ပိုက်ဆံရတာများပေမယ့် အလုပ်ထွက်ကြတာဘာကြောင့်လဲ

အသိပညာဗဟုသုတနဲ့ကျွမ်းကျင်မှုပေါင်းစပ်မှသာဘဝအတွက်အာမခံချက်ရှိတဲ့အလုပ်တစ်ခုရမယ်ဆိုတာကို အားလုံးကသိရှိကြပြီးဖြစ်မှာပါ။အသိပညာအတွက် ငွေတွေအများကြီးအကုန်ခံ ဘွဲ့လက်မှတ်တွေယူခဲ့၊ သင်တန်းတွေတက်ခဲ့ပြီးပေမယ့်စိတ်ကျေနပ်စရာကောင်းတဲ့အလုပ်ကိုရလိမ့်မယ်လို့ အပြည့်အဝသတ်မှတ်ထားလို့မရသေးပါဘူးနော်။ကိုယ့်ရဲ့ဘဝခရီးနဲ့အလုပ်မှာပျော်ရွှင်ဖို့ကတော့ ကိုယ့်ရဲ့တန်ဖိုးထားမှုကဘာလဲဆိုတာကိုသိဖို့လိုပြီးအဲဒီတန်ဖိုးထားမှုကိုမထိခိုက်စေမယ့်အလုပ်မျိုးကိုပဲစဥ်းစားရွေးချယ်ရမှာဖြစ်ပါတယ်။ကိုယ်ကတရားမျှတမှုရှိတာ၊ ရိုးသားတာကိုတန်ဖိုးထားတယ်ဆိုရင် အထက်ဖားအောက်ဖိအလုပ်မျိုး၊အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားအလုပ်မျိုးတွေကို ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ပါဘူး။

တချို့လူတွေပြောကြတာက ဝင်ငွေတစ်ခုပေးနေလို့အလုပ်လို့ခေါ်တာပါတဲ့။ အလုပ်လုပ်တဲ့အခါငွေတစ်ခုတည်းကိုကြည့်ပြီး ငွေအတွက်နဲ့အလုပ်လုပ်နေကြသူတွေလည်းရှိပါတယ်။သူတို့အနေနဲ့ငွေရတာမှန်ပေမယ့် ဘဝကိုတန်ဖိုးပြည့်ဝစွာနေထိုင်နိုင်ခြင်းကိုတော့ ဆုံးရှုံးရမှာဖြစ်ပါတယ်။တချို့တွေကတော့ငွေရဖို့ဆိုတာထက်ပိုတဲ့တခြားသောအရာတွေကြောင့်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။
-ကိုယ်ကျွမ်းကျင်တဲ့အရာကိုလုပ်နေရလို့
-တခြားလူတွေက ကိုယ့်ကိုလိုအပ်နေလို့
-လူတွေကိုကူညီနိုင်လို့
-အလုပ်ကြောင့် မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးလာလို့
-လူတွေနဲ့တွေ့ဆုံရတာကိုပျော်လို့ စတာတွေကြောင့်ဖြစ်ပါတယ်။

အလုပ်လုပ်နေပေမယ့် အလုပ်အပေါ်စိတ်ကျေနပ်မှုရှိ၊ မရှိဆိုတာကိုဒီအချက်တွေနဲ့တိုင်းတာကြပါတယ်။ဘယ်အချိန်မှာ ကိုယ်လုပ်နေရတဲ့အလုပ်အပေါ် စိတ်ကျေနပ်မှုဖြစ်သလဲဆိုရင် …
-ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်လောက်တဲ့လခရတဲ့အခါ
-ကိုယ့်ပင်ပန်းမှုနဲ့ထိုက်တန်တဲ့ဝင်ငွေရတဲ့အခါ
– Work-life balance ဖြစ်တဲ့အခါ
-လုပ်ငန်းခွင်အတွင်းလုံခြုံမှုရှိတဲ့အခါ
-အလုပ်က ဘဝတိုးတက်ဖို့အခွင့်အလမ်းတွေပေးတဲ့အခါ
-အတွေ့အကြုံနဲ့ Skills တွေတိုးလာတဲ့အခါ
-လုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးတွေရဲ့အသိအမှတ်ပြုခံရတဲ့အခါ
ဒီလိုအချက်တွေရရှိတဲ့အခါ အလုပ်အပေါ်စိတ်ကျေနပ်မှုရလာကြတာဖြစ်ပါတယ်။

အလုပ်အပေါ်စိတ်ကျေနပ်မှုရှိခြင်းဟာ Intrinsic၊ Extrinsic နှစ်မျိုးပေါင်းမှရရှိနိုင်တာဖြစ်ပါတယ်။ကိုယ်လုပ်နေရတဲ့အလုပ်၊ ကိုယ်ပါဝင်နေရတဲ့နေရာအပေါ်ကျေနပ်မှုရှိခြင်း Intrinsic နဲ့ လုပ်ငန်းခွင်လုံခြုံမှု၊လစာ၊ လုပ်ဖော်ကိုင်ဖက် စတဲ့အရာများနဲ့ပတ်သက်ပြီးကျေနပ်မှုရှိခြင်း Extrinsicတို့ပေါင်းစပ်မှရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါအပေါ်ကအချက်တွေနဲ့တိုက်ဆိုင်စဥ်းစားပြီးမှရွေးချယ်မယ်ဆိုရင်တကယ်ပျော်ရွှင်ရမယ့်လုပ်ငန်းခွင်ဘဝကိုရရှိမှာသေချာပါတယ်။လခတွေအများကြီးရပေမယ့် တချို့ဝန်ထမ်းတွေဘာ့ကြောင့်အလုပ်ထွက်ကြတာလဲဆိုရင်အပေါ်မှာဖော်ပြခဲ့တဲ့ အလုပ်အပေါ်စိတ်ကျေနပ်မှုရှိခြင်းဆိုတဲ့အချက်ကိုမရရှိတာကြောင့်ဖြစ်တယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။

Ju Ju

zawgyi

အသိပညာဗဟုသုတနဲ႔ကြၽမ္းက်င္မႈေပါင္းစပ္မွသာဘဝအတြက္အာမခံခ်က္ရွိတဲ့အလုပ္တစ္ခုရမယ္ဆိုတာကို အားလုံးကသိရွိၾကၿပီးျဖစ္မွာပါ။အသိပညာအတြက္ ေငြေတြအမ်ားႀကီးအကုန္ခံ ဘြဲ႕လက္မွတ္ေတြယူခဲ့၊ သင္တန္းေတြတက္ခဲ့ၿပီးေပမယ့္စိတ္ေက်နပ္စရာေကာင္းတဲ့အလုပ္ကိုရလိမ့္မယ္လို႔ အျပည့္အဝသတ္မွတ္ထားလို႔မရေသးပါဘူးေနာ္။ကိုယ့္ရဲ႕ဘဝခရီးနဲ႔အလုပ္မွာေပ်ာ္႐ႊင္ဖို႔ကေတာ့ ကိုယ့္ရဲ႕တန္ဖိုးထားမႈကဘာလဲဆိုတာကိုသိဖို႔လိုၿပီးအဲဒီတန္ဖိုးထားမႈကိုမထိခိုက္ေစမယ့္အလုပ္မ်ိဳးကိုပဲစဥ္းစားေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။ကိုယ္ကတရားမွ်တမႈရွိတာ၊ ႐ိုးသားတာကိုတန္ဖိုးထားတယ္ဆိုရင္ အထက္ဖားေအာက္ဖိအလုပ္မ်ိဳး၊အၿမီးက်က္အၿမီးစား ေခါင္းက်က္ေခါင္းစားအလုပ္မ်ိဳးေတြကို ဘယ္လိုမွလုပ္ႏိုင္မွာမဟုတ္ပါဘူး။

