ဒီလမှာ စီးပွါးရေးနဲ့ ငွေကြေးကံဇာတာ အကြီးအကျယ် ပွင့်လန်းလာမယ့် ရာသီခွင် (၃)ခု

၂၀၂၆ ဩဂုတ်လဟာ မိမိကိုယ်ကို ပိုပြီး အာရုံစိုက်တွေ့ရှိလာရမယ့် လတစ်လဖြစ်သလို၊ ဒီ ရာသီဖွား ၃ ခုအတွက်တော့ စီးပွားရေးနဲ့ ငွေကြေးကံဇာတာ တကယ်ကို အားကောင်းလာမယ့် လလည်း ဖြစ်ပါတယ်။ ဩဂုတ်လစမှာMercury ရဲ့ အရိပ်သက်ရောက်မှုကုန်ဆုံးတော့မှာဖြစ်ပြီး ဩဂုတ် ၆ ရက်နေ့မှာ လုံးဝပြီးဆုံးပါမယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ မချခင်နဲ့ စာချုပ်စာတမ်းတွေ မလက်မှတ်ထိုးခင် သေချာအချိန်ယူ စစ်ဆေးပါ။ ဒီလမှာ ကြုံရမယ့် နေကြတ်လကြတ်မှုတွေက မမျှော်လင့်ထားတဲ့ အခွင့်အရေးတွေနဲ့ အံ့ဩစရာတွေကို ယူဆောင်လာပေးပါလိမ့်မယ်။ ပထမအကြိမ် သိဟ်ရာသီမှာ ကြတ်တဲ့အခါ သတ္တိရှိရှိ ရင်ဆိုင်ပါ။ ဒုတိယအကြိမ် မိန်ရာသီမှာ ကြတ်တဲ့အခါကျရင်တော့ လက်လွှတ်သင့်တာကို ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာ သိစေဖို့ပါပဲ။ ဒါ့အပြင် နေကြတ်၊ လကြတ်မှုတွေက သိဟ်ရာသီနဲ့ ကုံရာသီတို့မှာ ဖြစ်ပေါ်မှာဖြစ်တဲ့အတွက် သာမန်အောင်မြင်မှု အတိုင်းအတာတွေထဲက ခွဲထွက်ပြီး မိမိအတွက် အမှန်တကယ် အဓိပ္ပာယ်ရှိတာတွေကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းနေပါတယ်။ မိမိရဲ့ အိပ်မက်တွေကို တန်ဖိုးထားပါ။ မိမိအတွက် မှန်ကန်တယ်လို့ ခံစားရရင် အဲဒါဟာ အကောင်းဆုံး အောင်မြင်မှုပါပဲ။

Virgo

ကန်ရာသီဖွားတွေအတွက် အောင်မြင်မှုဟာ ဘယ်သူနဲ့ လက်တွဲမလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ သောကြာဂြိုလ်က ဩဂုတ် ၆ ရက်မှာ တူရာသီထဲကို ဝင်ရောက်မှာဖြစ်ပြီး စက်တင်ဘာ ၁၀ အထိ ရှိနေပါမယ်။ ဒါပေမဲ့ သောကြာဂြိုလ် သွားနှုန်းပုံမှန်မဟုတ်ဘဲ Retrograde မျိုး ဖြစ်လာဦးမှာမို့ အောက်တိုဘာ ၂၅ မှာ တူရာ သီထဲကို နောက်တစ်ကြိမ် ပြန်ဝင်ပါလိမ့်မယ်။ စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေမှာ စိတ်ရှည်ရှည်ထားဖို့ လိုပေမဲ့ ရလဒ်ကတော့ အပြည့်အဝ တန်ပြန်ရရှိမှာပါ။ သောကြာ ဂြိုဟ် တူရာသီမှာ ရှိနေချိန်မှာ သင်ရဲ့ ငွေကြေးအောင်မြင်မှုဟာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ လာပါလိမ့်မယ်။ ပူးပေါင်းလုပ်ဆောင်မှု အသစ်တွေရလာမယ်၊ လုပ်င န်းသုံး စိုက်ထုတ်ရမယ့် အချိန်နဲ့ အရင်းအမြစ်တွေကိုလည်း အသင်းအဖွဲ့လိုက် ပိုမိုကောင်းမွန်စွာ ရင်းနှီးမြှုပ်နှံနိုင်ပါလိမ့်မယ်။ ဒါဟာ ကိုယ်ရေးကိုယ်တာရော စီးပွားရေးမှာပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ မိမိကိုယ်တိုင် ဦးတည်သွားနေတယ်လို့ ခံစားရတဲ့ လမ်းကြောင်းအတိုင်း လမ်းဖွင့်ပေးထားပါ။ ပထမအဆင့် သောကြာဂြိုလ် တူရာ သီမှာ ရှိနေချိန်ဟာ လိုအပ်တဲ့ အခွင့်အရေးတွေကို စတင်လမ်းကြောင်းတည့်ပေးတဲ့ ကာလ ဖြစ်ပါတယ်။ ဒုတိယအဆင့် retrograde မှာတော့ သဘောတူညီချက်တွေကို အချောသတ်နိုင်ပြီး ငွေကြေးအောင်မြင်မှုကို လက်တွေ့မြင်တွေ့လာရတော့မှာပါ။ သောကြာဂြိုလ်က တူရာသီထဲမှာ ဒီဇင်ဘာ ၄ ရက်အထိ ရှိနေမှာဖြစ်လို့ အောင် မြင်ဖို့အတွက် မှန်ကန်တဲ့ လက်တွဲဖော်တွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။

Gemini

မေထုန်ရာသီဖွားတွေအတွက်တော့ ဒီလမှာ ငွေကြေးချမ်းသာရုံထက် ပိုတာတွေကို လိုအပ်နေတာပါ။ ဩဂုတ်လဟာ မိမိဘဝအတွက် ဘယ်သူနဲ့ ဘာက တကယ်အ ရေးကြီးတာလဲဆိုတာ သတိပေးလာပါလိမ့်မယ်။ ဩဂုတ် ၁၁ မှာ င်္အဂါဂြိုလ်က ကရကဋ်ရာသီ ထဲ ရောက်ရှိလာမှာဖြစ်ပြီး ဩဂုတ် ၁၂ မှာတော့ စိုက်ပျိုးရေးနဲ့ အသီးအပွင့်ကို စိုးပိုင်တဲ့ Ceres ဥက္ကာပျံကလည်း ကရကဋ်ရာသီထဲကို ကူးပြောင်းလာပါမယ်။ဒါဟာ ငွေကြေးချမ်းသာမှုကို ရှာဖွေရုံတင်မကဘဲ မိမိဘဝကို ကြွယ်ဝပြည့်စုံစေပြီး လုပ်ဆောင်သမျှကို တန်ဖိုးရှိစေမယ့် လူတွေကိုပါ ရှာဖွေတွေ့ရှိစေမှာပါ။ ဒီအချိန်မှာ ငွေကြေးအခြေအနေနဲ့ ကိုယ်ပိုင်ဘဝကို ခွဲခြားလို့မရနိုင်တာမို့ ဘဝတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ဖို့ လိုပါတယ်။င်္အဂါဂြိုလ်က သင့်ရဲ့ ရည်မှန်းချက်တွေကို ပိုမိုကြီးမားလာစေမှာမို့ စီးပွားရေးအသစ်စတင်ဖို့၊ စီးပွားရေးလက်တွဲဖော်အသစ်ယူဖို့ ဒါမှမဟုတ် ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမဲ့ Ceres က တည်ငြိမ်မှုဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ မရနိုင်ဘဲ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကနေလည်း ရရှိတာဖြစ်ကြောင်း သတိပေးနေပါတယ်။ ဒါဟာ ဘဝညီမျှမှုကို ရှာဖွေစေတာပဲဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာရဲ့ တကယ့်တန်ဖိုးကို သတိရစေတာပဲဖြစ်ဖြစ်၊ ကိန်းဂဏန်းတွေထက် ကျော်လွန်ပြီး တကယ်တန်ဖိုးရှိတဲ့ ဘဝကို ဖန်တီးနိုင်အောင် လမ်းပြပေးနေတာ ဖြစ်ပါတယ်။

Pisces

ငွေကြေးအောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ကို အသစ်ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုဖို့ ရလာတဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်လိုက်ပါ၊ မိန်ရာသီဖွားတို့အတွက်ဩ ဂုတ် ၁၄ မှာ ဉာဏ်ပညာကို စိုးပိုင်တဲ့ Pallas ဥက္ကာပျံက မိဿရာသီထဲမှာ သွားနှုန်းပုံမှန်မဟုတ်ဘဲ ပြန်လှည့်သွားမှာဖြစ်ပြီး ဩဂုတ် ၂၅ မှာတော့ အိမ်ထောင်ရေးနဲ့ မီးအိမ်ရှင် Pallas ရဲ့ အဖော် Vesta ဥက္ကာပျံကပါ မိဿရာသီထဲမှာ ပြန်လှည့်ပါလိမ့်မယ်။ Vesta က အိမ်ထောင်ရေးကို စိုးပိုင်ပြီး Pallas က တီထွင်ဖန်တီးမှုကို စိုးပိုင်ပါတယ်။ဒီအချိန်မှာ ထူးခြားတာက အဲဒီဥက္ကာပျံတွေဟာ မိဿရာသီထဲမှာ ပုံမှန်မဟုတ်ဘဲ ပြန်လှည့်နေနှင့်ပြီးသား ဖြစ်တဲ့ စနေဂိုဟ် (Saturn) နဲ့ နက်ပကျွန်းဂြိုလ် (Neptune) တို့နဲ့ သွား ရောက်ပူးပေါင်းတာပဲ ဖြစ်ပါတယ်။ သင်ဟာ စစ်မှန်တဲ့ ငွေကြေးတည်ငြိမ်မှုကို ဖန်တီးမယ့် လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဒါဟာ မိမိနဲ့ မိမိချစ်ခင်ရသူတွေအတွက် ရေရှည်တည်တံ့မယ့် အမွေအနှစ်တစ်ခုကို တည်ဆောက်တာဖြစ်ပြီး အခြားသူတွေ သတ်မှတ်ထားတဲ့ အောင်မြင်မှုစံနှုန်းတွေအတိုင်း လိုက်လုပ်တာမျိုးမဟုတ်ဘဲ မိမိကိုယ်ပိုင် အောင်မြင်မှုကို မိမိဘာသာ အဓိပ္ပာယ်ဖွင့်ဆိုရမှာပါ။ဒီကာလမှာ လက်ရှိ ငွေကြေးအခြေအနေနဲ့ အသုံးစရိတ် ဘတ်ဂျက်တွေကို ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ပိုင်တန်ဖိုးကို ပိုမိုနားလည်လာတာနဲ့အမျှ မိမိရဲ့ အရည်အချင်းတွေကို တန်ဖိုးနည်းနည်းနဲ့ ဘယ်တော့မှ ပေးပစ်တော့မှာ မဟုတ်ပါဘူး။ ကြုံတွေ့ရမယ့် စိန်ခေါ်မှု အခက်အခဲတွေကို အချိန်ယူပြီး ဖြေရှင်းပါ၊ နောက်ဆုံးမှာတော့ မိမိခြေထောက်ပေါ် မိမိ စိတ်ချလက်ချ ရပ်တည်နိုင်သွားမှာ ဖြစ်လို့ အားထုတ်ရကျိုး နပ်မှာပါ။ ငွေကြေးအတွက် ပူပန်စရာမလိုတော့ဘဲ မိမိမက်ခဲ့တဲ့ အိပ်မက်ဘဝအတိုင်း စိတ်ချမ်းသာစွာ ယှဉ်ပြိုင်နေထိုင်သွားနိုင်တာကို တွေ့မြင်ရပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ဩဂုတ္လဟာ မိမိကိုယ္ကို ပိုၿပီး အာ႐ုံစိုက္ေတြ႕ရွိလာရမယ့္ လတစ္လျဖစ္သလို၊ ဒီ ရာသီဖြား ၃ ခုအတြက္ေတာ့ စီးပြားေရးနဲ႔ ေငြေၾကးကံဇာတာ တကယ္ကို အားေကာင္းလာမယ့္ လလည္း ျဖစ္ပါတယ္။ ဩဂုတ္လစမွာMercury ရဲ႕ အရိပ္သက္ေရာက္မႈကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဩဂုတ္ ၆ ရက္ေန႔မွာ လုံးဝၿပီးဆုံးပါမယ္။ ဒါေၾကာင့္ ေငြေၾကးဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြ မခ်ခင္နဲ႔ စာခ်ဳပ္စာတမ္းေတြ မလက္မွတ္ထိုးခင္ ေသခ်ာအခ်ိန္ယူ စစ္ေဆးပါ။ ဒီလမွာ ႀကဳံရမယ့္ ေနၾကတ္လၾကတ္မႈေတြက မေမွ်ာ္လင့္ထားတဲ့ အခြင့္အေရးေတြနဲ႔ အံ့ဩစရာေတြကို ယူေဆာင္လာေပးပါလိမ့္မယ္။ ပထမအႀကိမ္ သိဟ္ရာသီမွာ ၾကတ္တဲ့အခါ သတၱိရွိရွိ ရင္ဆိုင္ပါ။ ဒုတိယအႀကိမ္ မိန္ရာသီမွာ ၾကတ္တဲ့အခါက်ရင္ေတာ့ လက္လႊတ္သင့္တာကို ဘယ္အခ်ိန္မွာ လက္လႊတ္ရမလဲဆိုတာ သိေစဖို႔ပါပဲ။ ဒါ့အျပင္ ေနၾကတ္၊ လၾကတ္မႈေတြက သိဟ္ရာသီနဲ႔ ကုံရာသီတို႔မွာ ျဖစ္ေပၚမွာျဖစ္တဲ့အတြက္ သာမန္ေအာင္ျမင္မႈ အတိုင္းအတာေတြထဲက ခြဲထြက္ၿပီး မိမိအတြက္ အမွန္တကယ္ အဓိပၸာယ္ရွိတာေတြကိုပဲ အာ႐ုံစိုက္ဖို႔ တိုက္တြန္းေနပါတယ္။ မိမိရဲ႕ အိပ္မက္ေတြကို တန္ဖိုးထားပါ။ မိမိအတြက္ မွန္ကန္တယ္လို႔ ခံစားရရင္ အဲဒါဟာ အေကာင္းဆုံး ေအာင္ျမင္မႈပါပဲ။

