၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှာ စကြာဝဠာကြီးက ဂြိုဟ်နှစ်စီးပြိုင် နောက်ပြန်ဆုတ် (Retrograde) တဲ့ ဖြစ်စဉ်နဲ့အတူ ရာသီခွင် ၃ ခုကို စိန်ခေါ်စမ်းသပ်တော့မှာပါ။ ဒီလထဲမှာ သောကြာဂြိုဟ် (Venus) နဲ့ ဗုဒ္ဓဟူးဂြိုဟ် (Mercury) တို့နှစ်စီးလုံးဟာ Scorpio ရာသီထဲမှာ ပြိုင်တူ နောက်ပြန်ဆုတ်နေတာမို့ နည်းနည်းတော့ သတိထား ရင်ဆိုင်ရမယ့် သဘောရှိပါတယ်။အခုကြုံရတော့မယ့် အခက်အခဲနဲ့ စိတ်ရှုပ်စရာတွေဟာ ဗြိစ္ဆာရာသီထဲမှာ သောကြာဂြိုဟ် နောက်ဆုံးအကြိမ် နောက်ပြန်ဆုတ်ခဲ့တဲ့ ၂၀၁၈ အောက်တိုဘာတုန်းက အဖြစ်အပျက်တွေကို အတော်လေး သတိရသွားစေပါလိမ့်မယ်။ အပြုသဘောနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီတစ်ကြိမ် ကြုံပြီးရင်တော့ လွန်ခဲ့တဲ့ အတိတ်က အဖြစ်အပျက်တွေဟာ မင်းရဲ့အတိတ်မှာပဲ သေချာပေါက် ကျန်ရစ်ခဲ့တော့မှာပါ။ ဘယ်ရာသီခွင်တွေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
Scorpio
ဂြိုဟ်နှစ်စီးလုံးက မင်းရဲ့ ကိုယ်ပိုင်ရာသီခွင်ထဲမှာ နောက်ပြန်ဆုတ်နေတာဆိုတော့ ဟုတ်ပါတယ်။ သတိမထားရင် စိတ်လှုပ်ရှားမှုတွေ အရမ်းလွန်ကဲပြီး အတော်လေး စိတ်ညစ်ရလိမ့်မယ်လို့ ဗေဒင်ပညာရှင် Ina Rose က ဆိုပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ ဒီလိုဂြိုဟ်နှစ်စီးပြိုင် နောက်ပြန်ဆုတ်မှုဟာ “ဟောင်းနွမ်းကျန်ရစ်ခဲ့တဲ့ သံ ယောဇဉ်တွေ၊ မပြေလည်ခဲ့တဲ့ အချစ်ဒဏ်ရာတွေနဲ့ အရင်က အဆိပ်အတောက်ဖြစ်ခဲ့ဖူးတဲ့ ဆက်ဆံရေးပုံစံဟောင်းတွေကို လက်ရှိဘဝထဲ ပြန်ဆွဲသွင်းလာတာ” လို့ အဓိပ္ပာယ်ရပါတယ်။အတိတ်မှာ ကျန်ခဲ့ပြီလို့ ထင်ထားတဲ့ ချစ်သူဟောင်းတွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ဘက်က မင်းဆီ ပြန်ဆက်သွယ်လာတာမျိုး ဒါမှမဟုတ် မင်းကိုယ်တိုင်က သူတို့နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို သတိရနေမိတာမျိုးပါ။ Rose က “မင်းအနေနဲ့ လွမ်းဆွတ်ရုံတင် မကပါဘူး၊ ဒီ ဂြိုဟ်ဆုတ်နေတဲ့ ကာလအတွင်းမှာ အတိတ်က အဖြစ်အပျက်တွေကို ပြန်ခံစားရဖို့ ဖိအားပေးခံရမှာ ဖြစ်သလို၊ အရင်က မကျေလည်ခဲ့တဲ့ ဒဏ်ရာတွေလည်း ပြန်ပေါ် လာပါလိမ့်မယ်” လို့ ထပ်လောင်းပြောထားပါတယ်။ဒါကြောင့်မို့လို့ သတိနဲ့ အမြဲ စိတ်ကို ပိတ်ထားဖို့ အရေးကြီးပါတယ်၊ ဗြိစ္ဆာရာသီဖွားတို့ရေ။ ဒီလို စမ်းသပ်မှုတွေနဲ့ ကြုံရတာ ကောင်းတဲ့ကိစ္စ မဟုတ်ပေမဲ့ တစ်ဖက်မှာလည်း မင်းကိုယ်မင်း ဘယ်လောက်အထိ ရင့်ကျက်သန်မာလာပြီလဲဆိုတာ ပြန်တွေ့ရမယ့် အခွင့်အရေးပါပဲ။ အ တိတ်ကို စွန့်လွှတ်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲပေမဲ့ အဲဒီအချိန်တုန်းက နှုတ်ဆက်လမ်းခွဲခဲ့ရတဲ့ အကြောင်းရင်းတစ်ခုတော့ ရှိခဲ့တယ်ဆိုတာကို အမြဲ သတိရထားပါ။
Taurus
ဒီဂြိုဟ်နှစ်စီးပြိုင် နောက်ပြန်ဆုတ်မှုက မင်းရဲ့ မျက်နှာချင်းဆိုင် ရာသီခွင်ဖြစ်တဲ့ Scorpio ရာသီမှာ ဖြစ်ပေါ်နေတာမို့ ပြိဿရာသီဖွားတို့အနေနဲ့ စကြာဝဠာရဲ့ ရိုက်ခတ်မှုကို အတော်လေး ခံရပါလိမ့်မယ်။ Rose ရဲ့ အဆိုအရ “ဒီ ဖြစ်စဉ်ဟာ မင်းရဲ့ အပေါင်းအဖော်၊ အိမ်ထောင်ဖက်နဲ့ အချစ်ရေးကို ကိုယ်စားပြုတဲ့ (၇) ခုမြောက် အိမ်ကွက်ကို လာမှန်တာမို့ စိတ်လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်” လို့ သိရပါတယ်။ဆက်သွယ်ရေးကို စိုးမိုးထားတဲ့ ဗုဒ္ဓဟူးဂြိုဟ်ကပါ ဗြိစ္ဆာရာသီထဲမှာ အနောက်ပြန်ဆုတ်နေတာမို့ အခြေအနေကို ပိုဆိုးစေပါတယ်။ ဗြိစ္ဆာရာသီခွင်ထဲမှာ အရာရာကို အမြစ်ထိ တူးဖော်တတ်တဲ့ သဘာဝရှိတော့ စကားပြောဆိုမှုတွေ ဘယ်လောက်ပဲ တင်းမာလာနိုင်ပါတယ်။အောက်တိုဘာလကစပြီး တစ်ခါမှ ပြန်မဖြစ်တော့ဘူးလို့ ထင်ထားတဲ့ အလွဲအမှားတွေနဲ့ ငြင်းခုံမှုတွေ ပြန်ပေါ်လာပါလိမ့်မယ်။ ဒါတွေဟာ “မြှုပ်နှံထားခဲ့တဲ့ မကျေနပ်ချက်တွေ” ဖြစ်တယ်လို့ Rose က ရှင်းပြပါတယ်။ ဟုတ်ပါတယ်၊ “မင်း မြှုပ်နှံထားပြီလို့ ထင်ထားတဲ့ အကြောင်းအရာအရာရာတိုင်းဟာ မင်းရဲ့ ဆက်ဆံရေးကို ပြန်လည် နှောင့်ယှက်လာပါလိမ့်မယ်”။ဒါကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါး ပြင်ဆင်ထားပါ။ ဘဝက မင်းရဲ့ သည်းခံနိုင်စွမ်းကို နောက်တစ်ကြိမ် စိန်ခေါ်နေတာပါ။ သတင်းကောင်းတစ်ခုကတော့ ဒီအကြောင်းအရာတွေကို အနာဂတ်မှာ မင်းအနေနဲ့ နောက်ထပ် ဘယ်တော့မှ ပြန်ပြောနေစရာ လိုတော့မှာ မဟုတ်ပါဘူး။
Gemini
ဗုဒ္ဓဟူးဂြိုဟ်ဟာ မင်းရဲ့ ရာသီခွင်ကို အုပ်စိုးတဲ့ ဂြိုဟ်ဖြစ်တာကြောင့် ဂြိုဟ်အနောက်ပြန်ဆုတ်တဲ့ မည်သည့်အခါမဆို မင်းကို အပြင်းအထန် ရိုက်ခတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ Rose ရဲ့ ပြောကြားချက်အရ “ဗြိစ္ဆာရာသီထဲမှာ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ ပြိုင်တူ အနောက်ပြန်ဆုတ်နေတာဟာ မင်းရဲ့ စိတ်ငြိမ်းချမ်းမှုအတွက်တော့ တကယ့် အိပ်မက်ဆိုးပါပဲ” တဲ့။ ဟုတ်ပါတယ် မေထုန်ရာသီဖွားတို့ရေ၊ အဲဒါကြောင့်လည်း မင်းအနေနဲ့ အခုတည်းက စိတ်တိုဒေါသထွက်ချင်သလို ဖြစ်နေရတာပါ။ဒီဂြိုဟ်နှစ်စီးပြိုင် အနောက်ပြန်ဆုတ်မှုဟာ မင်းကို လွဲမှားတဲ့ သင်္ကေတတွေ၊ အချက်ပြမှုတွေနဲ့ စမ်းသပ်မှာ ဖြစ်ပြီး၊ ပိုဆိုးတာက နားလည်မှုလွဲမှားတာတွေဟာ သာမန်ကိစ္စလို ခပ်စိပ်စိပ် ဖြစ်လာတော့မှာပါ။ Rose က ဆက်ပြီး “မင်းအနေနဲ့ ခေါင်းထဲမှာ အတွေးတွေ သိပ်များနေလိမ့်မယ်။ ကိုယ့်လက်တွဲဖော်ရဲ့ စာပို့တာ၊ သူတို့ရဲ့ လေသံတွေကို အပိုတွေ လိုက်တွေးပြီး အလွန်အမင်း သုံးသပ်နေမိလိမ့်မယ်” လို့ ဆိုထားပါတယ်။ အဲဒီလို ကိစ္စမျိုးတွေကပဲ ရန်ဖြစ်တာတွေကို စတင်စေတာပါ။ဒါကြောင့်မို့လို့ စိတ်ကို တည်ငြိမ်အောင်ထားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုချိန်မှာ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေနိုင်ပေမဲ့ မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်ရင်တော့ ဒီကာလကို ပိုပြီး ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ေအာက္တိုဘာလမွာ စၾကာဝဠာႀကီးက ၿဂိဳဟ္ႏွစ္စီးၿပိဳင္ ေနာက္ျပန္ဆုတ္ (Retrograde) တဲ့ ျဖစ္စဥ္နဲ႔အတူ ရာသီခြင္ ၃ ခုကို စိန္ေခၚစမ္းသပ္ေတာ့မွာပါ။ ဒီလထဲမွာ ေသာၾကာၿဂိဳဟ္ (Venus) နဲ႔ ဗုဒၶဟူးၿဂိဳဟ္ (Mercury) တို႔ႏွစ္စီးလုံးဟာ Scorpio ရာသီထဲမွာ ၿပိဳင္တူ ေနာက္ျပန္ဆုတ္ေနတာမို႔ နည္းနည္းေတာ့ သတိထား ရင္ဆိုင္ရမယ့္ သေဘာရွိပါတယ္။အခုႀကဳံရေတာ့မယ့္ အခက္အခဲနဲ႔ စိတ္ရႈပ္စရာေတြဟာ ၿဗိစာၦရာသီထဲမွာ ေသာၾကာၿဂိဳဟ္ ေနာက္ဆုံးအႀကိမ္ ေနာက္ျပန္ဆုတ္ခဲ့တဲ့ ၂၀၁၈ ေအာက္တိုဘာတုန္းက အျဖစ္အပ်က္ေတြကို အေတာ္ေလး သတိရသြားေစပါလိမ့္မယ္။ အျပဳသေဘာနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ဒီတစ္ႀကိမ္ ႀကဳံၿပီးရင္ေတာ့ လြန္ခဲ့တဲ့ အတိတ္က အျဖစ္အပ်က္ေတြဟာ မင္းရဲ႕အတိတ္မွာပဲ ေသခ်ာေပါက္ က်န္ရစ္ခဲ့ေတာ့မွာပါ။ ဘယ္ရာသီခြင္ေတြလဲဆိုတာ ေလ့လာၾကည့္ရေအာင္ပါ။
Scorpio
ၿဂိဳဟ္ႏွစ္စီးလုံးက မင္းရဲ႕ ကိုယ္ပိုင္ရာသီခြင္ထဲမွာ ေနာက္ျပန္ဆုတ္ေနတာဆိုေတာ့ ဟုတ္ပါတယ္။ သတိမထားရင္ စိတ္လႈပ္ရွားမႈေတြ အရမ္းလြန္ကဲၿပီး အေတာ္ေလး စိတ္ညစ္ရလိမ့္မယ္လို႔ ေဗဒင္ပညာရွင္ Ina Rose က ဆိုပါတယ္။ သူ႔ရဲ႕ ေျပာၾကားခ်က္အရ ဒီလိုၿဂိဳဟ္ႏွစ္စီးၿပိဳင္ ေနာက္ျပန္ဆုတ္မႈဟာ “ေဟာင္းႏြမ္းက်န္ရစ္ခဲ့တဲ့ သံ ေယာဇဥ္ေတြ၊ မေျပလည္ခဲ့တဲ့ အခ်စ္ဒဏ္ရာေတြနဲ႔ အရင္က အဆိပ္အေတာက္ျဖစ္ခဲ့ဖူးတဲ့ ဆက္ဆံေရးပုံစံေဟာင္းေတြကို လက္ရွိဘဝထဲ ျပန္ဆြဲသြင္းလာတာ” လို႔ အဓိပၸာယ္ရပါတယ္။အတိတ္မွာ က်န္ခဲ့ၿပီလို႔ ထင္ထားတဲ့ ခ်စ္သူေဟာင္းေတြနဲ႔ ပတ္သက္ၿပီး ျဖစ္ႏိုင္ေျခ ႏွစ္ခုရွိပါတယ္။ အဲဒါကေတာ့ သူတို႔ဘက္က မင္းဆီ ျပန္ဆက္သြယ္လာတာမ်ိဳး ဒါမွမဟုတ္ မင္းကိုယ္တိုင္က သူတို႔နဲ႔ ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြကို သတိရေနမိတာမ်ိဳးပါ။ Rose က “မင္းအေနနဲ႔ လြမ္းဆြတ္႐ုံတင္ မကပါဘူး၊ ဒီ ၿဂိဳဟ္ဆုတ္ေနတဲ့ ကာလအတြင္းမွာ အတိတ္က အျဖစ္အပ်က္ေတြကို ျပန္ခံစားရဖို႔ ဖိအားေပးခံရမွာ ျဖစ္သလို၊ အရင္က မေက်လည္ခဲ့တဲ့ ဒဏ္ရာေတြလည္း ျပန္ေပၚ လာပါလိမ့္မယ္” လို႔ ထပ္ေလာင္းေျပာထားပါတယ္။ဒါေၾကာင့္မို႔လို႔ သတိနဲ႔ အၿမဲ စိတ္ကို ပိတ္ထားဖို႔ အေရးႀကီးပါတယ္၊ ၿဗိစာၦရာသီဖြားတို႔ေရ။ ဒီလို စမ္းသပ္မႈေတြနဲ႔ ႀကဳံရတာ ေကာင္းတဲ့ကိစၥ မဟုတ္ေပမဲ့ တစ္ဖက္မွာလည္း မင္းကိုယ္မင္း ဘယ္ေလာက္အထိ ရင့္က်က္သန္မာလာၿပီလဲဆိုတာ ျပန္ေတြ႕ရမယ့္ အခြင့္အေရးပါပဲ။ အ တိတ္ကို စြန႔္လႊတ္ဖို႔ဆိုတာ အၿမဲတမ္း ခက္ခဲေပမဲ့ အဲဒီအခ်ိန္တုန္းက ႏႈတ္ဆက္လမ္းခြဲခဲ့ရတဲ့ အေၾကာင္းရင္းတစ္ခုေတာ့ ရွိခဲ့တယ္ဆိုတာကို အၿမဲ သတိရထားပါ။
Taurus
ဒီၿဂိဳဟ္ႏွစ္စီးၿပိဳင္ ေနာက္ျပန္ဆုတ္မႈက မင္းရဲ႕ မ်က္ႏွာခ်င္းဆိုင္ ရာသီခြင္ျဖစ္တဲ့ Scorpio ရာသီမွာ ျဖစ္ေပၚေနတာမို႔ ၿပိႆရာသီဖြားတို႔အေနနဲ႔ စၾကာဝဠာရဲ႕ ႐ိုက္ခတ္မႈကို အေတာ္ေလး ခံရပါလိမ့္မယ္။ Rose ရဲ႕ အဆိုအရ “ဒီ ျဖစ္စဥ္ဟာ မင္းရဲ႕ အေပါင္းအေဖာ္၊ အိမ္ေထာင္ဖက္နဲ႔ အခ်စ္ေရးကို ကိုယ္စားျပဳတဲ့ (၇) ခုေျမာက္ အိမ္ကြက္ကို လာမွန္တာမို႔ စိတ္လႈပ္ရွားမႈေတြနဲ႔ ရင္ဆိုင္ရဖို႔ ရွိပါတယ္” လို႔ သိရပါတယ္။ဆက္သြယ္ေရးကို စိုးမိုးထားတဲ့ ဗုဒၶဟူးၿဂိဳဟ္ကပါ ၿဗိစာၦရာသီထဲမွာ အေနာက္ျပန္ဆုတ္ေနတာမို႔ အေျခအေနကို ပိုဆိုးေစပါတယ္။ ၿဗိစာၦရာသီခြင္ထဲမွာ အရာရာကို အျမစ္ထိ တူးေဖာ္တတ္တဲ့ သဘာဝရွိေတာ့ စကားေျပာဆိုမႈေတြ ဘယ္ေလာက္ပဲ တင္းမာလာႏိုင္ပါတယ္။ေအာက္တိုဘာလကစၿပီး တစ္ခါမွ ျပန္မျဖစ္ေတာ့ဘူးလို႔ ထင္ထားတဲ့ အလြဲအမွားေတြနဲ႔ ျငင္းခုံမႈေတြ ျပန္ေပၚလာပါလိမ့္မယ္။ ဒါေတြဟာ “ျမႇဳပ္ႏွံထားခဲ့တဲ့ မေက်နပ္ခ်က္ေတြ” ျဖစ္တယ္လို႔ Rose က ရွင္းျပပါတယ္။ ဟုတ္ပါတယ္၊ “မင္း ျမႇဳပ္ႏွံထားၿပီလို႔ ထင္ထားတဲ့ အေၾကာင္းအရာအရာရာတိုင္းဟာ မင္းရဲ႕ ဆက္ဆံေရးကို ျပန္လည္ ေႏွာင့္ယွက္လာပါလိမ့္မယ္”။ဒါေၾကာင့္ စိတ္ကို ေပါ့ေပါ့ပါးပါး ျပင္ဆင္ထားပါ။ ဘဝက မင္းရဲ႕ သည္းခံႏိုင္စြမ္းကို ေနာက္တစ္ႀကိမ္ စိန္ေခၚေနတာပါ။ သတင္းေကာင္းတစ္ခုကေတာ့ ဒီအေၾကာင္းအရာေတြကို အနာဂတ္မွာ မင္းအေနနဲ႔ ေနာက္ထပ္ ဘယ္ေတာ့မွ ျပန္ေျပာေနစရာ လိုေတာ့မွာ မဟုတ္ပါဘူး။
Gemini
ဗုဒၶဟူးၿဂိဳဟ္ဟာ မင္းရဲ႕ ရာသီခြင္ကို အုပ္စိုးတဲ့ ၿဂိဳဟ္ျဖစ္တာေၾကာင့္ ၿဂိဳဟ္အေနာက္ျပန္ဆုတ္တဲ့ မည္သည့္အခါမဆို မင္းကို အျပင္းအထန္ ႐ိုက္ခတ္ေလ့ ရွိပါတယ္။ ဒါေပမဲ့ Rose ရဲ႕ ေျပာၾကားခ်က္အရ “ၿဗိစာၦရာသီထဲမွာ ေသာၾကာၿဂိဳဟ္နဲ႔ ဗုဒၶဟူးၿဂိဳဟ္တို႔ ၿပိဳင္တူ အေနာက္ျပန္ဆုတ္ေနတာဟာ မင္းရဲ႕ စိတ္ၿငိမ္းခ်မ္းမႈအတြက္ေတာ့ တကယ့္ အိပ္မက္ဆိုးပါပဲ” တဲ့။ ဟုတ္ပါတယ္ ေမထုန္ရာသီဖြားတို႔ေရ၊ အဲဒါေၾကာင့္လည္း မင္းအေနနဲ႔ အခုတည္းက စိတ္တိုေဒါသထြက္ခ်င္သလို ျဖစ္ေနရတာပါ။ဒီၿဂိဳဟ္ႏွစ္စီးၿပိဳင္ အေနာက္ျပန္ဆုတ္မႈဟာ မင္းကို လြဲမွားတဲ့ သေကၤတေတြ၊ အခ်က္ျပမႈေတြနဲ႔ စမ္းသပ္မွာ ျဖစ္ၿပီး၊ ပိုဆိုးတာက နားလည္မႈလြဲမွားတာေတြဟာ သာမန္ကိစၥလို ခပ္စိပ္စိပ္ ျဖစ္လာေတာ့မွာပါ။ Rose က ဆက္ၿပီး “မင္းအေနနဲ႔ ေခါင္းထဲမွာ အေတြးေတြ သိပ္မ်ားေနလိမ့္မယ္။ ကိုယ့္လက္တြဲေဖာ္ရဲ႕ စာပို႔တာ၊ သူတို႔ရဲ႕ ေလသံေတြကို အပိုေတြ လိုက္ေတြးၿပီး အလြန္အမင္း သုံးသပ္ေနမိလိမ့္မယ္” လို႔ ဆိုထားပါတယ္။ အဲဒီလို ကိစၥမ်ိဳးေတြကပဲ ရန္ျဖစ္တာေတြကို စတင္ေစတာပါ။ဒါေၾကာင့္မို႔လို႔ စိတ္ကို တည္ၿငိမ္ေအာင္ထားႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြပါ။ အခုခ်ိန္မွာ အိပ္မက္ဆိုးတစ္ခုလို ျဖစ္ေနႏိုင္ေပမဲ့ မင္းရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ထားႏိုင္ရင္ေတာ့ ဒီကာလကို ပိုၿပီး ေပါ့ေပါ့ပါးပါး ျဖတ္သန္းသြားႏိုင္ပါလိမ့္မယ္။
ေက်ာ့ေကခိုင္
Leave a Reply