလိုက္လို ဆြဲေဆာင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ လအစပိုင္းမွာ ဘာေတြေပၚ ထြက္လာမလဲဆိုတာကို ေသခ်ာဂ႐ုစိုက္ၾကည့္ၾကည့္ပါ။စက္တင္ဘာလ ၁၀ ရက္ေန႔မွာေတာ့ Mercury က တူရာသီခြင္ထဲကို ဝင္ေရာက္လာမယ္၊ Venus က ၿဗိစာၦ ရာသီထဲကို ေရာက္သြားမယ္၊ Uranus က ေမထုန္ရာသီမွာ ေနာက္ျပန္လွည့္လႈပ္ရွားမႈ စတင္ေတာ့မယ္၊ ဒါ့အျပင္ ကန္ရာသီမွာ New Moonထြက္ေပၚလာပါလိမ့္မယ္။ ဒီရက္တစ္ရက္တည္းမွာတင္ ျဖစ္ပ်က္လာမယ့္ အရာေတြက လာမယ့္သီတင္းပတ္ေတြရဲ႕ ျပင္းအားကို ေဖာ္ျပေနၿပီး၊ မထင္မွတ္ထားတဲ့ အခြင့္အလမ္းသစ္ေတြကို လက္ခံဖို႔အတြက္ သင့္ရဲ႕ ရႈေထာင့္ကို ေျပာင္းလဲဖို႔ ေတာင္းဆိုေနသလိုပါပဲ။ဒီလက လက္လွမ္းမမီႏိုင္ဘူးလို႔ ထင္ရတဲ့ ရည္မွန္းခ်က္ေတြဆီကို ျပင္းထန္တဲ့ အရွိန္အဟုန္အသစ္ေတြ ယူေဆာင္လာေပးပါလိမ့္မယ္။ သင့္ရဲ႕ဇြဲလုံ႔လကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားပါ၊ ဘာလို႔လဲဆိုေတာ့ လက္မေလွ်ာ့လိုက္တာကပဲ ဒီရာသီခြင္သုံးခုကို သူတို႔ေရာက္သင့္တဲ့ေနရာကို ေရာက္ေအာင္ ပို႔ေဆာင္ေပးႏိုင္မယ့္ တစ္ခုတည္းေသာ အရာျဖစ္လို႔ပါပဲ။
Libra
တူရာသီဖြားေတြအေနနဲ႔ ဒီစက္တင္ဘာလမွာ ေငြေၾကးဆိုင္ရာ ေအာင္ျမင္မႈႀကီးေတြကို ဆြဲေဆာင္ဖို႔ဆိုရင္ သည္းခံစိတ္ရွိဖို႔ လိုပါတယ္။ စက္တင္ဘာ ၁၀ ရက္ေန႔မွာ Venus က ၿဗိစာၦရာသီထဲကို ဝင္ေရာက္တာနဲ႔အမွ် ေငြေၾကးဆိုင္ရာ အခြင့္အလမ္းသစ္ေတြကို သင္ ရရွိလာပါလိမ့္မယ္။ ဒါေပမဲ့ ဒါဟာ ခရီးရွည္တစ္ခု ျဖစ္ႏိုင္တယ္ဆိုတာကို သတိရပါ။ သင့္ရဲ႕ အစိုးရၿဂိဳဟ္ျဖစ္တဲ့ Venus ဟာ ေအာက္တိုဘာလမွာ Retrograde မစတင္ခင္ အႀကိဳအရိပ္အေယာင္ ကာလထဲမွာ ေရာက္ေနပါၿပီ။ ယခုကေန ဒီဇင္ဘာလအထိ ကာလအတြင္းမွာ အရာရာတိုင္းက အခ်ိန္နဲ႔အမွ် အဆင္ေျပသြားပါလိမ့္မယ္။ Venus က လအစမွာ ၿဗိစာၦရာသီမွာ စတင္ၿပီး၊ ေနာက္ပိုင္းမွာ သင့္ရာသီခြင္ဆီကို ျပန္ဝင္လာမွာျဖစ္လို႔ အလုပ္ေတြ ေႏွးေကြးသြားတိုင္း ဘာမွားေနလို႔လဲလို႔ မေတြးလိုက္ပါနဲ႔။ ဒါက သင္လက္မေလွ်ာ့လိုက္ရမယ့္ ခရီးစဥ္တစ္ခုပါပဲ။ၿဗိစာၦရာသီထဲက Venus က သင့္ရဲ႕ ေငြေၾကးဆိုင္ရာ အာ႐ုံစိုက္မႈကို ပိုၿပီး ထက္ျမက္လာေစပါတယ္။ အလုပ္အကိုင္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန ေငြပိုရွာႏိုင္မယ့္ အခြင့္ အလမ္းေတြကို ဆုပ္ကိုင္ႏိုင္႐ုံသာမကဘဲ၊ ေငြေၾကးနဲ႔ အခြင့္အလမ္းေတြကို ျမင္တဲ့ သင့္ရဲ႕အျမင္ေတြပါ ေျပာင္းလဲလာပါလိမ့္မယ္။ စက္တင္ဘာကေန ဒီဇင္ဘာလအထိ တူနဲ႔ ၿဗိစာၦရာသီၾကားမွာ Venus အျပန္အလွန္ ေ႐ြ႕လ်ားေနမႈေတြနဲ႔အတူ သင္ဟာ သင့္ရဲ႕ တကယ့္တန္ဖိုးကို စတင္ေတြ႕ရွိလာပါလိမ့္မယ္။လအဆုံးပိုင္းမွာေတာ့ သင္ထိုက္တန္တဲ့ ေအာင္ျမင္မႈကို ဆြဲေဆာင္ဖို႔ ဘာကိုမွ မေၾကာက္ေတာ့ဘဲ ေရွ႕ဆက္လာႏိုင္ပါလိမ့္မယ္။ စက္တင္ဘာ ၃၀ ရက္ေန႔မွာ Mercury က ၿဗိစာၦရာသီထဲကို ေရာက္ရွိလာခ်ိန္မွာ သင့္ရဲ႕ လမ္းေၾကာင္းသစ္က ဘယ္ဘက္ကို ဦးတည္ေနတယ္ဆိုတာကို စတင္ျမင္ေတြ႕လာရပါလိမ့္မယ္။
Taurus
သင့္ရဲ႕ စူးစမ္းလိုစိတ္ေတြကို ႏိုးထလာေစလိုက္ပါ၊ စက္တင္ဘာ ၁၀ ရက္ေန႔မွာ Uranus က ေမထုန္ရာသီမွာ ေနာက္ျပန္လွည့္လႈပ္ရွားမႈ စတင္မွာျဖစ္ၿပီး တစ္ႏွစ္ကုန္တဲ့အထိ အဲဒီအတိုင္း ဆက္ရွိေနမွာပါ။ Uranus က တုန္လႈပ္စရာေကာင္းၿပီး မေမွ်ာ္လင့္ထားတဲ့ အခြင့္အလမ္းေတြကို ယူေဆာင္လာေပးသလို၊ ထုံးစံအတိုင္းမဟုတ္ဘဲ ဆန္းသစ္တဲ့ နည္းလမ္းသစ္ေတြကိုပါ လက္ခံက်င့္သုံးဖို႔ ဖိတ္ေခၚေနပါတယ္။ တစ္စုံတစ္ရာေသာ အစီအစဥ္ကိုပဲ တေသြမတိမ္း လိုက္နာေနတာ ဒါမွမဟုတ္ တျခားသူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေနာက္ကိုပဲ လိုက္ေနတာထက္စာရင္ ျဖစ္ႏိုင္ေခ်အသစ္ေတြအေပၚ စူးစမ္းလိုစိတ္ရွိလာေအာင္ Uranus က သင့္ကို ႏိုးထေစပါလိမ့္မယ္။ ဝင္ေငြရွာတဲ့လမ္းေၾကာင္း၊ ေငြဘယ္ကေန ဖန္တီးမလဲဆိုတာနဲ႔ ေပါမ်ားႂကြယ္ဝမႈဆိုတာ ဘာလဲဆိုတဲ့ အယူအဆေတြကိုပါ လုံးဝကြဲျပားျခားနားတဲ့ ပုံစံနဲ႔ စတင္ေတြး ေတာလာပါလိမ့္မယ္။ ဒီစြမ္းအင္နဲ႔ သူ ယူေဆာင္လာမယ့္ အေတြ႕အႀကဳံသစ္ေတြဆီကို သင့္ကိုယ္သင္ အပ္ႏွံၾကည့္လိုက္ပါ။ေမထုန္ရာသီထဲက Uranus ရဲ႕ ေနာက္ျပန္လွည့္မႈဟာ ေငြေၾကးနဲ႔ပတ္သက္ၿပီး သင္ေတြးေခၚပုံကို ေျပာင္းလဲပစ္ဖို႔ပါပဲ။ သင္ဟာ ေငြေၾကးပိုင္းမွာ အေအာင္ျမင္ဆုံး ရာသီခြင္ေတြထဲက တစ္ခုျဖစ္ေပမယ့္၊ ဘဝရဲ႕ အျခားေသာ က႑ေတြအေပၚမွာလည္း အာ႐ုံစိုက္ဖို႔ လမ္းၫႊန္ခံေနရပါတယ္။ ဒါဟာ သင့္ရဲ႕ ဆက္ဆံေရးေတြနဲ႔ သင္လိုခ်င္တဲ့ ဘဝပုံစံကို အျပည့္အဝခံစားႏိုင္ဖို႔အ တြက္ passive income ေတြ ရွာေဖြဖို႔ကိုပါ ဆိုလိုတာ ျဖစ္ႏိုင္ပါတယ္။ မေမွ်ာ္လင့္ထားတာေတြကို ရင္ဆိုင္ဖို႔ ျပင္ဆင္ထားၿပီး စိတ္ကို ဖြင့္ထားလိုက္ပါ။ သင္းလွမ္းဝင္ေရာက္လာမယ့္ ေအာင္ျမင္မႈက သင့္ဘဝကို အေကာင္းဆုံး အသုံးခ်ႏိုင္ေစေတာ့မွာပါ။
