ဒုတိယ အခွင့်အရေး

ဒုတိယ အခွင့်အရေး
ဟိုးတုန်းက “နွေဦးပုံပြင်” နဲ့ “ဆောင်းဦးပုံပြင်” ဆိုတဲ့ ဂျပန်ရုပ်သံစီးရီး နှစ်ခုက်ုမြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုတ်လွှင့်ဖူးပါတယ်။ ကုန်တိုက်ကြီးတစ်ခုမှာအလုပ်သင်နေတဲ့ “ဒိုင်ဆကဲ” ဆိုတဲ့ အလုပ်သင်ဝန်ထမ်းလေးကို အကြောင်းပြုပြီးကုန်တိုက်ကြီးမှာ ဈေးရောင်းပုံတွေ၊ ဝယ်သူကို ဆက်ဆံပုံ၊ ဝန်ဆောင်မှုပေးပုံတွေ၊ပြဿနာဖြေရှင်းပုံတွေကို ဇတ်လမ်းဖွဲ့ပြီး တင်ဆက်ထား တာပါ။

ဒိုင်ဆကဲဟာ စေတနာအလွန်ကောင်းပြီး တက်ကြွပေမယ့် နမော်နမဲ့နိုင်တဲ့အရောင်းသင်ဝန်ထမ်း ဖြစ်ပါတယ်။ ဘောင်းဘီနှစ်ထည်ကို အတိုနဲ့ အရှည်မှားဖြတ်မိတာမျိုးလိုပေါ့။ တိတ်တိတ်ပုန်း ထားတဲ့ ရည်းစားအတွက်မှာထားတဲ့လက်ဝတ်လက်စားကို အိမ်ကမိန်းမဆီ အကြောင်းကြား မိတာမျိုးလိုလဲ ဖြစ်တတ်ပါတယ်။အပြောအဆိုကလဲ လိမ္မာပါးနပ်မှုမရှိပဲ တုတ်ထိုးအိုးပေါက်ပြောတတ်ပါသေးတယ်။ ဝလာလို့စိတ်ညစ်နေတဲ့ ဝယ်သူကို “ဒီဆိုဒ်နဲ့ မတော်တော့ဘူး။ ဝတဲ့သူဆို ဆိုဒ်အကြီးဝတ်မှ ရမယ်”
လို့ပြောလိုက်လို့ ဝယ်သူက စိတ်တွေဆိုး။ဒိုင်ဆကဲရဲ့ အမှားတွေကြောင့် ဝယ်သူကစိတ်ဆိုးသွားပြီး “ဒီကုန်တိုက်မှာ ဘယ်တော့မှမဝယ်တော့ဘူး” လို့ အပြောခံရတဲ့အခါ ဝယ်သူကို လိုက်တောင်းပန်ရတဲ့သူကတော့ကုန်တိုက်ရဲ့ လူမှုဆက်ဆံရေးအရာရှိပဲ ဖြစ်ပါတယ်။ ဒိုင်ဆကဲ ဖန်တီးတဲ့ပြဿနာတွေကိုပဲလိုက်ဖြေရှင်းနေရလို့ ဒိုင်ဆကဲကို အမြင်ကတ်နေသူလဲဖြစ်ပါတယ်။တစ်ခါမှာ ဒိုင်ဆကဲက လက်ဝတ်ရတနာရောင်းတဲ့ ကောင်တာမှာ အရောင်းသင်ရပါတယ်။ဝယ်သူတစ်ယောက်က သူမဝယ်ခင်မှာ အရောင်းသမားတွေနဲ့ အရင်ညှိနှိုင်းထားပါတယ်။သူက သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိန်လက်စွပ်တစ်ကွင်း ဝယ်ချင်တာပါ။ သူမှာက

ပိုက်ဆံသိပ်မရှိတော့ စိန်လက်စွပ်ခပ်သေးသေးတစ်ကွင်းကိုပဲ တတ်နိုင်ပါတယ်။ ဒါကြောင့်
သူ့ချစ်သူကို ခေါ်လာတဲ့အခါကျရင် လက်စွပ်အသေးကိုပဲ ရွေးချယ်အောင်အရောင်းသမားတွေက တိုက်တွန်းပေးဖို့ ကြိုတင်ပြီး လာပြောပြထားတာပါ။သူ့ချစ်သူကို တကယ်ခေါ်လာတဲ့ အခါကျတော့ သူစိုးရိမ်ထားတဲ့အတိုင်း သူ့ချစ်သူကစိန်လက်စွပ် အကြီးကို ရွေးချယ်ပါတယ်။ ဒီအခါမှာ ဒိုင်ဆကဲက တဲ့တိုးပဲ “စိန်လက်စွပ်အကြီးကြီးဝယ်ပြီး ပိုက်ဆံကို မဖြုန်းတီးသင့်ကြောင်း” ပြောပါတယ်။ ချစ်သူမိန်းကလေးကစိန်လက်စွပ်အကြီးကို မဝယ်ဖို့ပြောလို့ “သူနဲ့မထိုက်တန်ဘူးလား” လို့စိတ်ဆိုးပြီး ဒိုင်ဆကဲနဲ့အငြင်းပွားကြပါတယ်။ ဝယ်သူနဲ့ ပြဿနာ တက်နေပြီဆိုတော့ လူမှုဆက်ဆံရေးအရာရှိလဲ
အပြေးအလွှား ရောက်လာရပါတယ်။အရာရှိက အကျိုးအကြောင်းကို မေးပါတယ်။ ပြီးမှ မိန်းကလေးကို စိန်လက်စွပ်တွေကိုဝတ်ကြည့်ပါဦးလို့ ပြောပါတယ်။ မိန်းကလေးက စိန်လက်စွပ်အကြီးကို ဝတ်ကြည့်ပါတယ်။အရာရှိကလဲ အလွန်လှပတဲ့အကြောင်း ချီးမွမ်းပြောဆိုပါတယ်။ နောက်ပြီးတော့ စိန်လက်စွပ်အသေးကို ဝတ်ဆင်ကြည့်ခိုင်းပါတယ်။ အဲဒီကျမှ အရာရှိကမိန်းကလေးရဲ့လက်ချောင်းလေးတွေက အင်မတန်လှတဲ့အကြောင်း၊ စိန်လက်စွပ်အကြီးကိုဝတ်ထားတဲ့ အချိန်မှာ လက်ချောင်းလေးတွေရဲ့ အလှက မပေါ်လွင်ကြောင်း၊စိန်လက်စွပ်အသေးကို ဝတ်လိုက်တော့မှပဲ လက်ချောင်းလေးတွေဘယ်လောက်လှတယ်ဆိုတာကို မြင်မိတဲ့အကြောင်း စိတ်ပါလက်ပါချီးကျူးပြောဆိုပါတယ်။
နောက်ဆုံးမှာ မိန်းကလေးက စိန်လက်စွပ်အသေးကိုပဲ ဝယ်ယူသွားပါတော့တယ်။ သူများက
ဒါကို ဝယ်သင့်တယ်လို့ တိုက်တွန်းလို့ မဟုတ်ပါဘူး။ သူကိုယ်တိုင် ကျေကျေနပ်နပ်ကြီးရွေးချယ်သွားတာ ဖြစ်ပါတယ်။ သူ့ချစ်သူကောင်လေးလဲ စိတ်ချမ်းသာသွားရပါတယ်။

ဒိုင်ဆကဲဟာ ပြဿနာတွေတက်ပြီးတိုင်း လူမှုဆက်ဆံရေးအရာရှိကလိုက်ဖြေရှင်းလိမ့်မယ်လို့ တာဝန်မဲ့ စဉ်းစားတဲ့သူတော့ မဟုတ်ပါဘူး။ သူဟာ ကုန်တိုက်မှာဝယ်သူတွေကို ဝန်ဆောင်မှု ပေးရတာကို ဂုဏ်ယူပြီး စေတနာလည်း ကောင်းတဲ့သူမို့သူ့ကြောင့် ဝယ်သူ စိတ်မကျေမနပ် ဖြစ်ရတာကို စိတ်မကောင်းဖြစ်တတ်တဲ့သူပါ။ဒါကြောင့်လဲ သူ့ရဲ့အမှားကို သူကိုယ်တိုင်ကလဲ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစား၊ ဝယ်သူကျေနပ်လောက်အောင်လဲ စိတ်ရင်းအမှန်နဲ့ တောင်းပန်တတ်လို့ နောက်ဆုံးမှာ ပြဿနာတွေပြေလည်သွားရပါတယ်။ ဝယ်သူက “နောက်ဆိုရင် ဒီကုန်တိုက်မှာပဲ အမြဲဝယ်တော့မယ်”
ဆ်ုတဲ့ ကတိစကားကိုပါ ရှိခဲ့ပါတယ်။

ဇတ်လမ်းတွဲမို့လို့ နောက်ဆုံးမှာ ဝယ်သူက စိတ်ကျေနပ်သွားတာနဲ့ ဇတ်သိမ်းလိုက်တာလို့အလွယ်တကူ မထင်မှတ်လိုကိပါနဲ့။ ဒိုင်ဆကဲက ဝယ်သူစိတ်ဆိုးသွားတဲ့အခါပထမတစ်ကြိမ်နဲ့ လက်လျှော့လိုက်သူ မဟုတ်ပါဘူး။ ဝယ်သူစိတ်ကျေနပ်မှုရတဲ့အထိဇွဲကောင်းကောင်းနဲ့ ကြိုးစားတဲ့သူပါ။ အဲဒီလို ဇွဲကောင်းတဲ့အတွက် ပထမတုန်းက ပျက်ခဲ့ရတဲ့ဆက်ဆံရေးဟာ ဒုတိယအကြိမ် အခွင့်အရေး ရရှိခဲ့ပြီး ရေရှည်တည်တံ့မယ့် ဝယ်သူနဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ပစ္စည်းတစ်ခုကို မေးမြန်းစုံစမ်းပြီးမှ ဝယ်သူက မဝယ်တော့ဘူးလို့ဆုံးဖြတ်လိုက်ရင်“အရောင်းအဝယ်ကိစ္စပြီးပြီ” လို့ ဆိုင်ရှင်ကိုယ်တိုင်ရော၊ အရောင်းဝန်ထမ်းတွေရောယူဆလိုက် တတ်ပါတယ်။ ဝယ်သူရဲ့ အနေအထားပေါ် မူတည်ပြီး ပစ္စည်းရဲ့ အသုံးဝင်ပုံဟာဝယ်သူအတွက် အကျိုးရှိတယ်လို့ နားလည်လာအောင်လုပ်မလား။ ဈေးနှုန်းကမြင့်နေပေမယ့်ပစ္စည်းရဲ့ အရည်အသွေးက ထိုက်တန်ပါတယ်လို့ နှိုင်းယှဉ်ပြဦးမလား။ ဒီပစ္စည်းက
အဆင်မပြေပေမယ့် နောက်ထပ် စိတ်ဝင်စားတဲ့ ပစ္စည်းတွေကို ကြည့်ဦးမလား။ ဝယ်သူကိုဘာများ ကူညီနိုင်တာရှိဦးမလဲ။ ဆက်လက်ပြီး စုံစမ်းကြည့်တာ ရောင်းသူအနေနဲ့ ရရှိနိုင်တဲ့ဒုတိယ အခွင့်အရေး ဖြစ်နိုင်ပါတယ်။

ဒိုင်ဆကဲကို ကြည့်ပါ။ ပြဿနာတွေတက်လို့ ဝယ်သူက စိတ်ဆိုးသွားရင်တောင် စိတ်ပြန်လည်
လာအောင် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်လို့ရပါတယ်။ အဆင်ချောနေတဲ့အရောင်းအဝယ်တစ်ခုထက် ပြဿနာဖြစ်သွားတာကို ပြေလည်အောင် ပြန်ဖြေရှင်းနိုင်တာကဝယ်သူရဲ့ ရင်ထဲကို ပိုပြီးတော့လဲ စွဲငြိ စေနိုင်ပါတယ်။ ကိုယ့်မှာ စေတနာကောင်းတော့ရှိဖို့လိုတာပေါ့လေ။ဒါကြောင့် ပထမအကြိမ် ဝယ်သူက ငြင်းပယ်ခံရတဲ့အခါမှာ အလွယ်တကူလက်မလျှော့လိုက်ပါနဲ့။ ဒုတိယအကြိမ်များ အခွင့်အရေး ရဦးမလားလို့ ကြိုးစားကြည့်ပါ။အရောင်းသမားတစ်ယောက်အတွက် အရောင်းပညာဆိုတာဟာ ဝယ်သူက မဝယ်တော့ဘူးလို့ငြင်းတဲ့အချိန်ကျမှ စတာဖြစ်ပါတယ်။
မမိုးခိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*