အလုပ်မှာ ရာထူးတိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ဆိုရင် စိတ်ဓာတ်ကျစရာကောင်းလှပါတယ်။ ဘေးနားကလူတွေ ကိုယ့်ထက် မြန်မြန်ဆန်ဆန် ရာထူးတက်သွားတာကို မြင်ရတဲ့အခါမျိုးမှာ ပိုဆိုးတာပေါ့။ဒါပေမဲ့ ကံကောင်းတာတစ်ခုက လုပ်ရတာ လွယ်ကူပြီး လက်တွေ့ကျတဲ့ အကျင့်လေးအချို့ကို ပျိုးထောင်လိုက်ရုံနဲ့ နောက်ထပ် ရာထူးကြီးကြီးတစ်ခု (အပိုဆုအနေနဲ့ လစာတိုးတာပါ) ရဖို့ အများကြီး အထောက်အကူပြုနိုင်ပါတယ်။ဒါဆိုရင် လုပ်ငန်းခွင်မှာ ရာထူးဆက်တိုက်တိုးနေသူတွေရဲ့ ရိုးရှင်းလွန်းတဲ့ အကျင့် ၉ ခုကို ကြည့်လိုက်ရအောင်ပါ။
Google နဲ့ AI Tools တွေကို ပါးနပ်စွာ အသုံးချပါ
ယနေ့ခေတ်မှာ ရှာဖွေရေးအင်ဂျင်တွေအပြင် GenAI စနစ်တွေကိုပါ ကျွမ်းကျင်စွာ သုံးတတ်သူတွေဟာ ပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ကြပါတယ်။ အလုပ်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံလိုက်ရတာနဲ့ ဘာလုပ်ရမှန်းမသိဘဲ အထက်လူကြီးဆီ တန်းပြေးမေးမယ့်အစား ကိုယ်တိုင် အွန်လိုင်းနဲ့ AI Tool တွေမှာ ရှာဖွေဆန်းစစ်ပြီး အဖြေ ဒါမှမဟုတ် အကြံပြုချက်နဲ့တကွ သွားရောက်တင်ပြပါ။ ဒါဟာ သင့်ကို ခေတ်မီပြီး အားကိုးရတဲ့ ပြဿနာဖြေရှင်းသူ (Problem Solver) အဖြစ် ပေါ်လွင်စေပါတယ်။
တုံ့ပြန်အကြံပြုချက် (Feedback) ကို မပြတ်တောင်းဆိုပါ
အထက်လူကြီးဆီက အကြံပြုချက်တောင်းတာဟာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို တိုးတက်စေချင်တဲ့ စိတ်ရှိကြောင်းပြသရာရောက်သလို ကုမ္ပဏီမှာ ကိုယ့်ရဲ့ အနာဂတ်အ တွက် မြှုပ်နှံထားကြောင်းလည်း သက်သေပြရာရောက်ပါတယ်။ သင်က ခေါင်းဆောင်နေရာမှာ ရောက်နေသူဆိုရင်လည်း ကိုယ့်လက်အောက်ငယ်သားတွေဆီက အ ကြံပြုချက် တောင်းလို့ရပါတယ်။ ဒါမှလည်း လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။
အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို မွေးမြူပါ
အမြဲတမ်း စိတ်တိုပြီး ညည်းတွားနေတတ်တဲ့သူနဲ့ ဘယ်သူမှ မပေါင်းချင်ပါဘူး။ အလုပ်မှာ အမြဲတမ်း စိတ်ဓာတ်တက်ကြွနေဖို့ဆိုတာ မလွယ်ပေမဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပေါင်းသင်းရလွယ်ကူတဲ့ အမူအရာဟာ အသင်းအဖွဲ့အတွင်းမှာ အပြုသဘောဆောင်တဲ့ စွမ်းအင်ကို ဖြစ်ပေါ်စေပါတယ်။
ယုံကြည်မှုရှိရှိ ပေါင်းစပ်ပြောဆိုပါ
