ဒီတစ်ပတ် ရေးထားတဲ့ အလုပ်အကိုင်ဆိုင်ရာ သတင်းလွှာမှာတော့ ရုံးလုပ်ငန်းတစ်ခုတည်းကိုပဲ အားမကိုးဘေး ဘဝလုံခြုံမှုရှိအောင် ဘယ်လို ပြင်ဆင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ဝိဇ္ဇာဘာသာရပ် (Humanities) ဘွဲ့တွေဟာ အနာဂတ်အလုပ်အကိုင် အောင်မြင်မှုအတွက် လက်မှတ်သစ် တစ်စောင် ဖြစ်လာနိုင်သလား ဆိုတာကိုပါ လေ့လာကြည့်ကြရအောင်ပါ။အပြောင်းအလဲ မြန်ဆန်နေတဲ့ ဒီနေ့ခေတ် အလုပ်အကိုင် ရေစီးကြောင်းထဲမှာ Glassdoor ရဲ့ စာရင်းဇယားတွေအရ အသက် ၃၀ ကနေ ၄၅ နှစ်ကြားရှိတဲ့ မီလင်နီယယ် (Millennial) လုပ်ငန်းခွင်ဝင် ၇၆ ရာခိုင်နှုန်းဟာ သူတို့သွားနေတဲ့ အလုပ်အကိုင် လမ်းကြောင်းအ ပေါ် မေးခွန်းထုတ်နေကြပါပြီ။ ဒါတင်မကသေးပါဘူး၊ ၆၈ ရာခိုင်နှုန်းက အလုပ်အကိုင် မရေရာမှုတွေကြောင့် ဘဝရဲ့ အရေးပါတဲ့ မှတ်တိုင်ခြေလှမ်းတွေကို ရွှေ့ဆိုင်းထားရတယ်လို့ ဆိုပါတယ်။
ဒီမျိုးဆက်ဟာ စီးပွားရေး ကပ်ဆိုက်တာတွေ၊ ကမ္ဘာ့ကပ်ရောဂါကြောင့် အစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ခံရတာတွေကို ကြုံတွေ့ခဲ့ဖူးလို့ လုပ်ငန်းခွင် ကသောင်းက နင်း ဖြစ်တာတွေကို ရင်းနှီးပြီးသားလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ Glassdoor ရဲ့ အကြီးတန်း စီးပွားရေးပညာရှင် Chris Martin ကတော့ အခုလို အလုပ်ဖြုတ်ခံရတာတွေနဲ့ AI ရဲ့ ရိုက်ခတ်မှုဟာ မီလင်နီယယ်တွေအတွက် ပိုပြီး စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သက်မွေးဝမ်းကျောင်းဘဝ အထာ ကျခါနီး အချိန်မှာ ဒီအပြောင်းအလဲတွေ ပေါ်လာလို့ပါ။ ဒါကြောင့်မို့လို့လည်း မီလင်နီယယ် တော်တော်များများဟာ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်တွေကို ပိုပြီး စုံလင်အောင် ဖန်တီးတဲ့ “Stability Stacking” ဆိုတဲ့ နည်းလမ်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သုံးလာကြတာ ဖြစ်ပါတယ်။
“မီလင်နီယယ်တွေဟာ အခုဆို ရုံးမှာ မန်နေဂျာတွေ၊ ဒါမှမဟုတ် C-Suite နဲ့ VP အဆင့် တာဝန်ရှိသူတွေဖြစ်လာပြီး ဘဝရဲ့ အတည်ငြိမ်ဆုံးနဲ့ ဝင်ငွေ အကောင်းဆုံး အ ချိန်ကို ရောက်နေကြရမှာပါ။ ဒါပေမဲ့ ဒါတွေက စာအုပ်ထဲမှာပဲ ရှိပြီး သူတို့ရဲ့ လက်တွေ့ ခံစားချက်မှာတော့ တည်ငြိမ်တယ်လို့ မခံစားကြရပါဘူး” လို့ Martin က ဆိုပါတယ်။ဒီတော့ ဒီနေ့လို ခေတ်မျိုးမှာ ဘယ်လိုမျိုး “Stability Stacking” လုပ်ပြီး ကိုယ့်ဘဝကို အကာအကွယ်ပေးမလဲဆိုတာကို Martin ရဲ့ အမြင်တွေအပြင် မီလင်နီယယ် အမှုဆောင် နည်းပြတစ်ဦးဖြစ်သူ Janel Abrahami တို့ရဲ့ အကြံပြုချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
မိတ်ဆွေအဆက်အသွယ် ထူထောင်ပါ
အပိုဝင်ငွေရမယ့် ဘေးတွဲအလုပ်တစ်ခု လုပ်တာဟာ သာမန်အားဖြင့် ကြည့်ရင် အဆင်ပြေတယ်လို့ ထင်ရပေမဲ့၊ Abrahami ကတော့ အသုံးဝင်မယ့် မိတ်ဆွေအဆက် အသွယ်ကောင်းတွေ ဖန်တီးဖို့ကို မမေ့ဖို့ သတိပေးထားပါတယ်။ “စစချင်းမှာ ဘယ်လို ပူးပေါင်းလုပ်ကိုင်ရမှန်း မသိသေးရင်တောင် တစ်နေ့ကျ ရင်းနှီးမြှုပ်နှံမှုတွေ၊ အ ခွင့်အလမ်းတွေ ပေါ်လာတဲ့အခါ ချက်ချင်း ဆက်သွယ်အကူအညီ တောင်းလို့ရမယ့် လူတွေ ရှိနေဖို့ လိုပါတယ်” လို့ သူမက ဆိုပါတယ်။
ကျွမ်းကျင်မှုများကို ထပ်ဖြည့်ပါ
AI ကြောင့် ရုပ်လုံးပေါ်လာမယ့် စိန်ခေါ်မှုတွေအတွက် Martin က နည်းပညာ တုံ့ပြန်မှုတွေကို ပညာယူဖို့ တိုက်တွန်းထားပါတယ်။ “AI နည်းပညာသုံး စွမ်းရည်တွေကို သင်ယူတာဖြစ်ဖြစ်၊ ဒါမှမဟုတ် AI က အစားထိုးလို့ မရနိုင်တဲ့ လူသားဆန်တဲ့ စွမ်းရည်တွေဖြစ်တဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုခြင်း၊ စကားပြောကောင်းခြင်းနဲ့ အပြောင်းအလဲကို လိုက်လျောညီထွေ ပြုပြင်နိုင်ခြင်း စတဲ့ ပညာတွေကို ဖြည့်ဆည်းထားပါ” လို့ သူက အကြံပြုထားပါတယ်။
ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို အများသူငှာ သိအောင် မျှဝေပါ
အကြောင်းအရာမျိုးစုံ ဖန်တီးပြီး ဝင်ငွေလမ်းကြောင်းမျိုးစုံ ဖန်တီးထားသူ Abrahami ကတော့ ကိုယ်ကျွမ်းကျင်တဲ့ ခေါင်းစဉ်တစ်ခုအပေါ် ကိုယ့်ရဲ့ အယူအဆနဲ့ ဗဟု သုတတွေကို ထုတ်ဖော်ပြောဆိုဖို့ မကြောက်ကြဖို့ အကြံပေးပါတယ်။ “ငါတို့ရဲ့ အတွေးအခေါ်တွေနဲ့ အယူအဆတွေကို အများသိအောင် ချပြတာဟာ ပုံမှန် အလုပ်လျှောက်တဲ့ နည်းလမ်းတွေထက် ပိုပြီး အခွင့်အလမ်း တံခါးတွေကို ပွင့်စေပါတယ်” လို့ ဆိုပါတယ်။
ဘဏ္ဍာရေး လုံခြုံမှုကို တည်ဆောက်ပါ
အလုပ်အကိုင်အတွက် အကာအကွယ် လုပ်ရုံတင် မကဘဲ၊ အလုပ်ပြုတ်သွားခဲ့ရင် ခေတ္တခဏ တောင့်ခံနိုင်ဖို့ ဝင်ငွေလမ်းကြောင်းနဲ့ ဘဏ်စုငွေကို တည်ဆောက်ဖို့ လိုပါတယ်။ ဒါဟာ အလွတ်တန်းလုပ်တာ၊ ကိုယ့်ကျွမ်းကျင်မှုကို အကြံပေး လုပ်ငန်းအဖြစ် ပြောင်းလဲတာ ဒါမှမဟုတ် ဘေးတွဲစီးပွားရေး လုပ်တာတွေ ပါဝင်ပြီး အဲဒီကရတဲ့ အပိုဝင်ငွေကို စုဆောင်းထားရမှာ ဖြစ်ပါတယ်။အလုပ်ရှာဖွေရေး နည်းပြ Caroline Castrillon က ကိုယ်နေထိုင်တဲ့ ဒေသဟာ အလုပ်အကိုင် ရရှိမှုပေါ် အကျိုးသက် ရောက်နိုင်တာမို့ အလုပ်လျှောက်မယ့် နေရာတွေကို ပိုမိုကျယ်ပြန့်အောင် လုပ်ဖို့ သတိပေးထားပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီတစ္ပတ္ ေရးထားတဲ့ အလုပ္အကိုင္ဆိုင္ရာ သတင္းလႊာမွာေတာ့ ႐ုံးလုပ္ငန္းတစ္ခုတည္းကိုပဲ အားမကိုးေဘး ဘဝလုံၿခဳံမႈရွိေအာင္ ဘယ္လို ျပင္ဆင္ၾကမလဲဆိုတာနဲ႔ ပတ္သက္လို႔ ေဖာ္ျပေပးထားပါတယ္။ ဒါ့အျပင္ ဝိဇၨာဘာသာရပ္ (Humanities) ဘြဲ႕ေတြဟာ အနာဂတ္အလုပ္အကိုင္ ေအာင္ျမင္မႈအတြက္ လက္မွတ္သစ္ တစ္ေစာင္ ျဖစ္လာႏိုင္သလား ဆိုတာကိုပါ ေလ့လာၾကည့္ၾကရေအာင္ပါ။အေျပာင္းအလဲ ျမန္ဆန္ေနတဲ့ ဒီေန႔ေခတ္ အလုပ္အကိုင္ ေရစီးေၾကာင္းထဲမွာ Glassdoor ရဲ႕ စာရင္းဇယားေတြအရ အသက္ ၃၀ ကေန ၄၅ ႏွစ္ၾကားရွိတဲ့ မီလင္နီယယ္ (Millennial) လုပ္ငန္းခြင္ဝင္ ၇၆ ရာခိုင္ႏႈန္းဟာ သူတို႔သြားေနတဲ့ အလုပ္အကိုင္ လမ္းေၾကာင္းအ ေပၚ ေမးခြန္းထုတ္ေနၾကပါၿပီ။ ဒါတင္မကေသးပါဘူး၊ ၆၈ ရာခိုင္ႏႈန္းက အလုပ္အကိုင္ မေရရာမႈေတြေၾကာင့္ ဘဝရဲ႕ အေရးပါတဲ့ မွတ္တိုင္ေျခလွမ္းေတြကို ေ႐ႊ႕ဆိုင္းထားရတယ္လို႔ ဆိုပါတယ္။
ဒီမ်ိဳးဆက္ဟာ စီးပြားေရး ကပ္ဆိုက္တာေတြ၊ ကမာၻ႔ကပ္ေရာဂါေၾကာင့္ အစုလိုက္ အၿပဳံလိုက္ အလုပ္ျဖဳတ္ခံရတာေတြကို ႀကဳံေတြ႕ခဲ့ဖူးလို႔ လုပ္ငန္းခြင္ ကေသာင္းက နင္း ျဖစ္တာေတြကို ရင္းႏွီးၿပီးသားလို႔ ထင္စရာ ရွိပါတယ္။ ဒါေပမဲ့ Glassdoor ရဲ႕ အႀကီးတန္း စီးပြားေရးပညာရွင္ Chris Martin ကေတာ့ အခုလို အလုပ္ျဖဳတ္ခံရတာေတြနဲ႔ AI ရဲ႕ ႐ိုက္ခတ္မႈဟာ မီလင္နီယယ္ေတြအတြက္ ပိုၿပီး စိုးရိမ္စရာေကာင္းတယ္လို႔ ဆိုပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ သက္ေမြးဝမ္းေက်ာင္းဘဝ အထာ က်ခါနီး အခ်ိန္မွာ ဒီအေျပာင္းအလဲေတြ ေပၚလာလို႔ပါ။ ဒါေၾကာင့္မို႔လို႔လည္း မီလင္နီယယ္ ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ ကြၽမ္းက်င္မႈနဲ႔ အလုပ္အကိုင္ေတြကို ပိုၿပီး စုံလင္ေအာင္ ဖန္တီးတဲ့ “Stability Stacking” ဆိုတဲ့ နည္းလမ္းကို ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ သုံးလာၾကတာ ျဖစ္ပါတယ္။
“မီလင္နီယယ္ေတြဟာ အခုဆို ႐ုံးမွာ မန္ေနဂ်ာေတြ၊ ဒါမွမဟုတ္ C-Suite နဲ႔ VP အဆင့္ တာဝန္ရွိသူေတြျဖစ္လာၿပီး ဘဝရဲ႕ အတည္ၿငိမ္ဆုံးနဲ႔ ဝင္ေငြ အေကာင္းဆုံး အ ခ်ိန္ကို ေရာက္ေနၾကရမွာပါ။ ဒါေပမဲ့ ဒါေတြက စာအုပ္ထဲမွာပဲ ရွိၿပီး သူတို႔ရဲ႕ လက္ေတြ႕ ခံစားခ်က္မွာေတာ့ တည္ၿငိမ္တယ္လို႔ မခံစားၾကရပါဘူး” လို႔ Martin က ဆိုပါတယ္။ဒီေတာ့ ဒီေန႔လို ေခတ္မ်ိဳးမွာ ဘယ္လိုမ်ိဳး “Stability Stacking” လုပ္ၿပီး ကိုယ့္ဘဝကို အကာအကြယ္ေပးမလဲဆိုတာကို Martin ရဲ႕ အျမင္ေတြအျပင္ မီလင္နီယယ္ အမႈေဆာင္ နည္းျပတစ္ဦးျဖစ္သူ Janel Abrahami တို႔ရဲ႕ အႀကံျပဳခ်က္ေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။
မိတ္ေဆြအဆက္အသြယ္ ထူေထာင္ပါ
အပိုဝင္ေငြရမယ့္ ေဘးတြဲအလုပ္တစ္ခု လုပ္တာဟာ သာမန္အားျဖင့္ ၾကည့္ရင္ အဆင္ေျပတယ္လို႔ ထင္ရေပမဲ့၊ Abrahami ကေတာ့ အသုံးဝင္မယ့္ မိတ္ေဆြအဆက္ အသြယ္ေကာင္းေတြ ဖန္တီးဖို႔ကို မေမ့ဖို႔ သတိေပးထားပါတယ္။ “စစခ်င္းမွာ ဘယ္လို ပူးေပါင္းလုပ္ကိုင္ရမွန္း မသိေသးရင္ေတာင္ တစ္ေန႔က် ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ အ ခြင့္အလမ္းေတြ ေပၚလာတဲ့အခါ ခ်က္ခ်င္း ဆက္သြယ္အကူအညီ ေတာင္းလို႔ရမယ့္ လူေတြ ရွိေနဖို႔ လိုပါတယ္” လို႔ သူမက ဆိုပါတယ္။