တခ်ိဳ႕လူေတြေျပာၾကတာက ဝင္ေငြတစ္ခုေပးေနလို႔အလုပ္လို႔ေခၚတာပါတဲ့။ အလုပ္လုပ္တဲ့အခါေငြတစ္ခုတည္းကိုၾကည့္ၿပီး ေငြအတြက္နဲ႔အလုပ္လုပ္ေနၾကသူေတြလည္းရွိပါတယ္။သူတို႔အေနနဲ႔ေငြရတာမွန္ေပမယ့္ ဘဝကိုတန္ဖိုးျပည့္ဝစြာေနထိုင္ႏိုင္ျခင္းကိုေတာ့ ဆုံးရႈံးရမွာျဖစ္ပါတယ္။တခ်ိဳ႕ေတြကေတာ့ေငြရဖို႔ဆိုတာထက္ပိုတဲ့တျခားေသာအရာေတြေၾကာင့္အလုပ္လုပ္ေနၾကတာျဖစ္ပါတယ္။
-ကိုယ္ကြၽမ္းက်င္တဲ့အရာကိုလုပ္ေနရလို႔
-တျခားလူေတြက ကိုယ့္ကိုလိုအပ္ေနလို႔
-လူေတြကိုကူညီႏိုင္လို႔
-အလုပ္ေၾကာင့္ မိမိကိုယ္ကိုယ္ယုံၾကည္မႈတိုးလာလို႔
-လူေတြနဲ႔ေတြ႕ဆုံရတာကိုေပ်ာ္လို႔ စတာေတြေၾကာင့္ျဖစ္ပါတယ္။

အလုပ္လုပ္ေနေပမယ့္ အလုပ္အေပၚစိတ္ေက်နပ္မႈရွိ၊ မရွိဆိုတာကိုဒီအခ်က္ေတြနဲ႔တိုင္းတာၾကပါတယ္။ဘယ္အခ်ိန္မွာ ကိုယ္လုပ္ေနရတဲ့အလုပ္အေပၚ စိတ္ေက်နပ္မႈျဖစ္သလဲဆိုရင္ …
-ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ေလာက္တဲ့လခရတဲ့အခါ
-ကိုယ့္ပင္ပန္းမႈနဲ႔ထိုက္တန္တဲ့ဝင္ေငြရတဲ့အခါ
– Work-life balance ျဖစ္တဲ့အခါ
-လုပ္ငန္းခြင္အတြင္းလုံၿခဳံမႈရွိတဲ့အခါ
-အလုပ္က ဘဝတိုးတက္ဖို႔အခြင့္အလမ္းေတြေပးတဲ့အခါ
-အေတြ႕အႀကဳံနဲ႔ Skills ေတြတိုးလာတဲ့အခါ
-လုပ္ေဖာ္ကိုင္ဖက္နဲ႔ အထက္လူႀကီးေတြရဲ႕အသိအမွတ္ျပဳခံရတဲ့အခါ
ဒီလိုအခ်က္ေတြရရွိတဲ့အခါ အလုပ္အေပၚစိတ္ေက်နပ္မႈရလာၾကတာျဖစ္ပါတယ္။

အလုပ္အေပၚစိတ္ေက်နပ္မႈရွိျခင္းဟာ Intrinsic၊ Extrinsic ႏွစ္မ်ိဳးေပါင္းမွရရွိႏိုင္တာျဖစ္ပါတယ္။ကိုယ္လုပ္ေနရတဲ့အလုပ္၊ ကိုယ္ပါဝင္ေနရတဲ့ေနရာအေပၚေက်နပ္မႈရွိျခင္း Intrinsic နဲ႔ လုပ္ငန္းခြင္လုံၿခဳံမႈ၊လစာ၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့အရာမ်ားနဲ႔ပတ္သက္ၿပီးေက်နပ္မႈရွိျခင္း Extrinsicတို႔ေပါင္းစပ္မွရရွိႏိုင္မွာျဖစ္ပါတယ္။ဒါေၾကာင့္အလုပ္တစ္ခုကိုေ႐ြးခ်ယ္တဲ့အခါအေပၚကအခ်က္ေတြနဲ႔တိုက္ဆိုင္စဥ္းစားၿပီးမွေ႐ြးခ်ယ္မယ္ဆိုရင္တကယ္ေပ်ာ္႐ႊင္ရမယ့္လုပ္ငန္းခြင္ဘဝကိုရရွိမွာေသခ်ာပါတယ္။လခေတြအမ်ားႀကီးရေပမယ့္ တခ်ိဳ႕ဝန္ထမ္းေတြဘာ့ေၾကာင့္အလုပ္ထြက္ၾကတာလဲဆိုရင္အေပၚမွာေဖာ္ျပခဲ့တဲ့ အလုပ္အေပၚစိတ္ေက်နပ္မႈရွိျခင္းဆိုတဲ့အခ်က္ကိုမရရွိတာေၾကာင့္ျဖစ္တယ္လို႔သုံးသပ္ရမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*