ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အရာဟာဘွဲ့မရသေးတဲ့လူငယ်တွေ၊ဘွဲ့ရပြီးခါစလူငယ်တွေအပြင်းအထန်စဉ်းစားကြရတဲ့အရာဖြစ်ပါတယ်။ဒီမေးခွန်းကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့လုပ်ဆောင်သင့်တဲ့အချက်နှစ်ခုရှိပါတယ်။အဲဒါကတော့ကြိုတင်တွေးတောစဉ်းစားဖို့နဲ့လုပ်ငန်းခွင်အတွက်လက်တွေ့အသုံးတည့်တဲ့ပညာရပ်တွေကိုဆည်းပူးထားဖို့ပဲဖြစ်ပါတယ်။ ၁) ကြိုတင်တွေးတောစဉ်းစားခြင်း အသက်အရွယ်ငယ်ငယ်နဲ့လုပ်ငန်းခွင်မှာနေရာတစ်ခုရနေသူ၊လစာကောင်းကောင်းရနေသူ၊ပျော်ရွှင်အောင်မြင်နေသူတွေကိုကြည့်ရင်သူတို့ဟာကျောင်းသားဘ၀ဘွဲ့မရခင်အချိန်ကတည်းကသူတို့လိုချင်တာ၊လုပ်ချင်တာကိုသိပြီးကြိုတင်ပြင်ဆင်ထားကြသူတွေဖြစ်နေကြပါတယ်။ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ကိုဘွဲ့တစ်ခုမရခင်အချိန်ကျောင်းသားဘဝမှာတည်းကသေသေချာချာစဉ်းစားဖို့လိုအပ်လှပါတယ်။ ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်ချိန်မှာအဆင်ပြေချောမွေ့စေဖို့၊လုပ်ငန်းတစ်ခုမှာအရေးပါသူဖြစ်လာစေဖို့အတွက်ကြိုတင်ပြင်ဆင်ခြင်းဟာရာနှုန်းပြည့်အရေးပါပါတယ်။ ဘွဲ့ရပြီးချိန်ကိုယ်ဝင်သွားမယ့်နယ်ပယ်မှာအရည်အချင်းပြည့်ဝနေဖို့အတွက်ဘာသာစကား၊နည်းပညာနဲ့စီမံခန့်ခွဲမှုစတဲ့လက်နက်ကောင်းတွေတပ်ဆင်ထားဖို့လိုအပ်လှပါတယ်။ ဒီလိုလက်နက်တွေတပ်ဆင်ဖြည့်တင်းနေခြင်းဟာငွေကြေးရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး။လေ့လာသင်ယူချင်စိတ်ရှိဖို့သာလိုပါတယ်။အင်တာနက်ခေတ်ကြီးမှာသင်လိုချင်တဲ့ပညာရပ်တွေအားလုံးဟာသင်နဲ့လက်တစ်ကမ်းအလိုမှာပဲရှိနေလို့ပါ။ ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတာကိုကြိုတင်မတွေးထားဘဲရရာအလုပ်အရင်လုပ်ကြည့်မယ်ဆိုရင်တော့သူများတွေထက်ခြေတစ်လှမ်းနောက်ကျနေပါလိမ့်မယ်။ ကိုယ်အလွယ်တကူဝင်လိုက်တဲ့လုပ်ငန်းခွင်ကတခြားကိုယ်စိတ်ဝင်စားတာကတခြားဖြစ်လာမယ်။ဒီလိုနဲ့ကိုယ့် Career ကိုကောင်းကောင်းမတည်ဆောက်နိုင်ဘဲအလုပ်ခွင်အပြောင်းအလဲများတဲ့သူ၊ခုန်ကူးနေရတဲ့သူဖြစ်လာနိုင်ပါတယ်။ကိုယ်နဲ့ရွယ်တူသူငယ်ချင်းကနယ်ပယ်တစ်ခုမှာဆရာတစ်ဆူဖြစ်နေချိန်၊ရာထူးကြီးကြီးရနေချိန်မှာကိုယ်ကလုပ်ငန်းတစ်ခုကနေတစ်ခုကူးလို့ကောင်းတုန်း၊ အောက်ခြေဝန်ထမ်းလုပ်လို့ကောင်းတုန်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ဟာကိုယ့် Career အတွက်၊ ဘဝတစ်လျှောက်လုံးအောင်မြင်ပြည့်စုံစွာနေထိုင်နိုင်ရေးအတွက်မဖြစ်မနေတွေးသင့်တဲ့အတွေးတစ်ချက်ဖြစ်ပါတယ်။ ၂) လက်တွေ့အသုံးတည့်သောပညာရပ်များဆည်းပူးခြင်း လုပ်ငန်းခွင်တစ်ခုဝင်တဲ့အခါလွန်ခဲ့တဲ့၅နှစ်ကလိုအပ်တဲ့ Skills နဲ့ဒီနေ့လိုအပ်တဲ့ Skills တွေမတူတော့တာကိုသတိပြုရပါမယ်။ဒီနေ့ခေတ်မှာတော့ဘွဲ့တစ်ခု၊ပညာရပ်တစ်ခုနဲ့တင်မလုံလောက်တော့ပါဘူး။ […]