ကြၽမ္းက်င္မႈမ်ားကို ထပ္ျဖည့္ပါ
AI ေၾကာင့္ ႐ုပ္လုံးေပၚလာမယ့္ စိန္ေခၚမႈေတြအတြက္ Martin က နည္းပညာ တုံ႔ျပန္မႈေတြကို ပညာယူဖို႔ တိုက္တြန္းထားပါတယ္။ “AI နည္းပညာသုံး စြမ္းရည္ေတြကို သင္ယူတာျဖစ္ျဖစ္၊ ဒါမွမဟုတ္ AI က အစားထိုးလို႔ မရႏိုင္တဲ့ လူသားဆန္တဲ့ စြမ္းရည္ေတြျဖစ္တဲ့ ထိေရာက္စြာ ဆက္သြယ္ေျပာဆိုျခင္း၊ စကားေျပာေကာင္းျခင္းနဲ႔ အေျပာင္းအလဲကို လိုက္ေလ်ာညီေထြ ျပဳျပင္ႏိုင္ျခင္း စတဲ့ ပညာေတြကို ျဖည့္ဆည္းထားပါ” လို႔ သူက အႀကံျပဳထားပါတယ္။
ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈကို အမ်ားသူငွာ သိေအာင္ မွ်ေဝပါ
အေၾကာင္းအရာမ်ိဳးစုံ ဖန္တီးၿပီး ဝင္ေငြလမ္းေၾကာင္းမ်ိဳးစုံ ဖန္တီးထားသူ Abrahami ကေတာ့ ကိုယ္ကြၽမ္းက်င္တဲ့ ေခါင္းစဥ္တစ္ခုအေပၚ ကိုယ့္ရဲ႕ အယူအဆနဲ႔ ဗဟု သုတေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔ မေၾကာက္ၾကဖို႔ အႀကံေပးပါတယ္။ “ငါတို႔ရဲ႕ အေတြးအေခၚေတြနဲ႔ အယူအဆေတြကို အမ်ားသိေအာင္ ခ်ျပတာဟာ ပုံမွန္ အလုပ္ေလွ်ာက္တဲ့ နည္းလမ္းေတြထက္ ပိုၿပီး အခြင့္အလမ္း တံခါးေတြကို ပြင့္ေစပါတယ္” လို႔ ဆိုပါတယ္။
ဘ႑ာေရး လုံၿခဳံမႈကို တည္ေဆာက္ပါ
အလုပ္အကိုင္အတြက္ အကာအကြယ္ လုပ္႐ုံတင္ မကဘဲ၊ အလုပ္ျပဳတ္သြားခဲ့ရင္ ေခတၱခဏ ေတာင့္ခံႏိုင္ဖို႔ ဝင္ေငြလမ္းေၾကာင္းနဲ႔ ဘဏ္စုေငြကို တည္ေဆာက္ဖို႔ လိုပါတယ္။ ဒါဟာ အလြတ္တန္းလုပ္တာ၊ ကိုယ့္ကြၽမ္းက်င္မႈကို အႀကံေပး လုပ္ငန္းအျဖစ္ ေျပာင္းလဲတာ ဒါမွမဟုတ္ ေဘးတြဲစီးပြားေရး လုပ္တာေတြ ပါဝင္ၿပီး အဲဒီကရတဲ့ အပိုဝင္ေငြကို စုေဆာင္းထားရမွာ ျဖစ္ပါတယ္။အလုပ္ရွာေဖြေရး နည္းျပ Caroline Castrillon က ကိုယ္ေနထိုင္တဲ့ ေဒသဟာ အလုပ္အကိုင္ ရရွိမႈေပၚ အက်ိဳးသက္ ေရာက္ႏိုင္တာမို႔ အလုပ္ေလွ်ာက္မယ့္ ေနရာေတြကို ပိုမိုက်ယ္ျပန႔္ေအာင္ လုပ္ဖို႔ သတိေပးထားပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply