ပြီးခဲ့တဲ့ နှစ်နှစ်တာ စိတ်ဆင်းရဲစရာ အခက်အခဲတွေပြီးတဲ့နောက် ရာသီဖွား ၄ ခုအတွက် ဘဝက ပြန်လည်လွယ်ကူ ချောမွေ့လာပါပြီ။ ၂၀၂၄ ခုနှစ်ကတည်းက စပြီး အရာရာဟာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတာပါ။ ဒုက္ခမျိုးစုံနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးပြီမို့ အခုဆိုရင် သက်သာရာရဖို့ အချိန်တန်ပါပြီ။ကံကောင်းတာတစ်ခုကတော့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကန်ရာသီ လဆန်းရက် (Virgo New Moon) က အေးချမ်းမှုနဲ့ ပျော်ရွှင်မှုတွေပါတဲ့ ခေတ်သစ်တစ်ခုဆီကို ဦးတည်ခေါ်ဆောင်သွားခဲ့တာပါပဲ။ ဗေဒင်ဆရာမ Amy Demure ရဲ့ အဆိုအရ “ဒီရာသီဖွားတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုန်းကန်ခဲ့ရတဲ့ ဘဝရဲ့ နယ်ပယ်တွေမှာ နောက်ဆုံးတော့ အကျိုးခံစားခွင့်တွေ ပြန်ရတော့မှာပါ” တဲ့။ စိတ်ရှုပ်စရာတွေ ပြီးဆုံးသွားပြီမို့ သူတို့ရဲ့ ဘဝတွေ တိုးတက်ပြောင်းလဲလာတာကို မြင်တွေ့ရတော့မှာပါ။
Gemini
မေထုန်ရာသီဖွားတို့အတွက်သင်တို့ဟာ နှစ်နှစ်တာ စိတ်ဒဏ်ရာနဲ့ အသည်းကွဲရတဲ့ သံသရာကို နောက်ဆုံးတော့ အဆုံးသတ်နိုင်ခဲ့ပါပြီ။ “ချစ်သူ အိမ်ထောင်ဖက်တွေက သင့်ကို အပြင်းအထန် နာကျင်အောင်လုပ်ခဲ့တာ၊ စိတ်ပျက်အောင်လုပ်ခဲ့တာ ဒါမှမဟုတ် သစ္စာဖောက်ခဲ့တာတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်” လို့ Demure က ဆိုပါတယ်။ “ဒါပေမဲ့ ဒီလဆန်းရက်ဟာ သင့်ရဲ့ အချစ်ရေးမှာ ခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်”သင်ဟာ ခိုင်မာလေးနက်တဲ့ အချစ်ရေးတစ်ခုဆီကို ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ဒီတစ်ကြိမ်မှာတော့ အရင်တုန်းကထက် အများကြီး ပိုမိုကျန်းမာကြံ့ခိုင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာမှာပါ။ လွန်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ သင့်အိမ်မက်ထဲက ပိုင်ရှင်မျိုးနဲ့ ဆုံတွေ့ခွင့်ရမယ့် ကောင်းချီးကို ရရှိတော့မှာပါ။ နောက်ဆုံးမှာတော့ သင်နဲ့ အမှန်တကယ် ထိုက်တန်တဲ့ ဆက် ဆံပြုမူမှုမျိုးကို ရရှိတော့မှာ ဖြစ်ပါတယ်။
Virgo
လွန်ခဲ့တဲ့ နှစ်နှစ်က ကန်ရာသီဖွားတွေအတွက်တော့ မရပ်မနား နာကျင်မှုတွေ၊ ဆုတ်ယုတ်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ စိတ်ပျက်စရာတွေချည်း ဆက်တိုက် ကြုံနေရသလို ခံစားခဲ့ရမှာပါ။ အချစ်ရေးကနေ စလို့ အလုပ်အကိုင်နဲ့ ဘဏ္ဍာရေးအထိ စိတ်ဆင်းရဲစရာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ ဒါပေမဲ့ သင့်ရာသီခွင်မှာ ကျရောက်တဲ့ လဆန်းရက်ဟာ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အရာရာဟာ အများကြီး ပိုမိုလွယ်ကူ အဆင်ပြေလာတော့မှာပါ။”နောက်ဆုံးတော့ သင် အကျိုးခံစားရမယ့်အချိန် ရောက်လာပါပြီ” လို့ ဗေဒင်ဆရာမက ဆိုပါတယ်။ “အရင်က ရုန်းကန်ခဲ့ရတဲ့ ဘဝရဲ့ ဘယ်နယ်ပယ်မဆို အခုအခါမှာ အောင်မြင်မှုတွေ ရှာဖွေတွေ့ရှိနိုင်မယ့် နယ် ပယ် ဖြစ်လာပါပြီ”။ ဒါကြောင့် မျှော်လင့်ချက် မကင်းမဲ့လိုက်ပါနဲ့ဦး။ နှစ်နှစ်တာ ဒုက္ခတွေပြီးရင် ကံကောင်းခြင်းတွေက သင့်ဘက်မှာ ရှိနေပါပြီ။
Sagittarius
ဓနုရာသီဖွားတို့ရေ… သင်တို့ ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာတွေကို ပင်ပန်းကြီးစွာ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်က အလုပ်အကိုင် ဆုတ်ယုတ်မှုတွေ၊ စိတ် ပျက်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်ကစပြီး သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အလဟဿ ဖြစ်မနေတော့ပါဘူး။”သင်တို့ထဲက အတော်များများဟာ ထိုက်တန်တဲ့ ငွေကြေး၊ အောင်မြင်မှု ဒါမှမဟုတ် အသိအမှတ်ပြုမှုတွေကို မရရှိဘဲ အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ကြရတာပါ” လို့ ဗေဒင်ဆရာမက ရှင်းပြပါတယ်။ ဒီလဆန်းရက်က အဲဒါတွေကို ပြောင်းလဲပေးလိုက်ပြီး Demure ရဲ့ အဆိုအရ “သင့်ရဲ့ အလုပ်အကိုင်မှာ အောင်မြင်မှုတွေ ပြည့်နှက်နေမယ့် တစ်နှစ်တာ ခေတ် သစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာပါ” တဲ့။ ချမ်းသာကြွယ်ဝမှုနဲ့ စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတွေဟာ သင့်ဆီကို အမြတ်အစွန်းအဖြစ် ဝင်ရောက်လာတော့မှာမို့ ပျော်ပျော်ရွှင်ရွှင်သာ ကြိုဆိုလိုက်ပါ။ ဒါဟာ သင် အမြဲမက်ခဲ့ရတဲ့ အိပ်မက်ပါပဲ။
Pisces
လွန်ခဲ့တဲ့ နှစ်နှစ်ဟာ မိန်ရာသီဖွားတွေအတွက် စိန်ခေါ်မှုများခဲ့ပေမဲ့ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ နှစ်တွေလည်း ဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ အဆုံးသတ်အချို့နဲ့ အသည်းကွဲရတာတွေကို သင် ကြုံတွေ့ခဲ့ရပါတယ်။ ကံကောင်းတာက တန်ဖိုးရှိတဲ့ သင်ခန်းစာအချို့ကိုလည်း သင် သင်ယူနိုင်ခဲ့တာပါပဲ။ သင့်ဘဝထဲကို အဆိပ်အ တောက်ဖြစ်စေမယ့်အရာတွေ ဝင်ရောက်လာတာကို သင် နောက်ထပ် လက်ခံတော့မှာ မဟုတ်ပါဘူး။”အဲဒီလို ပြတ်သားသွားခဲ့တာကြောင့် သင် လိုချင်တောင့်တတဲ့ အချစ်တွေ စီးဝင်လာနိုင်တော့မှာပါ” လို့ Demure က ဆိုပါတယ်။ “သင့်ကို အချိန်၊ အားစိုက်ထုတ်မှု၊ စွမ်းအင်နဲ့ ဂရုစိုက်မှုတွေ အပြည့်အဝပေးမယ့် ချစ်သူမျိုးကို နောက်ဆုံးတော့ ရရှိလာတော့မှာပါ” လို့ မျှော်လင့်ထားလိုက်ပါ။
သင့်အိပ်မက်ထဲက အိမ်ထောင်ဖက်ချစ်သူဟာ သင့်ဆီကို ဦးတည်လာနေပြီမို့ စိတ်ကို ဖွင့်ထားပေးပါ။ အပြင်မထွက်ဘဲ အခန်းထဲမှာပဲ အောင်းနေဖို့ တွေးထားရင်တော့ အဲဒီအတွေးကို ဖျောက်လိုက်ပါ။ သင့်ဘဝရဲ့ အချစ်စစ်နဲ့ ဆုံတွေ့ရတော့မှာဖြစ်ပေမဲ့ အခန်းထဲမှာပဲ ပုန်းနေရင်တော့ ဆုံနိုင်မှာ မဟုတ်ဘူးလို့ Demure က ပြောထားပါတယ်။
ကျော့ကေခိုင်
zawgyi
Gemini
Virgo
Sagittarius
Pisces
ကျော့ကေခိုင်
Leave a Reply