Virgo

ကန္ရာသီဖြားေတြအတြက္ ေအာင္ျမင္မႈဟာ ဘယ္သူနဲ႔ လက္တြဲမလဲဆိုတဲ့အေပၚမွာ မူတည္ေနပါတယ္။ ေသာၾကာၿဂိဳလ္က ဩဂုတ္ ၆ ရက္မွာ တူရာသီထဲကို ဝင္ေရာက္မွာျဖစ္ၿပီး စက္တင္ဘာ ၁၀ အထိ ရွိေနပါမယ္။ ဒါေပမဲ့ ေသာၾကာၿဂိဳလ္ သြားႏႈန္းပုံမွန္မဟုတ္ဘဲ Retrograde မ်ိဳး ျဖစ္လာဦးမွာမို႔ ေအာက္တိုဘာ ၂၅ မွာ တူရာ သီထဲကို ေနာက္တစ္ႀကိမ္ ျပန္ဝင္ပါလိမ့္မယ္။ စီးပြားေရးနဲ႔ ေငြေၾကးကိစၥေတြမွာ စိတ္ရွည္ရွည္ထားဖို႔ လိုေပမဲ့ ရလဒ္ကေတာ့ အျပည့္အဝ တန္ျပန္ရရွိမွာပါ။ ေသာၾကာ ၿဂိဳဟ္ တူရာသီမွာ ရွိေနခ်ိန္မွာ သင္ရဲ႕ ေငြေၾကးေအာင္ျမင္မႈဟာ ပူးေပါင္းေဆာင္႐ြက္မႈေတြကေန လာပါလိမ့္မယ္။ ပူးေပါင္းလုပ္ေဆာင္မႈ အသစ္ေတြရလာမယ္၊ လုပ္င န္းသုံး စိုက္ထုတ္ရမယ့္ အခ်ိန္နဲ႔ အရင္းအျမစ္ေတြကိုလည္း အသင္းအဖြဲ႕လိုက္ ပိုမိုေကာင္းမြန္စြာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ပါလိမ့္မယ္။ ဒါဟာ ကိုယ္ေရးကိုယ္တာေရာ စီးပြားေရးမွာပါ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။ မိမိကိုယ္တိုင္ ဦးတည္သြားေနတယ္လို႔ ခံစားရတဲ့ လမ္းေၾကာင္းအတိုင္း လမ္းဖြင့္ေပးထားပါ။ ပထမအဆင့္ ေသာၾကာၿဂိဳလ္ တူရာ သီမွာ ရွိေနခ်ိန္ဟာ လိုအပ္တဲ့ အခြင့္အေရးေတြကို စတင္လမ္းေၾကာင္းတည့္ေပးတဲ့ ကာလ ျဖစ္ပါတယ္။ ဒုတိယအဆင့္ retrograde မွာေတာ့ သေဘာတူညီခ်က္ေတြကို အေခ်ာသတ္ႏိုင္ၿပီး ေငြေၾကးေအာင္ျမင္မႈကို လက္ေတြ႕ျမင္ေတြ႕လာရေတာ့မွာပါ။ ေသာၾကာၿဂိဳလ္က တူရာသီထဲမွာ ဒီဇင္ဘာ ၄ ရက္အထိ ရွိေနမွာျဖစ္လို႔ ေအာင္ ျမင္ဖို႔အတြက္ မွန္ကန္တဲ့ လက္တြဲေဖာ္ေတြကို ေသခ်ာေ႐ြးခ်ယ္ဖို႔ အလြန္အေရးႀကီးတဲ့ ကာလျဖစ္ပါတယ္။

Gemini

ေမထုန္ရာသီဖြားေတြအတြက္ေတာ့ ဒီလမွာ ေငြေၾကးခ်မ္းသာ႐ုံထက္ ပိုတာေတြကို လိုအပ္ေနတာပါ။ ဩဂုတ္လဟာ မိမိဘဝအတြက္ ဘယ္သူနဲ႔ ဘာက တကယ္အ ေရးႀကီးတာလဲဆိုတာ သတိေပးလာပါလိမ့္မယ္။ ဩဂုတ္ ၁၁ မွာ အၤဂါၿဂိဳလ္က ကရကဋ္ရာသီ ထဲ ေရာက္ရွိလာမွာျဖစ္ၿပီး ဩဂုတ္ ၁၂ မွာေတာ့ စိုက္ပ်ိဳးေရးနဲ႔ အသီးအပြင့္ကို စိုးပိုင္တဲ့ Ceres ဥကၠာပ်ံကလည္း ကရကဋ္ရာသီထဲကို ကူးေျပာင္းလာပါမယ္။ဒါဟာ ေငြေၾကးခ်မ္းသာမႈကို ရွာေဖြ႐ုံတင္မကဘဲ မိမိဘဝကို ႂကြယ္ဝျပည့္စုံေစၿပီး လုပ္ေဆာင္သမွ်ကို တန္ဖိုးရွိေစမယ့္ လူေတြကိုပါ ရွာေဖြေတြ႕ရွိေစမွာပါ။ ဒီအခ်ိန္မွာ ေငြေၾကးအေျခအေနနဲ႔ ကိုယ္ပိုင္ဘဝကို ခြဲျခားလို႔မရႏိုင္တာမို႔ ဘဝတစ္ခုလုံးကို ၿခဳံငုံသုံးသပ္ၾကည့္ဖို႔ လိုပါတယ္။အၤဂါၿဂိဳလ္က သင့္ရဲ႕ ရည္မွန္းခ်က္ေတြကို ပိုမိုႀကီးမားလာေစမွာမို႔ စီးပြားေရးအသစ္စတင္ဖို႔၊ စီးပြားေရးလက္တြဲေဖာ္အသစ္ယူဖို႔ ဒါမွမဟုတ္ ေငြေၾကးစီမံခန႔္ခြဲမႈကို ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။ ဒါေပမဲ့ Ceres က တည္ၿငိမ္မႈဆိုတာ ေငြေၾကးတစ္ခုတည္းနဲ႔ မရႏိုင္ဘဲ ကိုယ္ေရးကိုယ္တာ ဆက္ဆံေရးေတြကေနလည္း ရရွိတာျဖစ္ေၾကာင္း သတိေပးေနပါတယ္။ ဒါဟာ ဘဝညီမွ်မႈကို ရွာေဖြေစတာပဲျဖစ္ျဖစ္၊ စည္းစိမ္ဥစၥာရဲ႕ တကယ့္တန္ဖိုးကို သတိရေစတာပဲျဖစ္ျဖစ္၊ ကိန္းဂဏန္းေတြထက္ ေက်ာ္လြန္ၿပီး တကယ္တန္ဖိုးရွိတဲ့ ဘဝကို ဖန္တီးႏိုင္ေအာင္ လမ္းျပေပးေနတာ ျဖစ္ပါတယ္။

Pisces

ေငြေၾကးေအာင္ျမင္မႈဆိုတဲ့ အဓိပၸာယ္ကို အသစ္ျပန္လည္ အဓိပၸာယ္ဖြင့္ဆိုဖို႔ ရလာတဲ့ အခြင့္အေရးေတြကို ဆုပ္ကိုင္လိုက္ပါ၊ မိန္ရာသီဖြားတို႔အတြက္ဩ ဂုတ္ ၁၄ မွာ ဉာဏ္ပညာကို စိုးပိုင္တဲ့ Pallas ဥကၠာပ်ံက မိႆရာသီထဲမွာ သြားႏႈန္းပုံမွန္မဟုတ္ဘဲ ျပန္လွည့္သြားမွာျဖစ္ၿပီး ဩဂုတ္ ၂၅ မွာေတာ့ အိမ္ေထာင္ေရးနဲ႔ မီးအိမ္ရွင္ Pallas ရဲ႕ အေဖာ္ Vesta ဥကၠာပ်ံကပါ မိႆရာသီထဲမွာ ျပန္လွည့္ပါလိမ့္မယ္။ Vesta က အိမ္ေထာင္ေရးကို စိုးပိုင္ၿပီး Pallas က တီထြင္ဖန္တီးမႈကို စိုးပိုင္ပါတယ္။ဒီအခ်ိန္မွာ ထူးျခားတာက အဲဒီဥကၠာပ်ံေတြဟာ မိႆရာသီထဲမွာ ပုံမွန္မဟုတ္ဘဲ ျပန္လွည့္ေနႏွင့္ၿပီးသား ျဖစ္တဲ့ စေနဂိုဟ္ (Saturn) နဲ႔ နက္ပကြၽန္းၿဂိဳလ္ (Neptune) တို႔နဲ႔ သြား ေရာက္ပူးေပါင္းတာပဲ ျဖစ္ပါတယ္။ သင္ဟာ စစ္မွန္တဲ့ ေငြေၾကးတည္ၿငိမ္မႈကို ဖန္တီးမယ့္ လမ္းေၾကာင္းေပၚ ေရာက္ေနပါၿပီ။ ဒါဟာ မိမိနဲ႔ မိမိခ်စ္ခင္ရသူေတြအတြက္ ေရရွည္တည္တံ့မယ့္ အေမြအႏွစ္တစ္ခုကို တည္ေဆာက္တာျဖစ္ၿပီး အျခားသူေတြ သတ္မွတ္ထားတဲ့ ေအာင္ျမင္မႈစံႏႈန္းေတြအတိုင္း လိုက္လုပ္တာမ်ိဳးမဟုတ္ဘဲ မိမိကိုယ္ပိုင္ ေအာင္ျမင္မႈကို မိမိဘာသာ အဓိပၸာယ္ဖြင့္ဆိုရမွာပါ။ဒီကာလမွာ လက္ရွိ ေငြေၾကးအေျခအေနနဲ႔ အသုံးစရိတ္ ဘတ္ဂ်က္ေတြကို ျပန္လည္သုံးသပ္ရပါလိမ့္မယ္။ မိမိရဲ႕ ကိုယ္ပိုင္တန္ဖိုးကို ပိုမိုနားလည္လာတာနဲ႔အမွ် မိမိရဲ႕ အရည္အခ်င္းေတြကို တန္ဖိုးနည္းနည္းနဲ႔ ဘယ္ေတာ့မွ ေပးပစ္ေတာ့မွာ မဟုတ္ပါဘူး။ ႀကဳံေတြ႕ရမယ့္ စိန္ေခၚမႈ အခက္အခဲေတြကို အခ်ိန္ယူၿပီး ေျဖရွင္းပါ၊ ေနာက္ဆုံးမွာေတာ့ မိမိေျခေထာက္ေပၚ မိမိ စိတ္ခ်လက္ခ် ရပ္တည္ႏိုင္သြားမွာ ျဖစ္လို႔ အားထုတ္ရက်ိဳး နပ္မွာပါ။ ေငြေၾကးအတြက္ ပူပန္စရာမလိုေတာ့ဘဲ မိမိမက္ခဲ့တဲ့ အိပ္မက္ဘဝအတိုင္း စိတ္ခ်မ္းသာစြာ ယွဥ္ၿပိဳင္ေနထိုင္သြားႏိုင္တာကို ေတြ႕ျမင္ရပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*