လုပ်ငန်းခွင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက သင့်ကို အဝေးကြီးအထိ ရောက်သွားစေနိုင်ပါတယ်။ မောက်မာတာမျိုး မဟုတ်ဘဲ ကိုယ်ဘာလုပ်နေသလဲဆိုတာ ကိုယ် အပြည့်အဝ နားလည်ကြောင်း ပြသဖို့ လိုပါတယ်။ အစည်းအဝေးတွေမှာဖြစ်စေ၊ လူချင်းတွေ့ဆုံချိန်မှာဖြစ်စေ ယုံကြည်မှုရှိရှိ စကားပြောတတ်သူတွေဟာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိလေ့ရှိပါတယ်။
ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ဒေတာနဲ့တကွ ထင်ရှားအောင်ပြပါ
အလုပ် ကြိုးစားရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ထုတ်ပြတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိန်းဂဏန်းအချက်အလက်တွေ၊ ရလဒ် ဒေတာ (Data & Metrics) တွေနဲ့ ခိုင်မာစွာ အစီရင်ခံပြသခြင်းဖြင့် ကိုယ့်ရဲ့ တန်ဖိုးကို ထင်ရှားအောင် လုပ်ပါ။ ဒါမှလည်း ထိုက်တန်တဲ့ ရာထူးနဲ့ လစာကို ရရှိမှာဖြစ်ပါတယ်။
နားထောင်ကောင်းသူတစ်ယောက် ဖြစ်ပါစေ
ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ဆိုရင် သူတစ်ပါးပြောတာကို နားထောင်ပေးချင်စိတ် ရှိရပါမယ်။ စိတ်ပါလက်ပါ နားထောင်ပါ၊ သေချာနားလည်အောင် ပြန်မေးပါ။ ပြန်ပြောဖို့ သက်သက်ပဲ နားမထောင်ပါနဲ့။
အွန်လိုင်းရော အပြင်မှာပါ အဆက်အသွယ်မပြတ် ပေါင်းစပ်ညှိနှိုင်းပါ
ဒီနေ့ခေတ် ရုံးစနစ်တွေ (Hybrid/Remote) မှာ ဆက်သွယ်ရေးဟာ ပိုလို့တောင် အရေးပါလာပါတယ်။ ပရောဂျက် တိုးတက်မှုအခြေအနေ၊ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ အကြံဉာဏ်တွေကို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေဆီ အကြောင်းကြား ဆက်သွယ်နေခြင်းက သင့်ကို သီးသန့်ခွဲနေတတ်သူတွေထဲကနေ သိသိသာသာ ကွဲထွက်ပေါ်လွင်စေပါတယ်။
အမြဲတမ်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်ဆင်ပါ
“ကိုယ်ရချင်တဲ့ ရာထူးနဲ့ သင့်တော်အောင် ဝတ်ဆင်ပါ” ဆိုတဲ့ စကားအတိုင်း လုပ်ငန်းခွင်မှာ သပ်သပ်ရပ်ရပ်ရှိနေတဲ့ သွင်ပြင်က ဘေးလူတွေကို သင့်ထံမှာ အရာရာ အ ဆင်သင့်ရှိနေတယ်ဆိုတဲ့ ယုံကြည်မှုကို ပေးစွမ်းပါတယ်။
ရာထူးတိုးသွားဖူးသူတွေရဲ့ နည်းလမ်းနဲ့ ကျွမ်းကျင်မှုတွေကို အတုယူပါ
သင့်မတိုင်ခင် ရာထူးတိုးသွားတဲ့သူတွေဆီကနေ သင်ခန်းစာယူပါ။ သူတို့ ဘာတွေ ကွဲပြားအောင် လုပ်ခဲ့သလဲ၊ ဘယ်လို Skills တွေကို အဓိက မြှင့်တင်ခဲ့ကြသလဲဆိုတာ သတိထားကြည့်ပါ။ သူတို့ဆီ တိုက်ရိုက်ဆက်သွယ်ပြီး ရာထူးတိုးဖို့ အထက်ကို ဘယ်လိုလှေကားထစ်အတိုင်း တက်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို တောင်းဆိုလို့လည်း ရပါတယ်။
ကျော့ကေခိုင်
zawgyi
အလုပ္မွာ ရာထူးတိုးဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးလို႔ဆိုရင္ စိတ္ဓာတ္က်စရာေကာင္းလွပါတယ္။ ေဘးနားကလူေတြ ကိုယ့္ထက္ ျမန္ျမန္ဆန္ဆန္ ရာထူးတက္သြားတာကို ျမင္ရတဲ့အခါမ်ိဳးမွာ ပိုဆိုးတာေပါ့။ဒါေပမဲ့ ကံေကာင္းတာတစ္ခုက လုပ္ရတာ လြယ္ကူၿပီး လက္ေတြ႕က်တဲ့ အက်င့္ေလးအခ်ိဳ႕ကို ပ်ိဳးေထာင္လိုက္႐ုံနဲ႔ ေနာက္ထပ္ ရာထူးႀကီးႀကီးတစ္ခု (အပိုဆုအေနနဲ႔ လစာတိုးတာပါ) ရဖို႔ အမ်ားႀကီး အေထာက္အကူျပဳႏိုင္ပါတယ္။ဒါဆိုရင္ လုပ္ငန္းခြင္မွာ ရာထူးဆက္တိုက္တိုးေနသူေတြရဲ႕ ႐ိုးရွင္းလြန္းတဲ့ အက်င့္ ၉ ခုကို ၾကည့္လိုက္ရေအာင္ပါ။
Google နဲ႔ AI Tools ေတြကို ပါးနပ္စြာ အသုံးခ်ပါ
ယေန႔ေခတ္မွာ ရွာေဖြေရးအင္ဂ်င္ေတြအျပင္ GenAI စနစ္ေတြကိုပါ ကြၽမ္းက်င္စြာ သုံးတတ္သူေတြဟာ ျပႆနာကို အခ်ိန္တိုအတြင္း ေျဖရွင္းႏိုင္ၾကပါတယ္။ အလုပ္မွာ ျပႆနာတစ္ခုခုနဲ႔ ႀကဳံလိုက္ရတာနဲ႔ ဘာလုပ္ရမွန္းမသိဘဲ အထက္လူႀကီးဆီ တန္းေျပးေမးမယ့္အစား ကိုယ္တိုင္ အြန္လိုင္းနဲ႔ AI Tool ေတြမွာ ရွာေဖြဆန္းစစ္ၿပီး အေျဖ ဒါမွမဟုတ္ အႀကံျပဳခ်က္နဲ႔တကြ သြားေရာက္တင္ျပပါ။ ဒါဟာ သင့္ကို ေခတ္မီၿပီး အားကိုးရတဲ့ ျပႆနာေျဖရွင္းသူ (Problem Solver) အျဖစ္ ေပၚလြင္ေစပါတယ္။
တုံ႔ျပန္အႀကံျပဳခ်က္ (Feedback) ကို မျပတ္ေတာင္းဆိုပါ
အထက္လူႀကီးဆီက အႀကံျပဳခ်က္ေတာင္းတာဟာ ကိုယ့္ရဲ႕ ကြၽမ္းက်င္မႈကို တိုးတက္ေစခ်င္တဲ့ စိတ္ရွိေၾကာင္းျပသရာေရာက္သလို ကုမၸဏီမွာ ကိုယ့္ရဲ႕ အနာဂတ္အ တြက္ ျမႇဳပ္ႏွံထားေၾကာင္းလည္း သက္ေသျပရာေရာက္ပါတယ္။ သင္က ေခါင္းေဆာင္ေနရာမွာ ေရာက္ေနသူဆိုရင္လည္း ကိုယ့္လက္ေအာက္ငယ္သားေတြဆီက အ ႀကံျပဳခ်က္ ေတာင္းလို႔ရပါတယ္။ ဒါမွလည္း လက္ေတြ႕က်တဲ့ ျပင္ဆင္မႈေတြ လုပ္ႏိုင္မွာ ျဖစ္ပါတယ္။
အျပဳသေဘာေဆာင္တဲ့ စိတ္ဓာတ္ကို ေမြးျမဴပါ
အၿမဲတမ္း စိတ္တိုၿပီး ညည္းတြားေနတတ္တဲ့သူနဲ႔ ဘယ္သူမွ မေပါင္းခ်င္ပါဘူး။ အလုပ္မွာ အၿမဲတမ္း စိတ္ဓာတ္တက္ႂကြေနဖို႔ဆိုတာ မလြယ္ေပမဲ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ေပါင္းသင္းရလြယ္ကူတဲ့ အမူအရာဟာ အသင္းအဖြဲ႕အတြင္းမွာ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ကို ျဖစ္ေပၚေစပါတယ္။
ယုံၾကည္မႈရွိရွိ ေပါင္းစပ္ေျပာဆိုပါ
လုပ္ငန္းခြင္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတာက သင့္ကို အေဝးႀကီးအထိ ေရာက္သြားေစႏိုင္ပါတယ္။ ေမာက္မာတာမ်ိဳး မဟုတ္ဘဲ ကိုယ္ဘာလုပ္ေနသလဲဆိုတာ ကိုယ္ အျပည့္အဝ နားလည္ေၾကာင္း ျပသဖို႔ လိုပါတယ္။ အစည္းအေဝးေတြမွာျဖစ္ေစ၊ လူခ်င္းေတြ႕ဆုံခ်ိန္မွာျဖစ္ေစ ယုံၾကည္မႈရွိရွိ စကားေျပာတတ္သူေတြဟာ လူတိုင္းရဲ႕ အာ႐ုံစိုက္မႈကို ရရွိေလ့ရွိပါတယ္။
ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ကို ေဒတာနဲ႔တကြ ထင္ရွားေအာင္ျပပါ
အလုပ္ ႀကိဳးစား႐ုံနဲ႔တင္ မလုံေလာက္ဘဲ ကိုယ့္ရဲ႕ ေအာင္ျမင္မႈေတြကို ထုတ္ျပတတ္ဖို႔ လိုပါတယ္။ အထူးသျဖင့္ ကိန္းဂဏန္းအခ်က္အလက္ေတြ၊ ရလဒ္ ေဒတာ (Data & Metrics) ေတြနဲ႔ ခိုင္မာစြာ အစီရင္ခံျပသျခင္းျဖင့္ ကိုယ့္ရဲ႕ တန္ဖိုးကို ထင္ရွားေအာင္ လုပ္ပါ။ ဒါမွလည္း ထိုက္တန္တဲ့ ရာထူးနဲ႔ လစာကို ရရွိမွာျဖစ္ပါတယ္။
နားေထာင္ေကာင္းသူတစ္ေယာက္ ျဖစ္ပါေစ
ေကာင္းမြန္တဲ့ လုပ္ငန္းခြင္ ဆက္ဆံေရးေတြကို တည္ေဆာက္ဖို႔ဆိုရင္ သူတစ္ပါးေျပာတာကို နားေထာင္ေပးခ်င္စိတ္ ရွိရပါမယ္။ စိတ္ပါလက္ပါ နားေထာင္ပါ၊ ေသခ်ာနားလည္ေအာင္ ျပန္ေမးပါ။ ျပန္ေျပာဖို႔ သက္သက္ပဲ နားမေထာင္ပါနဲ႔။
အြန္လိုင္းေရာ အျပင္မွာပါ အဆက္အသြယ္မျပတ္ ေပါင္းစပ္ညႇိႏႈိင္းပါ
ဒီေန႔ေခတ္ ႐ုံးစနစ္ေတြ (Hybrid/Remote) မွာ ဆက္သြယ္ေရးဟာ ပိုလို႔ေတာင္ အေရးပါလာပါတယ္။ ပေရာဂ်က္ တိုးတက္မႈအေျခအေန၊ ႀကဳံေတြ႕ရတဲ့ အခက္အခဲနဲ႔ အႀကံဉာဏ္ေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အထက္လူႀကီးေတြဆီ အေၾကာင္းၾကား ဆက္သြယ္ေနျခင္းက သင့္ကို သီးသန႔္ခြဲေနတတ္သူေတြထဲကေန သိသိသာသာ ကြဲထြက္ေပၚလြင္ေစပါတယ္။
အၿမဲတမ္း သပ္သပ္ရပ္ရပ္ သန႔္သန႔္ရွင္းရွင္း ဝတ္ဆင္ပါ
“ကိုယ္ရခ်င္တဲ့ ရာထူးနဲ႔ သင့္ေတာ္ေအာင္ ဝတ္ဆင္ပါ” ဆိုတဲ့ စကားအတိုင္း လုပ္ငန္းခြင္မွာ သပ္သပ္ရပ္ရပ္ရွိေနတဲ့ သြင္ျပင္က ေဘးလူေတြကို သင့္ထံမွာ အရာရာ အ ဆင္သင့္ရွိေနတယ္ဆိုတဲ့ ယုံၾကည္မႈကို ေပးစြမ္းပါတယ္။
ရာထူးတိုးသြားဖူးသူေတြရဲ႕ နည္းလမ္းနဲ႔ ကြၽမ္းက်င္မႈေတြကို အတုယူပါ
သင့္မတိုင္ခင္ ရာထူးတိုးသြားတဲ့သူေတြဆီကေန သင္ခန္းစာယူပါ။ သူတို႔ ဘာေတြ ကြဲျပားေအာင္ လုပ္ခဲ့သလဲ၊ ဘယ္လို Skills ေတြကို အဓိက ျမႇင့္တင္ခဲ့ၾကသလဲဆိုတာ သတိထားၾကည့္ပါ။ သူတို႔ဆီ တိုက္႐ိုက္ဆက္သြယ္ၿပီး ရာထူးတိုးဖို႔ အထက္ကို ဘယ္လိုေလွကားထစ္အတိုင္း တက္ရမလဲဆိုတဲ့ အႀကံဉာဏ္ေတြကို ေတာင္းဆိုလို႔လည္း ရပါတယ္။
ေက်ာ့ေကခိုင္v
Leave a Reply