Cancer
ကိုယ့္ကိုယ္ကိုယ္ အရမ္းႀကီး မပင္ပန္းပါေစနဲ႔ေတာ့။ စက္တင္ဘာ ၂၇ ရက္ေန႔ကေန ႏိုဝင္ဘာ ၂၅ ရက္ေန႔အထိ ကာလအတြင္းမွာ Mars ဟာ Leo ထဲမွာ တည္ရွိေနၿပီး ႂကြယ္ဝခ်မ္းသာမႈကို ဖန္တီးခ်င္တဲ့ သင့္ရဲ႕ ဆႏၵေတြကို လႈံ႕ေဆာ္ေပးေနပါလိမ့္မယ္။ ဒီစြမ္းအင္က ၂၀၂၇ ခုႏွစ္ ေဖေဖာ္ဝါရီကေန ေမလအတြင္း Mars ေနာက္ျပန္လွည့္တဲ့ အခ်ိန္မွာလည္း ျပန္လည္ေရာက္ရွိလာဦးမွာ ျဖစ္ပါတယ္။ Leo ရာသီထဲက Mars ရဲ႕ စြမ္းအင္နဲ႔ အလုပ္လုပ္ရတာကို က်င့္သားရဖို႔က အထူးအေရးႀကီးပါတယ္။ အထူးသျဖင့္ Jupiter ကလည္း ၂၀၂၇ ခုႏွစ္ ဇူလိုင္လအထိ ဒီရာသီမွာ ဆက္ရွိေနဦးမွာ ျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ။ ဒါဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ စိတ္အားထက္သန္မႈေတြနဲ႔ ျပည့္ႏွက္ေနမယ့္ ကာလတစ္ခု ျဖစ္လာပါလိမ့္မယ္။ သင္ဟာ ႀကီးမားတဲ့ ခ်မ္းသာႂကြယ္ဝမႈကို ဖန္တီးဖို႔သာမက၊ သင္အၿမဲတမ္း ရထိုက္တယ္လို႔ ခံစားခဲ့ရတဲ့ ဘဝမ်ိဳးကို ကိုယ့္ကိုယ္ကိုယ္ ျပန္ေပးႏိုင္ဖို႔အတြက္ပါ အဓိကထား လုပ္ေဆာင္လာပါလိမ့္မယ္။Leo ရာသီထဲက Mars က သင့္ရဲ႕စြမ္းအင္ေတြ ဘယ္ဘက္ကို စီးဆင္းေနလဲဆိုတာကို ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕ေစပါလိမ့္မယ္။ Jupiter နဲ႔အတူ ဒီအခ်က္က ကံေကာင္းျခင္းေတြ၊ တိုးတက္ႀကီးပြားမႈေတြနဲ႔ အသြင္ေျပာင္းလဲမႈေတြအျပည့္နဲ႔ ေနရာတစ္ခုမွာ သင္ရွိေနတယ္ဆိုတာကိုပါ ၫႊန္ျပေနပါတယ္။ ဒါဟာ အလုပ္အကိုင္ေျပာင္းတာ၊ မိတ္ဖက္ဆက္ဆံေရးေတြ ေျပာင္းလဲတာနဲ႔ ဘဝကို ျဖတ္သန္းပုံေတြကိုပါ ေျပာင္းလဲပစ္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ တျခားသူေတြ လိုခ်င္တာေနာက္ကို လိုက္ၿပီး ေနာက္တန္းမွာ ေနရတာမ်ိဳးကို သင္ အဆုံးသတ္လိုက္ပါၿပီ။ ဒါဟာ သင့္ရဲ႕စြမ္းအင္အျပည့္နဲ႔ ေရွ႕ထြက္လာၿပီး၊ သင္အၿမဲတမ္း အိပ္မက္မက္ခဲ့တဲ့ ခ်မ္းသာႂကြယ္ဝမႈနဲ႔ ဘဝကို ဖန္တီးဖို႔ ဘာမဆိုလုပ္ေဆာင္မယ့္ သင့္ရဲ႕ အခြင့္အေရးပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply