အလုပ်မှာ အောင်မြင်ချင်လို့ ဘွဲ့တွေ အထပ်ထပ်ယူ၊ ရာထူးကြီးကြီး ရအောင်လုပ်၊ ၅ နှစ်စီမံကိန်းတွေ ရေးဆွဲပြီး ကြိုးစားနေကြတဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ IBM ရဲ့ အမှုဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Rodney C. Adkins ကတော့ အောင်မြင်မှုဆိုတာ ဘွဲ့လက်မှတ်တွေ၊ ရာထူးတွေထက် “နေ့စဉ် ကျင့်သုံးတဲ့ အကျင့်ကောင်းတွေ” နဲ့ “ကိုယ့်ရဲ့ သက်သောင့်သက်သာဖြစ်တဲ့ နယ်ပယ်ကနေ ရဲရဲဝံ့ဝံ့ စွန့်စားရဲတဲ့ သတ္တိ” အပေါ်မှာပဲ ပိုမူတည်တယ်လို့ ဆိုပါတယ်။အထူးသဖြင့် AI နည်းပညာတွေ ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ ခေါင်းပေါင်းထွက်စေမယ့် High Performer တစ်ယောက် ဖြစ်လာဖို့အတွက် ဒီ အကျင့်ကောင်း ၆ ခုကို မွေးမြူထားဖို့ လိုပါတယ်။
၁။ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ပေါင်းစပ်ခြင်း
“Work-Life Balance” ဆိုပြီး အလုပ်နဲ့ ဘဝကို သီးခြားစီ စည်းခြားထားတာထက်၊ နှစ်ခုလုံးကို သဟဇာတဖြစ်အောင် ပေါင်းစပ် (Integrate) တတ်ဖို့ လိုပါတယ်။ အလုပ်လုပ်နေချိန်မှာ အလုပ်ကို အပြည့်အဝ အာရုံစိုက်သလို၊ ကိုယ့်ရဲ့ ကျန်းမာရေး၊ မိသားစုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပြည့်စေမယ့် အရာတွေကိုလည်း နေ့စဉ်ဘဝထဲမှာ နေရာပေးထားရပါမယ်။ ဒါမှသာ လောင်မြိုက်မသွားဘဲ ရေရှည်မှာ စွမ်းဆောင်ရည်ကောင်းနေမှာပါ။
၂။ အခြေအနေပေါ်မူတည်ပြီး ဦးဆောင်နိုင်ခြင်း
ပုံသေ ဦးဆောင်မှုစတိုင်တစ်ခုတည်းကိုပဲ ဆုပ်ကိုင်ထားလို့ မရပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ လူတွေရဲ့ သဘောသဘာဝပေါ် မူတည်ပြီး ကိုယ့်ရဲ့ ဦးဆောင်မှုစတိုင်ကို မပြတ် ပြောင်းလဲစွမ်းဆောင်နိုင်ရပါမယ်။ လိုအပ်ရင် နည်းပြတစ်ယောက်လို လမ်းပြရမယ်၊ လိုအပ်ရင်တော့ ပြတ်ပြတ်သားသား ဆုံး ဖြတ်ချက်ချသူ ဖြစ်ရပါမယ်။
၃။ သူတစ်ပါးကို လက်တွဲခေါ်ယူပြီး လမ်းပြပေးခြင်း
ထိပ်ကို ရောက်မှ တခြားသူတွေကို ကူညီတာ မဟုတ်ပါဘူး။ ကိုယ်တိုင် ကြိုးစားနေဆဲ လမ်းခရီးမှာတင် အခြားသူတွေကို ကူညီပေးခြင်း၊ အကြံဉာဏ်ပေးခြင်းတို့ ပြု လုပ်ရပါမယ်။ သူများကို လမ်းပြပေးရင်းနဲ့ ကိုယ်တိုင်လည်း အမြင်အသစ်တွေ ရလာသလို၊ ပတ်ဝန်းကျင်မှာလည်း ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကွန်ရက်ကောင်းတစ်ခုကို တည်ဆောက်ပြီးသား ဖြစ်သွားပါတယ်။
၄။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးကို ဦးစားပေးခြင်း
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ။ စာနာနားလည်မှု၊ ထိရောက်သော ဆက်သွယ်ပြောဆိုမှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အသင်းအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတို့လို “လူသားဆန်တဲ့ စွမ်းရည်တွေ” ကို AI က အစားမထိုးနိုင်ပါဘူး။ ဒီ စွမ်းရည်တွေကို ထက်မြက်အောင် သွေးထားတဲ့သူတွေက ဘယ်ခေတ်မှာမဆို တန်ဖိုးရှိနေမှာပါ။
၅။ စွန့်စားမှုများကို တွက်ချက်ပြီး စိန်ခေါ်မှုယူခြင်း
သူများတွေ လုပ်ရဲတဲ့ လမ်းဟောင်းအတိုင်းပဲ သွားနေရင် High Performer ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ မဖြစ်စေမယ့်၊ စိန်ခေါ်မှုများတဲ့ တာဝန်အသစ်တွေကို ရဲရဲဝံ့ဝံ့ လက်ခံရပါမယ်။ သေချာ စနစ်တကျ တွက်ချက်ထားတဲ့ စွန့်စားမှုတွေကပဲ ကိုယ့်ရဲ့ စွမ်းရည်ကို ပိုမိုကြီးမားလာစေတာပါ။
၆။ AI နဲ့ မိတ်ဖက်ဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခြင်း
AI က ငါတို့အလုပ်ကို လာလုမှာလားဆိုပြီး ကြောက်နေလို့ မရတော့ပါဘူး။ ထိပ်ဆုံး ရောက်ချင်တယ်ဆိုရင် AI ကို ကိုယ့်ရဲ့ နေ့စဉ်အလုပ်ထဲမှာ အကူအညီပေးတဲ့ “မိတ်ဖက်” တစ်ယောက်လို ကျွမ်းကျင်စွာ အသုံးချတတ်ရမယ်။ AI ကို ထိရောက်စွာ အသုံးပြုပြီး အလုပ်တွေကို ပိုမြန်၊ ပိုတိကျအောင် လုပ်နိုင်သူတွေကပဲ အနာဂတ်မှာ ရှေ့ဆုံးက ဦးဆောင်သွားမှာပါ။
Rodney C. Adkins ရဲ့ အတွေ့အကြုံတွေအရတော့ အောင်မြင်မှုဆိုတာ ကျွန်တော်တို့ရဲ့ ဘွဲ့လက်မှတ်တွေ၊ ရာထူးတံဆိပ်တွေမှာပဲ မူတည်နေတာ မဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်း စည်းစနစ်တကျ ကျင့်သုံးသွားတဲ့ အကျင့်ကောင်းတွေနဲ့ ကိုယ့်ရဲ့ စွန့်စားလိုစိတ်၊ ကြိုးစားအားထုတ်မှု တို့အပေါ်မှာပဲ လုံးဝ မူတည်နေတာ ဖြစ်ပါတယ်။ ဒီအမူအကျင့် ၆ ခုကို ကိုယ့်ရဲ့ လုပ်ငန်းခွင် နေ့စဉ်ဘဝထဲမှာ တဖြည်းဖြည်း မွေးမြူသွားမယ်ဆိုရင်တော့ ရောက်ရှိနေတဲ့ နယ်ပယ်မှာ ထက်မြက်ပြီး အမြဲတမ်း ထိပ်တန်းရောက်နေမယ့် High Performer တစ်ယောက် ဖြစ်လာမှာ အမှန်ပါပဲ။
ကျော့ကေခိုင်
zawgyi
အလုပ္မွာ ေအာင္ျမင္ခ်င္လို႔ ဘြဲ႕ေတြ အထပ္ထပ္ယူ၊ ရာထူးႀကီးႀကီး ရေအာင္လုပ္၊ ၅ ႏွစ္စီမံကိန္းေတြ ေရးဆြဲၿပီး ႀကိဳးစားေနၾကတဲ့သူေတြ အမ်ားႀကီးပါ။ ဒါေပမဲ့ IBM ရဲ႕ အမႈေဆာင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Rodney C. Adkins ကေတာ့ ေအာင္ျမင္မႈဆိုတာ ဘြဲ႕လက္မွတ္ေတြ၊ ရာထူးေတြထက္ “ေန႔စဥ္ က်င့္သုံးတဲ့ အက်င့္ေကာင္းေတြ” နဲ႔ “ကိုယ့္ရဲ႕ သက္ေသာင့္သက္သာျဖစ္တဲ့ နယ္ပယ္ကေန ရဲရဲဝံ့ဝံ့ စြန႔္စားရဲတဲ့ သတၱိ” အေပၚမွာပဲ ပိုမူတည္တယ္လို႔ ဆိုပါတယ္။အထူးသျဖင့္ AI နည္းပညာေတြ ထြန္းကားလာတဲ့ ဒီေန႔ေခတ္မွာ ေခါင္းေပါင္းထြက္ေစမယ့္ High Performer တစ္ေယာက္ ျဖစ္လာဖို႔အတြက္ ဒီ အက်င့္ေကာင္း ၆ ခုကို ေမြးျမဴထားဖို႔ လိုပါတယ္။
၁။ အလုပ္နဲ႔ ဘဝကို ဟန္ခ်က္ညီေအာင္ ေပါင္းစပ္ျခင္း
“Work-Life Balance” ဆိုၿပီး အလုပ္နဲ႔ ဘဝကို သီးျခားစီ စည္းျခားထားတာထက္၊ ႏွစ္ခုလုံးကို သဟဇာတျဖစ္ေအာင္ ေပါင္းစပ္ (Integrate) တတ္ဖို႔ လိုပါတယ္။ အလုပ္လုပ္ေနခ်ိန္မွာ အလုပ္ကို အျပည့္အဝ အာ႐ုံစိုက္သလို၊ ကိုယ့္ရဲ႕ က်န္းမာေရး၊ မိသားစုနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ အားျပည့္ေစမယ့္ အရာေတြကိုလည္း ေန႔စဥ္ဘဝထဲမွာ ေနရာေပးထားရပါမယ္။ ဒါမွသာ ေလာင္ၿမိဳက္မသြားဘဲ ေရရွည္မွာ စြမ္းေဆာင္ရည္ေကာင္းေနမွာပါ။
၂။ အေျခအေနေပၚမူတည္ၿပီး ဦးေဆာင္ႏိုင္ျခင္း
ပုံေသ ဦးေဆာင္မႈစတိုင္တစ္ခုတည္းကိုပဲ ဆုပ္ကိုင္ထားလို႔ မရပါဘူး။ အေျခအေန၊ အခ်ိန္အခါနဲ႔ ပူးေပါင္းလုပ္ေဆာင္ရတဲ့ လူေတြရဲ႕ သေဘာသဘာဝေပၚ မူတည္ၿပီး ကိုယ့္ရဲ႕ ဦးေဆာင္မႈစတိုင္ကို မျပတ္ ေျပာင္းလဲစြမ္းေဆာင္ႏိုင္ရပါမယ္။ လိုအပ္ရင္ နည္းျပတစ္ေယာက္လို လမ္းျပရမယ္၊ လိုအပ္ရင္ေတာ့ ျပတ္ျပတ္သားသား ဆုံး ျဖတ္ခ်က္ခ်သူ ျဖစ္ရပါမယ္။
၃။ သူတစ္ပါးကို လက္တြဲေခၚယူၿပီး လမ္းျပေပးျခင္း
ထိပ္ကို ေရာက္မွ တျခားသူေတြကို ကူညီတာ မဟုတ္ပါဘူး။ ကိုယ္တိုင္ ႀကိဳးစားေနဆဲ လမ္းခရီးမွာတင္ အျခားသူေတြကို ကူညီေပးျခင္း၊ အႀကံဉာဏ္ေပးျခင္းတို႔ ျပဳ လုပ္ရပါမယ္။ သူမ်ားကို လမ္းျပေပးရင္းနဲ႔ ကိုယ္တိုင္လည္း အျမင္အသစ္ေတြ ရလာသလို၊ ပတ္ဝန္းက်င္မွာလည္း ခိုင္မာတဲ့ ယုံၾကည္မႈနဲ႔ ကြန္ရက္ေကာင္းတစ္ခုကို တည္ေဆာက္ၿပီးသား ျဖစ္သြားပါတယ္။
၄။ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ေပါင္းသင္းဆက္ဆံေရးကို ဦးစားေပးျခင္း
နည္းပညာေတြ ဘယ္ေလာက္ပဲ တိုးတက္လာပါေစ။ စာနာနားလည္မႈ၊ ထိေရာက္ေသာ ဆက္သြယ္ေျပာဆိုမႈ၊ ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ အသင္းအဖြဲ႕လိုက္ ပူးေပါင္းလုပ္ေဆာင္ႏိုင္စြမ္းတို႔လို “လူသားဆန္တဲ့ စြမ္းရည္ေတြ” ကို AI က အစားမထိုးႏိုင္ပါဘူး။ ဒီ စြမ္းရည္ေတြကို ထက္ျမက္ေအာင္ ေသြးထားတဲ့သူေတြက ဘယ္ေခတ္မွာမဆို တန္ဖိုးရွိေနမွာပါ။
၅။ စြန႔္စားမႈမ်ားကို တြက္ခ်က္ၿပီး စိန္ေခၚမႈယူျခင္း
သူမ်ားေတြ လုပ္ရဲတဲ့ လမ္းေဟာင္းအတိုင္းပဲ သြားေနရင္ High Performer ျဖစ္မလာႏိုင္ပါဘူး။ ကိုယ့္ကိုယ္ကို သက္ေသာင့္သက္သာ မျဖစ္ေစမယ့္၊ စိန္ေခၚမႈမ်ားတဲ့ တာဝန္အသစ္ေတြကို ရဲရဲဝံ့ဝံ့ လက္ခံရပါမယ္။ ေသခ်ာ စနစ္တက် တြက္ခ်က္ထားတဲ့ စြန႔္စားမႈေတြကပဲ ကိုယ့္ရဲ႕ စြမ္းရည္ကို ပိုမိုႀကီးမားလာေစတာပါ။
၆။ AI နဲ႔ မိတ္ဖက္ဖြဲ႕ၿပီး ပူးေပါင္းလုပ္ေဆာင္ျခင္း
AI က ငါတို႔အလုပ္ကို လာလုမွာလားဆိုၿပီး ေၾကာက္ေနလို႔ မရေတာ့ပါဘူး။ ထိပ္ဆုံး ေရာက္ခ်င္တယ္ဆိုရင္ AI ကို ကိုယ့္ရဲ႕ ေန႔စဥ္အလုပ္ထဲမွာ အကူအညီေပးတဲ့ “မိတ္ဖက္” တစ္ေယာက္လို ကြၽမ္းက်င္စြာ အသုံးခ်တတ္ရမယ္။ AI ကို ထိေရာက္စြာ အသုံးျပဳၿပီး အလုပ္ေတြကို ပိုျမန္၊ ပိုတိက်ေအာင္ လုပ္ႏိုင္သူေတြကပဲ အနာဂတ္မွာ ေရွ႕ဆုံးက ဦးေဆာင္သြားမွာပါ။
Rodney C. Adkins ရဲ႕ အေတြ႕အႀကဳံေတြအရေတာ့ ေအာင္ျမင္မႈဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ဘြဲ႕လက္မွတ္ေတြ၊ ရာထူးတံဆိပ္ေတြမွာပဲ မူတည္ေနတာ မဟုတ္ပါဘူး။ေန႔စဥ္ေန႔တိုင္း စည္းစနစ္တက် က်င့္သုံးသြားတဲ့ အက်င့္ေကာင္းေတြနဲ႔ ကိုယ့္ရဲ႕ စြန႔္စားလိုစိတ္၊ ႀကိဳးစားအားထုတ္မႈ တို႔အေပၚမွာပဲ လုံးဝ မူတည္ေနတာ ျဖစ္ပါတယ္။ ဒီအမူအက်င့္ ၆ ခုကို ကိုယ့္ရဲ႕ လုပ္ငန္းခြင္ ေန႔စဥ္ဘဝထဲမွာ တျဖည္းျဖည္း ေမြးျမဴသြားမယ္ဆိုရင္ေတာ့ ေရာက္ရွိေနတဲ့ နယ္ပယ္မွာ ထက္ျမက္ၿပီး အၿမဲတမ္း ထိပ္တန္းေရာက္ေနမယ့္ High Performer တစ္ေယာက္ ျဖစ္လာမွာ အမွန္ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply