လစာတိုးဖို့အဆင်သင့်ဖြစ်နေသူများ

March 20, 2024 Aung Khant Mon 0

အခွင့်အလမ်းဆိုတာကကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်တန်းရောက်လာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ အလုပ်မှာရာထူးတိုးချင်တယ်၊ လစာတိုးချင်တယ်ဆိုပြီး မကြိုးစားဘဲနေရင်တော့ မဖြစ်နိုင်တာကိုတမ်းတမိနေတာပဲဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာရာထူးတိုးဖို့၊ လစာတိုးဖို့ ရယ်ဒီဖြစ်နေပြီဆိုတာကိုဒီအချက်တွေနဲ့ ကိုယ့်မန်နေဂျာကို၊ ကိုယ့်အထက်လူကြီးကို သိစေနိုင်ပါတယ်။ 1. ကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်တာကအလုပ်မပြုတ်အောင်ထိန်းထားနိုင်တယ်ဆိုတာသေချာပါတယ်။ဒါပေမဲ့ တာဝန်ကျေတာထက်ပိုပြီးကြိုးစားခဲ့ရင်တော့ ကိုယ့်ကိုသတိထားမိလာမှာအသေအချာပါပဲ။ခိုင်းတဲ့အလုပ်တိုင်းကိုအချိန်မီပေးမယ်၊ ကိုယ့်ရဲ့ Management Skills ကိုပြသမယ်၊ Communication ၊ Collaboration ကောင်းမယ် စတဲ့အချက်တွေကိုထင်ထင်ရှားရှားပြသတတ်ဖို့လိုပါတယ်။ 2. […]

အသက် 30 မှာ အသက်မွေးဝမ်းကျောင်းပြောင်းမယ့်သူတွေအတွက် အချက် 4 ချက်

March 19, 2024 Aung Khant Mon 0

အသက် 30 မှာ Career ပြောင်းလဲတာက ‌နောက်ကျနေပြီလို့လည်းမဆိုနိုင်သလိုမနောက်ကျသေးဘူးလို့လည်းပြောရခက်ပြန်ပါတယ်။ ဒီအရွယ်မှာ Career ပြောင်းတာကရွေးချယ်ခွင့်တွေများပြားနေသေးတာမှန်ပေမယ့်သေသေချာချာစဥ်းစားဆုံးဖြတ်ဖို့ကလည်းအရေးကြီးလှပါတယ်။အသက် 30 အရွယ်မှာ Career ပြောင်းမယ်ဆိုရင် ဒါကိုအဆင်ပြေချောမွေ့စေမယ့် နည်းလမ်း 4 ချက်ရှိပါတယ်။ ဒီ 4 ချက်ကို သိရှိထားမယ်ဆိုရင်ကိုယ်ပြုလုပ်တဲ့အပြောင်းအလဲမှာအမှားအယွင်းနည်းပြီး အောင်မြင်တဲ့ Career Change တစ်ခုဖြစ်စေပါလိမ့်မယ်။ […]

အိမ်ကနေအလုပ်လုပ်ရင်း အလုပ်ပြီးမြောက်ချင်တယ်ဆိုရင်ဒါတွေလုပ်ပါ

March 16, 2024 Aung Khant Mon 0

အလုပ်ရှင်တွေက အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာ ဒါမှမဟုတ်အိမ်နဲ့ရုံးရက်ခွဲပြီးအလုပ်လုပ်ခွင့်ပေးတာမျိုးတွေရှိလာကြပါတယ်။ အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာက ရုံးဘက်ကကုန်ကျစရိတ်တချို့သက်သာသလိုကောင်းကျိုးတွေလည်းအများကြီးရှိတာကိုတွေ့လာကြရလို့ဖြစ်ပါတယ်။ အိမ်ကနေအလုပ်လုပ်မယ်ဆိုရင်ဒီအချက်တွေကိုကျော်မပစ်ဘဲ စနစ်တကျလေးလုပ် ဆောင်တာကပိုပြီးအဆင်ပြေပါတယ်နော်။ -အိမ်မှာပဲလုပ်လုပ်ရုံးမှာပဲလုပ်လုပ် တစ်နေ့တစ်နေ့ဘာတွေလုပ်ရမယ်ဆိုတဲ့ to-do list တွေလုပ်ဖို့ကတော့လိုပါတယ်နော်။ လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ Deadline၊ လုပ်ဖို့လိုသေးတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းမှတ်တမ်းလေးတွေလုပ်ဖို့လိုပါတယ်။ -နောက်တစ်ချက်က အလုပ်လုပ်မယ့်နေရာလေးသေသေချာချာဖန်တီးဖို့ပါ။ အိမ်ကနေအဆင်ပြေမယ့်နေရာမှာစားပွဲတစ်လုံးခင်းပြီး လုပ်မယ်လို့မတွေးဘဲအိမ်ရဲ့အနှောင့်အယှက်အကင်းဆုံးနေရာတစ်ခုမှာအလုပ်စားပွဲလေးပြင်ဆင်သင့်ပါတယ်။အဓိကကတော့ အင်တာနက်ကွန်နက်ရှင်ကောင်းကောင်း၊ အလင်းရောင်ကောင်းကောင်း၊မီးပလပ်ပေါက်ရှိမယ့်နေရာစတာတွေကိုရွေးချယ်ဖို့ပါပဲ။ -ရုံးမှာလိုပဲနားချိန်ယူဖို့ မမေ့ပါနဲ့နော်။ […]

ရုံးသမားများအတွက်အလုပ်စားပွဲမှာတင်လေ့ကျင့်နိုင်တဲ့ယောဂလေ့ကျင့်ခန်းလေးများ

March 14, 2024 Aung Khant Mon 0

တစ်နေကုန်အလုပ်စားပွဲမှာထိုင်ညောင်းညာပင်ပန်းပြီးတက်ကြွလန်းဆန်းမှုမရှိဖြစ်နေတယ်။ ဒါပေမဲ့ရုံးဆင်းချိန် Workout လုပ်ဖို့လည်းအချိန်မပေးနိုင်ဘူးဆိုရင်လွယ်ကူတဲ့ဒီယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်သင့်ပါတယ်နော်။ကိုယ့်ရဲ့အလုပ်စားပွဲမှာတင်လုပ်နိုင်တဲ့ ယောဂလေ့ကျင့်ခန်းလေးတွေဖြစ်ပြီးယောဂမလေ့ကျင့်ဖူးတဲ့သူတွေလည်း လိုက်လုပ်ဖို့အဆင်ပြေပါတယ်။တစ်နေကုန်ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အစည်းအဝေးမစခင်ချက်ချင်းလန်းဆန်းချင်တဲ့အခါဒါလေးတွေကိုလေ့ကျင့်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေက အလုပ်ကိုအာရုံစူးစိုက်နိုင်စွမ်းလည်းတိုးလာစေနိုင်ပါတယ်။ Seated Backbend ထိုင်ခုံမှာထိုင်ပါ။ ခါးကိုမတ်မတ်ထားပါ။ အသက်ဖြည်းဖြည်းရှူသွင်းရင်းလက်ကိုမျက်နှာကြက်ဆီဆန့်တန်းလိုက်ပါ။ ပြီးရင်ခါးအထက်ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်ကိုလှန်ချပါ။ အသက်ရှူထုတ်ရင်းမူလပုံစံအတိုင်းပြန်နေပါ။ ဒါလေးကို 3 ကြော့လေ့ကျင့်နိုင်ပါတယ်။ Chair Twist ထိုင်ခုံမှာ […]

အတွေ့ရအများဆုံး Personality 5 ခုနဲ့ လိုက်ဖက်သောအလုပ်များ

March 14, 2024 Aung Khant Mon 0

အလုပ်ရှင်နဲ့မန်နေဂျာတွေက အလုပ်လျှောက်သူတွေကိုဆန်းစစ်တဲ့နေရာမှာ Personality ကိုစစ်ဆေးတဲ့စာမေးပွဲလေးတွေလုပ်ရတာကိုနှစ်သက်ကြပါတယ်။ Personality ကိုစစ်ဆေးတာကသင်နဲ့ဒီအလုပ်တကယ်သင့်တော်၊ မတော်ကိုဆုံးဖြတ်ချက်ချရာမှာပိုလွယ်ကူစေပါတယ်။ 20 ရာစုအလယ်ပိုင်းမှာ သုတေသီတွေက Personality လက္ခဏာရပ် 5 ခုကိုသတ်မှတ်ခဲ့ကြပါတယ်။ဒီလက္ခဏာရပ် 5ခုကိုအသုံး ချပြီးကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တွေကိုမှန်မှန်ကန်ကန်ရွေးချယ်ကြည့်နိုင်ပါတယ်။ဒီ 5 မျိုးဟာ Openness၊ Conscientiousness၊ Extroversion၊ Agreeableness နဲ့ Neuroticism တို့ဖြစ်ပါတယ်။ […]

အလုပ်လက်မဲ့ဖြစ်နေချိန် ဘာတွေလုပ်သင့်လဲ

March 13, 2024 Aung Khant Mon 0

အလုပ်တစ်ခုရဖို့ကြိုးစားနေချိန်၊ အလုပ်သစ်ရှာဖွေရတဲ့အချိန်တွေဆိုတာ စိန်ခေါ်မှုတစ်ခုပါ။ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်နေရင် တောင် သူတကယ်လိုချင်တဲ့ရာထူးနဲ့လစာကိုရနိုင်ဖို့အများကြီးစောင့်ဆိုင်းရ ရှာဖွေရပါတယ်။ကိုယ်ကအလုပ်လက်မဲ့ဖြစ်နေချိန်မှာ အလုပ်ရှာဖွေမှုကိုပဲအာရုံစိုက်ထားတယ်ဆိုတာကမှန်ကန်ပေမယ့်တစ်ဖက်မှာလည်းကိုယ့် Lifestyle အတွက်ကောင်းမွန်တဲ့အရာတွေအများကြီးကိုလုပ်ဆောင်နိုင်ပါသေးတယ်။ အလုပ်လက်မဲ့ဖြစ်နေလို့ဆိုပြီးလုံးလုံးကြီးစိတ်ဓာတ်ကျနေစရာမလိုဘဲ အလုပ်လည်းရှာ၊ကိုယ်ပိုင်အချိန်တွေကိုလည်းအကျိုးရှိအောင်သုံးဆိုတာမျိုးလုပ်သင့်ပါတယ်။လူတော်တော်များများလည်း ဒီလိုလုပ်ဆောင်ကြတာတွေ့ရပါတယ်။ကိုယ်စိတ်ပါတာလေးတွေလုပ်ဆောင်ရတဲ့အတွက် စိတ်လည်းပျော်ရွှင်ပြီးအလုပ်ရှာဖွေနေချိန်ကာလမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတာစိတ်ဓာတ်ကျတာတွေကိုလည်းလျော့ပါးစေပါတယ်။စိတ်ကူးကောင်းတွေကိုလည်းဖြစ်ပေါ်လာစေပါတယ်။ဒီလိုမျိုး အလုပ်မရှိလို့ကိုယ်ပိုင်အချိန်လေးရတုန်း ဘာတွေလုပ်သင့်လဲဆိုတာကို Career အကြံပေးပညာရှင်တွေက အခုလိုရွေးထုတ်ပြောပြထားပါတယ်။ ဝါသနာပါတာလေးတွေလုပ်ဖြစ်အောင်လုပ်ပါ နေ့စဥ်အလုပ်တက်စရာမလိုတဲ့အချိန်၊ အလုပ်ကိစ္စတွေစဥ်းစားစရာမလိုသေးချိန်မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ကြည့်ဖို့လိုပါတယ်။ ကိုယ်စိတ်ဝင်စားပြီးမလုပ်ဖူးသေးတဲ့တချို့သောအရာလေးတွေကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ ဥပမာ […]

‌ဉာဏ်ကောင်းပေမယ့် ဒီအချက်တွေမရှိရင်မအောင်မြင်ပါ

March 11, 2024 Aung Khant Mon 0

ဉာဏ်ကောင်းတယ်၊ ဉာဏ်ထက်မြက်တယ်၊ Creation အားကောင်းတယ်ဆိုရုံနဲ့အောင်မြင်မှုရဖို့အာမမခံနိုင်ပါဘူး။ဒီနေရာမှာ စည်းကမ်းဆိုတာမရှိရင် ဘယ်အရာမှာမှအောင်မြင်ဖို့သိပ်မလွယ်ဘူးလို့ပညာရှင်တွေကဆိုကြပါတယ်။ဉာဏ်ရည်ထက်မြက်ပြီးတော့ စည်းကမ်းမရှိသူ၊ စည်းကမ်းမကြိုက်သူတွေမှာဒီအပြုအမူမျိုးတွေရှိတတ်ကြပြီး ဒါတွေကပဲ သူတို့ကိုအောင်မြင်မှုကနေဝေးကွာနေစေတာဖြစ်ပါတယ်။ ဒီအမူအကျင့်တွေကဘာတွေများဖြစ်မလဲ… ဟိုရွှေ့ဒီရွှေ့အလေ့အကျင့်တွေ – လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်မလုပ်ဘဲ ဟိုနေ့ရွှေ့ဒီနေ့ရွှေ့လုပ်တတ်တဲ့အကျင့်ပါ။နှေးကွေးတဲ့၊အချိန် ဆွဲတဲ့အလေ့အကျင့်ရှိရင် ဘယ်လောက်ပဲဉာဏ်ကောင်းကောင်းဆီမရှိတဲ့ကားလိုပဲဖြစ်နေမှာပါ။ကားအကောင်းကြီးတော့ရှိပေမယ့် ဘာမှသုံးမရသလိုပါပဲ။ ဒါကြောင့်မို့ကိုယ်ကဉာဏ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပျင်းလို့တော့လုံးဝမဖြစ်ပါဘူးနော်။ စဉ်းစားလွန်းခြင်း – Overthinking […]

5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ(၂)

March 8, 2024 Aung Khant Mon 0

အရင်နေ့က 5 နှစ်စာ Career Plan ဘာ့ကြောင့်ထားရှိသင့်တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ဒီနေ့မှာတော့ 5 နှစ်စာ Career Plan တစ်ခုကိုဘယ်လို ပုံစံတကျ Develop လုပ်ရမယ်ဆိုတာကိုမျှဝေပေးချင်ပါတယ်။ 5 Year Career Plan အတွက် Brainstorm လုပ်တဲ့နေရာမှာကိုယ့်ကိုယ်ကိုယ်မေးသင့်တဲ့မေးခွန်းတွေကတော့ -ငါဘာကိုတကယ်လုပ်ချင်တာလဲ -ငါစိတ်ကူးယဥ်ထားတဲ့အလုပ်ကဘာလဲ -ငါ့ရဲ့နောက်ခံ Background […]

5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ

March 8, 2024 Aung Khant Mon 0

“နောင် 5 နှစ်မှာ မင်းကိုယ်မင်းဘယ်လိုလူအဖြစ်မြင်တွေ့ချင်လဲ” ဆိုတဲ့မေးခွန်းက ကိုယ့်ဆရာ၊ကိုယ့်မိသားစုဝင်တွေနဲ့အင်တာဗျူးနေသူ စသဖြင့်တစ်ယောက်ယောက်ဆီကနေကြားဖူးနိုင်ပါတယ်။အလုပ်စလုပ်ပြီဆိုကတည်းက ငါဒီနှစ်တော့အဆင်ပြေတာဝင်လုပ်လိုက်မယ်ဆိုတာမျိုးထက်အနည်းဆုံးနောင် 5 နှစ်စာအထိတွေးတောစဥ်းစားတာက ပိုပြီးအကျိုးရလဒ်ကောင်းတွေရရှိမယ်လို့အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတွေက အာမခံထားကြပါတယ်။ကိုယ်ဘာလုပ်ချင်လဲ၊ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးနဲ့ရပ်တည်မလဲဆိုတာကိုအချိန်ယူစဥ်းစားတာက Career နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ 5 နှစ်တာကာလကိုကိုယ်တွေးထားတဲ့ Plan အတိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်တာက နောက်ဆုံးမှာကိုယ့်ကိုအများထက်ပိုအဆင်ပြေခိုင်မာတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေစေမှာပဲဖြစ်ပါတယ်။ရေရှည်အသက်မွေးဝမ်းကျောင်းအတွက်စဥ်းစားမယ်ဆိုရင်တော့ တစ်နှစ်စာအတွက်သာတွေးထားတဲ့ Career […]

လစာညှိနှိုင်းတဲ့နေရာမှာ ဆရာကျနေစေဖို့

March 7, 2024 Aung Khant Mon 0

အလုပ်သစ်ဝင်ဖို့အတွက် လစာနဲ့အခွင့်အရေးတွေကို ညှိနှိုင်းပြောဆိုရတာက နည်းနည်းတော့စိတ်ညစ်စရာကောင်းတာအမှန်ပါပဲ။ ညှိနှိုင်းရတဲ့အထဲမှာ လစာရော၊ လစာမဟုတ်တဲ့တခြားသောအရာများအတွက်ပါ ပြောဆိုညှိနှိုင်းရတာမို့ အလုပ်သစ်အတွက်ဒီလိုညှိနှိုင်းမှုတွေမလုပ်ခင်ဘာတွေပြင်ဆင်ထားသင့်လဲဆိုတဲ့ အခြေခံကျတဲ့အချက်တွေကိုမျှဝေပေးချင်ပါတယ်နော်။ ကြိုတင်ပြင်ဆင်ပါ ဘယ်လိုညှိနှိုင်းခြင်းမျိုးမှမလုပ်ခင် ကြိုတင်ပြင်ဆင်ဖို့၊ ကြိုတင်လေ့လာဖို့တွေကအရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ်လျှောက်နေတဲ့အ လုပ်က အိမ်မှာအလုပ်လုပ်ခွင့်ပေးလား၊အလုပ်ပြီးဖို့သာအဓိက ၊အချိန်ကိုညှိနှိုင်းလို့ရတဲ့အလုပ်မျိုးလား ဒါမှမဟုတ် နေ့စဥ်ရုံးတက်၊ရုံးချိန်အတိုင်းလူကရှိနေရမယ်ဆိုတာမျိုးလား ဆိုတာတွေကို ကြိုတင်လေ့လာဖို့တော့လိုပါတယ်။တချို့အလုပ်လျှောက်တဲ့သူတွေက ဒါတွေကိုသေချာမလေ့လာဘဲကိုယ်လိုချင်တာကိုပဲပြောဆိုတတ်တဲ့အလေ့ရှိတာမို့ ညှိနှိုင်းမှုဟာ အဆင်ပြေလေ့မရှိကြပါဘူး။ဒါ့ကြောင့် […]