Job Scrolling ကို အကျိုးရှိအောင် သုံးနိုင်မယ့် နည်းလမ်း (၅)ခု

နေရာစုံမှာ အလုပ်လိုက်လျှောက်ရင်း၊ အလုပ်ခေါ်စာတိုင်းကို သေချာလိုက်ဖတ်ရင်း LinkedIn က လျှောက်လွှာလေးများ တနေရာရာမှာ အလုပ်ဖြစ်မလားဆိုပြီး ဆု တောင်းနေရတာမျိုးပေါ့။ ဒါပေမဲ့ အရန်စီမံကိန်းလေးတစ်ခု ရှိနေတာကပဲ စိတ်ကို ငြိမ်းအေးစေတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ မြို့ထဲက အလုပ်ခေါ်စာလေးတွေကို လျှောက်ကြည့်နေရုံနဲ့တင် ကိုယ့်မှာ ရွေးချယ်စရာတွေ၊ အခွင့်အလမ်းတွေနဲ့ ထွက်ပေါက်တစ်ခု ရှိနေသလို ခံစားရစေတာပါ။ ၂၀၂၆ မှာတော့ ကိုယ့်အတွက် အခွင့်အ လမ်းတွေကို စုံနေအောင် ဖန်တီးထားနိုင်တာဟာ အလုပ်အကိုင်ရေးရာမှာ အကြီးမားဆုံး အားသာချက်တစ်ခုပါပဲ။

“Job Scrolling” (အလုပ်ရှာ ဖုန်းပွတ်ခြင်း) ဆိုတာ အမှန်တော့ ဘာလဲ

အလုပ်ရှာ ဖုန်းပွတ်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီရေစီးကြောင်းက တော်တော်လေးကို ထွေပြားများပြားနေပါပြီ။ စကားမစပ်၊ ဒီစကားလုံးကို နာ မည်ကြီး အလုပ်အကိုင်ပြောင်းလဲရေးနဲ့ နည်းပြကုမ္ပဏီ Careerminds က Reddit စာမျက်နှာတွေပေါ်က မှတ်ချက်ရာပေါင်းများစွာကို လေ့လာပြီးမှ စတင်သုံးနှုန်းခဲ့တာပါ။ ဒီအသုံးအနှုန်းဟာ ကြီးမားတဲ့ အစီရင်ခံစာတွေ ဒါမှမဟုတ် သုတေသနစာတမ်းတွေကနေ လာတာ မဟုတ်ပါဘူး။ လေ့လာကြည့်ရင် ဒီပုံစံအတိုင်း ဖြစ်ပျက်နေတာကို စောင့်ကြည့်ရင်း ပေါ်ထွက်လာတာပါ။သူတို့ တွေ့ရှိခဲ့တာကတော့ ဝန်ထမ်းအများစုဟာ အလုပ်ကနေ ထွက်မလို့ မဟုတ်ကြပါဘူး။ ရွေးချယ်စရာအသစ်တွေကို စိတ်ပါဝင်စားစွာ လိုက်ကြည့်နေကြတာ၊ အလုပ်ခေါ်စာတွေကို လိုက်စကင်ဖတ်နေကြတာပါ။ အိမ်ဝယ်မယ့်သူတွေက အိမ်အရောင်းကြော်ငြာတွေကို သိမ်းဆည်းထားသလိုမျိုးပါပဲ၊ ဝန်ထမ်းတွေဟာလည်း အနာဂတ်မှာ စိတ်ဝင်စားစရာကောင်းမယ့် အလုပ်ခေါ်စာလေးတွေကို ဖိုင်တွဲလေးတွေနဲ့ တိတ်တဆိတ် စုဆောင်းနေကြတာဖြစ်ပါတယ်။ Careerminds ကတော့ ဒီလိုလုပ်ရပ်ဟာ စိတ်ကို အတော်လေး ငြိမ်းအေးစေတာကြောင့် ဒါကို “Comfort Scrolling”လို့ ခေါ်ခဲ့ပါတယ်။အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်သူ Amanda Augustine ကတော့ ဒါဟာ မရေရာတဲ့ စီးပွားရေးဈေးကွက်မှာ ဝန်ထမ်းတွေ ကြိုတင်ပြင်ဆင်ထားချင်တဲ့ သဘောလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ Job scrolling လုပ်တာဟာ ဝန်ထမ်းတွေ ထွက်ပြေးဖို့ လမ်းစရှာနေတာ မဟုတ်ဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်။ သူတို့ဟာ လိုအပ်လာရင် သုံးနိုင်အောင် အချက်အလက်တွေ စုဆောင်းနေကြတာပါ။ အတိုချုပ်ပြောရရင် ဒါဟာ လိုအပ်တဲ့အချိန်ရောက်လာရင် သုံးရအောင် ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။

အခုချိန်မှာ ဘာလို့ ဒါကို လုပ်နေရတာလဲ

ဒါဆို ၂၀၂၆ မှာ ဒီရေစီးကြောင်းက ဘာလို့ ဒီလောက်တောင် ခေတ်စားလာရတာလဲ။ နွေရာသီ အလုပ်ခေါ်ယူမှုတွေ သိသိသာသာ အေးစက်သွားတာကို အရင်ပြောရ အောင်။ အလုပ်သမားစာရင်းအင်းဗျူရိုရဲ့ ၂၀၂၆ ဇွန်လ အလုပ်အကိုင်အစီရင်ခံစာအရ အမေရိကန်မှာ ဇွန်လအတွင်း အလုပ်အကိုင်ပေါင်း ၅၇,၀၀၀ သာ တိုးတက်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၄.၂ရာခိုင်နှုန်း မှာ ရှိနေပါတယ်။ ဒါဟာ အဆိုးရွားဆုံး အခြေအနေတော့ မဟုတ်ပါဘူး၊ နွေရာသီမှာ အနည်းငယ် အေးစက်သွားရုံနဲ့ တံခါးတွေ အကုန်ပိတ်သွားပြီလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အလုပ်အကိုင်ဈေးကွက်က နှေးကွေးနေသလို ဒါမှမဟုတ် အေးခဲနေသလို ခံစားရတဲ့အခါ ဝန်ထမ်းတွေဟာအပြောင်းအ လဲလုပ်ဖို့ လိုလာရင် သုံးရအောင် ရွေးချယ်စရာတွေ လက်ဝယ်ရှိထားချင်ကြတာ သဘာဝပါပဲ။ဒီအချက်အလက်ကို ကွက်တိ ထောက်ခံပေးနေတဲ့ နောက်ထပ် အစီရင် ခံစာတစ်ခုလည်း ရှိပါသေးတယ်။ Robert Half ကုမ္ပဏီက အမေရိကန် ကျွမ်းကျင်ဝန်ထမ်း ၂,၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ၄၆ရာခိုင်နှုန်း က နောက် ၆ လအတွင်း အလုပ်အသစ်ရှာဖို့ စီစဉ်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ တစ်နှစ်က ၂၇ရာခိုင်နှုန်း ပဲရှိခဲ့တာနဲ့ ယှဉ်ရင် အများကြီး တက်လာတာပါ။ ပိုဆိုးတာက Gen Z တွေဟာ ၅၅ရာခိုင်နဲ့နှုန်း ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီအုပ်စုဟာ ချက်ချင်း လက်ငင်း မထွက်သေးရင်တောင် အပြင်ထွက်ဖို့ တံခါးကို အကဲခတ်ဆုံး အုပ်စုဖြစ်ပါတယ်။

ဒါဟာ မင်းနဲ့ မင်းရဲ့ အလုပ်အကြောင်း ဘာတွေ ပြောပြနေသလဲ

ဒါဆိုရင် သင်ဟာ ထမင်းစားချိန်မှာ အလုပ်ခေါ်စာတွေ ပွတ်ကြည့်နေတဲ့သူဆိုရင် ဒါဟာ သင့်အကြောင်း ဘာကို ဖော်ပြနေသလဲ။ အဓိက မှတ်ထားရမှာက သင်ဟာ အလုပ်ကို ပစ်စလက်ခတ် လုပ်နေတာ မဟုတ်ပါဘူး။ အဖွဲ့အစည်းအပေါ် သစ္စာရှိတုန်းပဲ၊ လက်ရှိရာထူးမှာလည်း ၁၀၀ရာခိုင်နှုန်း အပြ ည့်အဝ စိုက်ထုတ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ဒီရေစီးကြောင်းဟာ အလုပ်မလုပ်ချင်တဲ့ ဝန်ထမ်းတွေကြားထဲမှာပဲ ဖြစ်နေတာ မဟုတ်လို့ပါ။ ဒါဟာ ပျင်းရိတာ ဒါမှမဟုတ် တာဝန်ယူလိုစိတ် မရှိတာ မဟုတ်ဘဲ အလုပ်အကိုင် လုံခြုံရေးအတွက် မဟာဗျူဟာကျကျ လုပ်ဆောင်တာ ဖြစ်ပါတယ်။Gallup ရဲ့ ဝန်ထမ်းစိတ်ပါဝင်စားမှု အစီရင်ခံစာမှာ အမေရိကန် ဝန်ထမ်းများရဲ့ ၃၁ ရာခိုင်နှုန်းကသာ အလုပ်မှာ စိတ်ပါဝင်စားမှုရှိကြပြီး ဒါဟာ ဆယ်စုနှစ် အတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ စိတ်မပါကြတဲ့ ဝန် ထမ်းအများစုက အသိအမှတ်ပြုမှု နည်းတာ၊ တိုးတက်ဖို့ အခွင့်အလမ်း နည်းတာနဲ့ မျှော်လင့်ချက်တွေ မရေရာတာတွေကို အဓိက အကြောင်းအရင်းအဖြစ် ထောက်ပြကြပါတယ်။ ဒီလို အခြေအနေမှာ အီးမေးလ်တစ်စောင်နဲ့ အလုပ်ဖြုတ်ပစ်နိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အချိန်နဲ့ အင်အားတွေ ပုံအောရတာထက် အလုပ်ခေါ်စာလေးတွေ ပွတ်ကြည့်နေကြတာ မဆန်းပါဘူး။ အလုပ်ခွင်က ယုံကြည်ရမှု မရှိတော့တဲ့အခါ စိတ်ဓာတ်ရေးရာ ရင်းနှီးမြှုပ်နှံဖို့ မထိုက်တန်တော့ပါဘူး။

Job Scrolling လုပ်တာ မကောင်းဘူးလား

လုံးဝ မဟုတ်ပါဘူး။ Job scrolling ဟာ အလုပ်လုပ်ချင်ယောင်ဆောင်တာ (Task masking) နဲ့ မတူပါဘူး။ ဒါပေမဲ့ သတိထားရမယ့် အချက်တစ်ခုတော့ ရှိပါတယ်သင် Job scrolling လုပ်နေတာဟာ ကိုယ့်အတွက် ရွေးချယ်စရာအသစ်တွေ ဖန်တီးဖို့ဆိုရင်တော့ ဒါဟာ မင်းရဲ့ မွေးရာပါ လုပ်ငန်းခွင် အားသာချက်တစ်ခု ဖြစ်လာမှာပါ။ သို့သော်လည်း၊ လက်ရှိ ရောက်နေတဲ့ ကုမ္ပဏီမှာ ၁၀၀ရာခိုင်နှုန်း အပြည့်အဝ စိုက်ထုတ်မှု မရှိဘဲ နောက်ထပ် အခွင့်အလမ်းအသစ်၊ နောက်ထပ် စိတ်လှုပ်ရှားမှုနဲ့ နောက်ထပ် ရာထူးတိုးကိုပဲ အမြဲ လိုက်ရှာနေမယ်ဆိုရင်တော့ အနာဂတ် အောင်မြင်မှု အခွင့်အလမ်းတွေကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ တူပါတယ်။အလုပ်တစ်ခုမှာ ကတိကဝတ် ဆိုတာ လိုအပ်တုန်းပါပဲ။ Job scrolling ကို ချစ်သူရည်းစား ဆက်ဆံရေးလို သဘောထားကြည့်ပါ။ အခုမှ စတွဲတာဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးပဲ အချိန်ပေးနေတုန်းဆိုရင် ဒီနည်းလမ်းကို သုံးတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အပြန်အလှန် လေးလေးနက်နက် ရင်းနှီးမြှုပ်နှံထားကြတဲ့ ဆက်ဆံရေးမျိုးမှာတော့ ပိုကောင်းတာကို အမြဲတမ်း အပြင်မှာ လိုက်ရှာနေတာက သင့်ကို အားမလိုအားမရ ဖြစ်စေပြီး စိတ်ပျက်စေမှာဖြစ်သလို၊ ကိုယ့်ဘက်က လုပ်အားနဲ့ အချိန် မရင်းနှီးဘဲ ရာထူးတိုးကိုပဲ လိုချင်နေသလို ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ပဲဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုဟာ ကြိုးစားအားထုတ်မှု လိုပါတယ်။ အလုပ်ခွင် ပျော်ရွှင်မှုဆိုတာလည်း အများအားဖြင့် ကိုယ်တိုင်ရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်နေတတ်တာပါ။

Job Scrolling ကို အသက်မွေးဝမ်းကျောင်း နည်းဗျူဟာအဖြစ် ပြောင်းလဲနည်း ၅ နည်း
အလုပ်ရှာ ဖုန်းပွတ်နေတာကို စိတ်ပျံ့လွင့်စရာ မဟုတ်ဘဲ နည်းဗျူဟာတစ်ခု ဖြစ်လာအောင် ပြောင်းလဲနိုင်မယ့် နည်းလမ်း ၅ ခုရှိပါတယ်။

၁။ ကိုယ် အမှန်တကယ် ဘာကို လိုက်ရှာနေလဲဆိုတာ သေချာအောင်လုပ်ပါ

ကိုယ်သွားချင်တဲ့ ဦးတည်ရာကို မသိရင် ခရီးစဉ်ကို ပုံဖော်ဖို့ မဖြစ်နိုင်ပါဘူး။

၂။ ကိုယ့်ရဲ့ စိုးရိမ်စိတ်တွေကို ဆန်းစစ်ပါ

ပြဿနာတွေကနေ ထွက်ပြေးချင်လို့ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှု ရှိချင်လို့ Job scrolling လုပ်နေတာမျိုးပဲ ဖြစ်ပါစေ။

၃။ တံတားတွေကို မီးမရှို့ပါနဲ့

ဘယ်သူမှ စွန့်ပစ်ခံရတယ်လို့ မခံစားချင်ကြပါဘူး၊ မင်းရဲ့ မန်နေဂျာတွေနဲ့ မင်းအပေါ် ရင်းနှီးမြှုပ်နှံထားသူတွေဆို ပိုဆိုးပါတယ်။ ဒါကြောင့် သေချာဂရုစိုက်ပါ၊ ထွက်ရင်လည်း ကတ္တီပါလမ်းခွဲဖြစ်ပါစေ။

၄။ အလုပ်ရှာ ဖုန်းပွတ်မယ့် အချိန်ကို ကန့်သတ်ထားပါ

သဘာဝတရားနဲ့ ထိတွေ့ပါ၊ အပြင်ထွက်ပါ၊ သူငယ်ချင်းတွေနဲ့ တွေ့ပါ၊ လက်ရှိ ရောက်နေတဲ့ အလုပ်မှာလည်း အချိန်ပေး ရင်းနှီးမြှုပ်နှံပါ။

၅။ ပုံစံ (Patterns) လေးတွေကို လိုက်ကြည့်ပါ အကောင်းဆုံး အလုပ်ခေါ်စာတွေကိုပဲ သိမ်းမထားပါနဲ့။ ကိုယ့်ရဲ့ စရိုက်၊ အတွေ့အကြုံနဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရှာဖွေပါ။

ရည်ရွယ်ချက်ရှိရှိ Job Scrolling လုပ်ပါ

အလုပ်ရှာ ဖုန်းပွတ်နေတာဟာ အကျင့်စာရိတ္တ မကောင်းတာ မဟုတ်ပါဘူး။ ပျင်းတွဲနေတာလည်း မဟုတ်သလို၊ ကုမ္ပဏီအပေါ် စိတ်မပါတော့တာလည်း မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်မှီဖို့နဲ့ ရည်ရွယ်ချက်ရှိရှိ အလုပ်လုပ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝကို မဟာဗျူဟာကျကျ ဦးစီးနေတာပဲ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ေနရာစုံမွာ အလုပ္လိုက္ေလွ်ာက္ရင္း၊ အလုပ္ေခၚစာတိုင္းကို ေသခ်ာလိုက္ဖတ္ရင္း LinkedIn က ေလွ်ာက္လႊာေလးမ်ား တေနရာရာမွာ အလုပ္ျဖစ္မလားဆိုၿပီး ဆု ေတာင္းေနရတာမ်ိဳးေပါ့။ ဒါေပမဲ့ အရန္စီမံကိန္းေလးတစ္ခု ရွိေနတာကပဲ စိတ္ကို ၿငိမ္းေအးေစတဲ့ အရာတစ္ခု ျဖစ္လာပါတယ္။ ၿမိဳ႕ထဲက အလုပ္ေခၚစာေလးေတြကို ေလွ်ာက္ၾကည့္ေန႐ုံနဲ႔တင္ ကိုယ့္မွာ ေ႐ြးခ်ယ္စရာေတြ၊ အခြင့္အလမ္းေတြနဲ႔ ထြက္ေပါက္တစ္ခု ရွိေနသလို ခံစားရေစတာပါ။ ၂၀၂၆ မွာေတာ့ ကိုယ့္အတြက္ အခြင့္အ လမ္းေတြကို စုံေနေအာင္ ဖန္တီးထားႏိုင္တာဟာ အလုပ္အကိုင္ေရးရာမွာ အႀကီးမားဆုံး အားသာခ်က္တစ္ခုပါပဲ။

“Job Scrolling” (အလုပ္ရွာ ဖုန္းပြတ္ျခင္း) ဆိုတာ အမွန္ေတာ့ ဘာလဲ

အလုပ္ရွာ ဖုန္းပြတ္ေနတာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒီေရစီးေၾကာင္းက ေတာ္ေတာ္ေလးကို ေထြျပားမ်ားျပားေနပါၿပီ။ စကားမစပ္၊ ဒီစကားလုံးကို နာ မည္ႀကီး အလုပ္အကိုင္ေျပာင္းလဲေရးနဲ႔ နည္းျပကုမၸဏီ Careerminds က Reddit စာမ်က္ႏွာေတြေပၚက မွတ္ခ်က္ရာေပါင္းမ်ားစြာကို ေလ့လာၿပီးမွ စတင္သုံးႏႈန္းခဲ့တာပါ။ ဒီအသုံးအႏႈန္းဟာ ႀကီးမားတဲ့ အစီရင္ခံစာေတြ ဒါမွမဟုတ္ သုေတသနစာတမ္းေတြကေန လာတာ မဟုတ္ပါဘူး။ ေလ့လာၾကည့္ရင္ ဒီပုံစံအတိုင္း ျဖစ္ပ်က္ေနတာကို ေစာင့္ၾကည့္ရင္း ေပၚထြက္လာတာပါ။သူတို႔ ေတြ႕ရွိခဲ့တာကေတာ့ ဝန္ထမ္းအမ်ားစုဟာ အလုပ္ကေန ထြက္မလို႔ မဟုတ္ၾကပါဘူး။ ေ႐ြးခ်ယ္စရာအသစ္ေတြကို စိတ္ပါဝင္စားစြာ လိုက္ၾကည့္ေနၾကတာ၊ အလုပ္ေခၚစာေတြကို လိုက္စကင္ဖတ္ေနၾကတာပါ။ အိမ္ဝယ္မယ့္သူေတြက အိမ္အေရာင္းေၾကာ္ျငာေတြကို သိမ္းဆည္းထားသလိုမ်ိဳးပါပဲ၊ ဝန္ထမ္းေတြဟာလည္း အနာဂတ္မွာ စိတ္ဝင္စားစရာေကာင္းမယ့္ အလုပ္ေခၚစာေလးေတြကို ဖိုင္တြဲေလးေတြနဲ႔ တိတ္တဆိတ္ စုေဆာင္းေနၾကတာျဖစ္ပါတယ္။ Careerminds ကေတာ့ ဒီလိုလုပ္ရပ္ဟာ စိတ္ကို အေတာ္ေလး ၿငိမ္းေအးေစတာေၾကာင့္ ဒါကို “Comfort Scrolling”လို႔ ေခၚခဲ့ပါတယ္။အလုပ္ အကိုင္ဆိုင္ရာ ကြၽမ္းက်င္သူ Amanda Augustine ကေတာ့ ဒါဟာ မေရရာတဲ့ စီးပြားေရးေဈးကြက္မွာ ဝန္ထမ္းေတြ ႀကိဳတင္ျပင္ဆင္ထားခ်င္တဲ့ သေဘာလို႔ ေျပာပါတယ္။ ဒါေၾကာင့္မို႔လို႔ Job scrolling လုပ္တာဟာ ဝန္ထမ္းေတြ ထြက္ေျပးဖို႔ လမ္းစရွာေနတာ မဟုတ္ဘူးဆိုတာကို နားလည္ဖို႔ လိုပါတယ္။ သူတို႔ဟာ လိုအပ္လာရင္ သုံးႏိုင္ေအာင္ အခ်က္အလက္ေတြ စုေဆာင္းေနၾကတာပါ။ အတိုခ်ဳပ္ေျပာရရင္ ဒါဟာ လိုအပ္တဲ့အခ်ိန္ေရာက္လာရင္ သုံးရေအာင္ ျပင္ဆင္ထားၾကတာ ျဖစ္ပါတယ္။

အခုခ်ိန္မွာ ဘာလို႔ ဒါကို လုပ္ေနရတာလဲ

ဒါဆို ၂၀၂၆ မွာ ဒီေရစီးေၾကာင္းက ဘာလို႔ ဒီေလာက္ေတာင္ ေခတ္စားလာရတာလဲ။ ေႏြရာသီ အလုပ္ေခၚယူမႈေတြ သိသိသာသာ ေအးစက္သြားတာကို အရင္ေျပာရ ေအာင္။ အလုပ္သမားစာရင္းအင္းဗ်ဴ႐ိုရဲ႕ ၂၀၂၆ ဇြန္လ အလုပ္အကိုင္အစီရင္ခံစာအရ အေမရိကန္မွာ ဇြန္လအတြင္း အလုပ္အကိုင္ေပါင္း ၅၇,၀၀၀ သာ တိုးတက္ခဲ့ၿပီး အလုပ္လက္မဲ့ႏႈန္းက ၄.၂ရာခိုင္ႏႈန္း မွာ ရွိေနပါတယ္။ ဒါဟာ အဆိုး႐ြားဆုံး အေျခအေနေတာ့ မဟုတ္ပါဘူး၊ ေႏြရာသီမွာ အနည္းငယ္ ေအးစက္သြား႐ုံနဲ႔ တံခါးေတြ အကုန္ပိတ္သြားၿပီလို႔ မဆိုလိုပါဘူး။ ဒါေပမဲ့ အလုပ္အကိုင္ေဈးကြက္က ေႏွးေကြးေနသလို ဒါမွမဟုတ္ ေအးခဲေနသလို ခံစားရတဲ့အခါ ဝန္ထမ္းေတြဟာအေျပာင္းအ လဲလုပ္ဖို႔ လိုလာရင္ သုံးရေအာင္ ေ႐ြးခ်ယ္စရာေတြ လက္ဝယ္ရွိထားခ်င္ၾကတာ သဘာဝပါပဲ။ဒီအခ်က္အလက္ကို ကြက္တိ ေထာက္ခံေပးေနတဲ့ ေနာက္ထပ္ အစီရင္ ခံစာတစ္ခုလည္း ရွိပါေသးတယ္။ Robert Half ကုမၸဏီက အေမရိကန္ ကြၽမ္းက်င္ဝန္ထမ္း ၂,၀၀၀ ေက်ာ္ကို စုံစမ္းစစ္ေဆးခဲ့ရာမွာ ၄၆ရာခိုင္ႏႈန္း က ေနာက္ ၆ လအတြင္း အလုပ္အသစ္ရွာဖို႔ စီစဥ္ေနၾကတာကို ေတြ႕ရပါတယ္။ ဒါဟာ လြန္ခဲ့တဲ့ တစ္ႏွစ္က ၂၇ရာခိုင္ႏႈန္း ပဲရွိခဲ့တာနဲ႔ ယွဥ္ရင္ အမ်ားႀကီး တက္လာတာပါ။ ပိုဆိုးတာက Gen Z ေတြဟာ ၅၅ရာခိုင္နဲ႔ႏႈန္း ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။ ဒီအုပ္စုဟာ ခ်က္ခ်င္း လက္ငင္း မထြက္ေသးရင္ေတာင္ အျပင္ထြက္ဖို႔ တံခါးကို အကဲခတ္ဆုံး အုပ္စုျဖစ္ပါတယ္။

ဒါဟာ မင္းနဲ႔ မင္းရဲ႕ အလုပ္အေၾကာင္း ဘာေတြ ေျပာျပေနသလဲ

ဒါဆိုရင္ သင္ဟာ ထမင္းစားခ်ိန္မွာ အလုပ္ေခၚစာေတြ ပြတ္ၾကည့္ေနတဲ့သူဆိုရင္ ဒါဟာ သင့္အေၾကာင္း ဘာကို ေဖာ္ျပေနသလဲ။ အဓိက မွတ္ထားရမွာက သင္ဟာ အလုပ္ကို ပစ္စလက္ခတ္ လုပ္ေနတာ မဟုတ္ပါဘူး။ အဖြဲ႕အစည္းအေပၚ သစၥာရွိတုန္းပဲ၊ လက္ရွိရာထူးမွာလည္း ၁၀၀ရာခိုင္ႏႈန္း အျပ ည့္အဝ စိုက္ထုတ္ေနတုန္းပါပဲ။ ဘာလို႔လဲဆိုေတာ့ ဒီေရစီးေၾကာင္းဟာ အလုပ္မလုပ္ခ်င္တဲ့ ဝန္ထမ္းေတြၾကားထဲမွာပဲ ျဖစ္ေနတာ မဟုတ္လို႔ပါ။ ဒါဟာ ပ်င္းရိတာ ဒါမွမဟုတ္ တာဝန္ယူလိုစိတ္ မရွိတာ မဟုတ္ဘဲ အလုပ္အကိုင္ လုံၿခဳံေရးအတြက္ မဟာဗ်ဴဟာက်က် လုပ္ေဆာင္တာ ျဖစ္ပါတယ္။Gallup ရဲ႕ ဝန္ထမ္းစိတ္ပါဝင္စားမႈ အစီရင္ခံစာမွာ အေမရိကန္ ဝန္ထမ္းမ်ားရဲ႕ ၃၁ ရာခိုင္ႏႈန္းကသာ အလုပ္မွာ စိတ္ပါဝင္စားမႈရွိၾကၿပီး ဒါဟာ ဆယ္စုႏွစ္ အတြင္း အနိမ့္ဆုံးျဖစ္တယ္လို႔ ေထာက္ျပထားပါတယ္။ စိတ္မပါၾကတဲ့ ဝန္ ထမ္းအမ်ားစုက အသိအမွတ္ျပဳမႈ နည္းတာ၊ တိုးတက္ဖို႔ အခြင့္အလမ္း နည္းတာနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ မေရရာတာေတြကို အဓိက အေၾကာင္းအရင္းအျဖစ္ ေထာက္ျပၾကပါတယ္။ ဒီလို အေျခအေနမွာ အီးေမးလ္တစ္ေစာင္နဲ႔ အလုပ္ျဖဳတ္ပစ္ႏိုင္တဲ့ ကုမၸဏီတစ္ခုမွာ အခ်ိန္နဲ႔ အင္အားေတြ ပုံေအာရတာထက္ အလုပ္ေခၚစာေလးေတြ ပြတ္ၾကည့္ေနၾကတာ မဆန္းပါဘူး။ အလုပ္ခြင္က ယုံၾကည္ရမႈ မရွိေတာ့တဲ့အခါ စိတ္ဓာတ္ေရးရာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ မထိုက္တန္ေတာ့ပါဘူး။

Job Scrolling လုပ္တာ မေကာင္းဘူးလား

လုံးဝ မဟုတ္ပါဘူး။ Job scrolling ဟာ အလုပ္လုပ္ခ်င္ေယာင္ေဆာင္တာ (Task masking) နဲ႔ မတူပါဘူး။ ဒါေပမဲ့ သတိထားရမယ့္ အခ်က္တစ္ခုေတာ့ ရွိပါတယ္သင္ Job scrolling လုပ္ေနတာဟာ ကိုယ့္အတြက္ ေ႐ြးခ်ယ္စရာအသစ္ေတြ ဖန္တီးဖို႔ဆိုရင္ေတာ့ ဒါဟာ မင္းရဲ႕ ေမြးရာပါ လုပ္ငန္းခြင္ အားသာခ်က္တစ္ခု ျဖစ္လာမွာပါ။ သို႔ေသာ္လည္း၊ လက္ရွိ ေရာက္ေနတဲ့ ကုမၸဏီမွာ ၁၀၀ရာခိုင္ႏႈန္း အျပည့္အဝ စိုက္ထုတ္မႈ မရွိဘဲ ေနာက္ထပ္ အခြင့္အလမ္းအသစ္၊ ေနာက္ထပ္ စိတ္လႈပ္ရွားမႈနဲ႔ ေနာက္ထပ္ ရာထူးတိုးကိုပဲ အၿမဲ လိုက္ရွာေနမယ္ဆိုရင္ေတာ့ အနာဂတ္ ေအာင္ျမင္မႈ အခြင့္အလမ္းေတြကို ကိုယ္တိုင္ ဖ်က္ဆီးေနတာနဲ႔ တူပါတယ္။အလုပ္တစ္ခုမွာ ကတိကဝတ္ ဆိုတာ လိုအပ္တုန္းပါပဲ။ Job scrolling ကို ခ်စ္သူရည္းစား ဆက္ဆံေရးလို သေဘာထားၾကည့္ပါ။ အခုမွ စတြဲတာျဖစ္လို႔ ေပါ့ေပါ့ပါးပါးေလးပဲ အခ်ိန္ေပးေနတုန္းဆိုရင္ ဒီနည္းလမ္းကို သုံးတာ ျပႆနာမရွိပါဘူး။ ဒါေပမဲ့ အျပန္အလွန္ ေလးေလးနက္နက္ ရင္းႏွီးျမႇဳပ္ႏွံထားၾကတဲ့ ဆက္ဆံေရးမ်ိဳးမွာေတာ့ ပိုေကာင္းတာကို အၿမဲတမ္း အျပင္မွာ လိုက္ရွာေနတာက သင့္ကို အားမလိုအားမရ ျဖစ္ေစၿပီး စိတ္ပ်က္ေစမွာျဖစ္သလို၊ ကိုယ့္ဘက္က လုပ္အားနဲ႔ အခ်ိန္ မရင္းႏွီးဘဲ ရာထူးတိုးကိုပဲ လိုခ်င္ေနသလို ျဖစ္ေနပါလိမ့္မယ္။ အိမ္ေထာင္ေရးပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္ပဲျဖစ္ျဖစ္ ဆက္ဆံေရးတစ္ခုဟာ ႀကိဳးစားအားထုတ္မႈ လိုပါတယ္။ အလုပ္ခြင္ ေပ်ာ္႐ႊင္မႈဆိုတာလည္း အမ်ားအားျဖင့္ ကိုယ္တိုင္ရဲ႕ ႀကိဳးစားမႈအေပၚမွာ မူတည္ေနတတ္တာပါ။

Job Scrolling ကို အသက္ေမြးဝမ္းေက်ာင္း နည္းဗ်ဴဟာအျဖစ္ ေျပာင္းလဲနည္း ၅ နည္း
အလုပ္ရွာ ဖုန္းပြတ္ေနတာကို စိတ္ပ်ံ႕လြင့္စရာ မဟုတ္ဘဲ နည္းဗ်ဴဟာတစ္ခု ျဖစ္လာေအာင္ ေျပာင္းလဲႏိုင္မယ့္ နည္းလမ္း ၅ ခုရွိပါတယ္။

၁။ ကိုယ္ အမွန္တကယ္ ဘာကို လိုက္ရွာေနလဲဆိုတာ ေသခ်ာေအာင္လုပ္ပါ

ကိုယ္သြားခ်င္တဲ့ ဦးတည္ရာကို မသိရင္ ခရီးစဥ္ကို ပုံေဖာ္ဖို႔ မျဖစ္ႏိုင္ပါဘူး။

၂။ ကိုယ့္ရဲ႕ စိုးရိမ္စိတ္ေတြကို ဆန္းစစ္ပါ

ျပႆနာေတြကေန ထြက္ေျပးခ်င္လို႔ မဟုတ္ဘဲ ႀကိဳတင္ျပင္ဆင္မႈ ရွိခ်င္လို႔ Job scrolling လုပ္ေနတာမ်ိဳးပဲ ျဖစ္ပါေစ။

၃။ တံတားေတြကို မီးမရႈိ႕ပါနဲ႔

ဘယ္သူမွ စြန႔္ပစ္ခံရတယ္လို႔ မခံစားခ်င္ၾကပါဘူး၊ မင္းရဲ႕ မန္ေနဂ်ာေတြနဲ႔ မင္းအေပၚ ရင္းႏွီးျမႇဳပ္ႏွံထားသူေတြဆို ပိုဆိုးပါတယ္။ ဒါေၾကာင့္ ေသခ်ာဂ႐ုစိုက္ပါ၊ ထြက္ရင္လည္း ကတၱီပါလမ္းခြဲျဖစ္ပါေစ။

၄။ အလုပ္ရွာ ဖုန္းပြတ္မယ့္ အခ်ိန္ကို ကန႔္သတ္ထားပါ

သဘာဝတရားနဲ႔ ထိေတြ႕ပါ၊ အျပင္ထြက္ပါ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ပါ၊ လက္ရွိ ေရာက္ေနတဲ့ အလုပ္မွာလည္း အခ်ိန္ေပး ရင္းႏွီးျမႇဳပ္ႏွံပါ။

၅။ ပုံစံ (Patterns) ေလးေတြကို လိုက္ၾကည့္ပါ အေကာင္းဆုံး အလုပ္ေခၚစာေတြကိုပဲ သိမ္းမထားပါနဲ႔။ ကိုယ့္ရဲ႕ စ႐ိုက္၊ အေတြ႕အႀကဳံနဲ႔ ပညာအရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ အလုပ္ေတြကို ရွာေဖြပါ။

ရည္႐ြယ္ခ်က္ရွိရွိ Job Scrolling လုပ္ပါ

အလုပ္ရွာ ဖုန္းပြတ္ေနတာဟာ အက်င့္စာရိတၱ မေကာင္းတာ မဟုတ္ပါဘူး။ ပ်င္းတြဲေနတာလည္း မဟုတ္သလို၊ ကုမၸဏီအေပၚ စိတ္မပါေတာ့တာလည္း မဟုတ္ပါဘူး။ ဒါဟာ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ ျပည့္မွီဖို႔နဲ႔ ရည္႐ြယ္ခ်က္ရွိရွိ အလုပ္လုပ္ႏိုင္ဖို႔အတြက္ ကိုယ့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္း ဘဝကို မဟာဗ်ဴဟာက်က် ဦးစီးေနတာပဲ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*