ချစ်သူအချောလေးရပြီးမှတိုက်ခိုက်ခံနေရပြန်တဲ့ Ahn Bo Hyun

အောင်ဘိုထွန်းလို့မြန်မာပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Ahn Bo Hyun တစ်ယောက်ကတော့ JiSoo
နဲ့ချစ်သူတွေလို့ တရားဝင်ကြေညာပြီးချိန်မှာ လူတွေရဲ့မျက်စိဒေါက်ထောက်ကြည့်တာခံနေရပြီး
အတိတ်ကဖြစ်ရပ်တွေကိုပါ တူးဆွခံနေရပါတယ်။ရိုက်ကွင်းအတွင်းမှာ သူ့ရဲ့ Stylist ဖြစ်သူက ဇာတ်ညွှန်းစာအုပ်ကိုလက်နဲ့ကိုင်ပြီး Ahn Bo Hyun ဖတ်ဖို့ပြပေးနေရတဲ့ ဗီဒီယို clip အတိုလေးကလတ်တလောမှာပျံ့နှံ့လာခဲ့တာြဖစ်ပါတယ်။မင်းသားရဲ့လက်နှစ်ဖက်အားနေပါရက်နဲ့ ဝန်ထမ်းကောင်မလေးကို သက်သက်အနိုင်ကျင့်တယ်ဆိုတဲ့စွပ်စွဲချက်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယို clip လေးက Yumi’s Cells ဇာတ်လမ်းတွဲရိုက်ကူးစဥ်ကဖြစ်တယ်လို့သိရပါတယ်။

ဒါပေမဲ့ဒီပြဿနာကို အဲဒီ Stylist ကိုယ်တိုင်ကပဲဖြေရှင်းပေးခဲ့ပါတယ်။“ကျွန်မအနိုင်ကျင့်ခံရတယ်၊ သူကအနိုင်ကျင့်တတ်တဲ့သူလို့ပြောဆိုနေကြတာက လုံးဝမဟုတ်မှန်ပါဘူး။အဲဒီနေ့တုန်းကရိုက်မယ့်ဇာတ်ဝင်ခန်းရုတ်တရက်ပြောင်းသွားတော့ ကျွန်မကသူ့ကိုလက်တစ်ဖက်နဲ့ဇာတ်ညွှန်းကိုပြရင်း တစ်ဖက်ကဖုန်းကိုကိုင်ပြီးမက်ဆေ့ချ်တွေစစ်နေတာပါ။သူနဲ့အကြာကြီးအလုပ်တွဲလုပ်ခဲ့ပါတယ်။ အလုပ်ထွက်လိုက်ပြီးပေမယ့်လည်းသူအခုလိုပြောဆိုခံနေရတာအတွက် ဖြေရှင်းပေးချင်ပါတယ်။သူကသူတစ်ပါးအပေါ်စာနာတတ်တဲ့လူတစ်ယောက်ပါ။ ပြဿနာတစ်ခုခုတက်ရင်တောင်ဝန်ထမ်းတွေနဲ့အတူတူဆွေးနွေးပြီးဖြေရှင်းတဲ့သူမျိုးပါ” လို့ပြန်လည်ရှင်းပြထားတာတွေ့ရပါတယ်။Ahn Bo Hyun အတွက်တော့ JiSoo နဲ့ပျော်စရာအချိန်ကာလလေးအတွင်းမှာစိတ်အနှောင့်အယှက်ဖြစ်စရာ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း တွေ့ကြုံနေရဦးမှာပါ။

Ju Ju

zawgyi

ေအာင္ဘိုထြန္းလို႔ျမန္မာပရိသတ္ေတြခ်စ္စႏိုးေခၚၾကတဲ့ Ahn Bo Hyun တစ္ေယာက္ကေတာ့ JiSoo
နဲ႔ခ်စ္သူေတြလို႔ တရားဝင္ေၾကညာၿပီးခ်ိန္မွာ လူေတြရဲ႕မ်က္စိေဒါက္ေထာက္ၾကည့္တာခံေနရၿပီး
အတိတ္ကျဖစ္ရပ္ေတြကိုပါ တူးဆြခံေနရပါတယ္။႐ိုက္ကြင္းအတြင္းမွာ သူ႔ရဲ႕ Stylist ျဖစ္သူက ဇာတ္ၫႊန္းစာအုပ္ကိုလက္နဲ႔ကိုင္ၿပီး Ahn Bo Hyun ဖတ္ဖို႔ျပေပးေနရတဲ့ ဗီဒီယို clip အတိုေလးကလတ္တေလာမွာပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။မင္းသားရဲ႕လက္ႏွစ္ဖက္အားေနပါရက္နဲ႔ ဝန္ထမ္းေကာင္မေလးကို သက္သက္အႏိုင္က်င့္တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြေပၚထြက္လာခဲ့တာျဖစ္ပါတယ္။
ဒီဗီဒီယို clip ေလးက Yumi’s Cells ဇာတ္လမ္းတြဲ႐ိုက္ကူးစဥ္ကျဖစ္တယ္လို႔သိရပါတယ္။

ဒါေပမဲ့ဒီျပႆနာကို အဲဒီ Stylist ကိုယ္တိုင္ကပဲေျဖရွင္းေပးခဲ့ပါတယ္။“ကြၽန္မအႏိုင္က်င့္ခံရတယ္၊ သူကအႏိုင္က်င့္တတ္တဲ့သူလို႔ေျပာဆိုေနၾကတာက လုံးဝမဟုတ္မွန္ပါဘူး။အဲဒီေန႔တုန္းက႐ိုက္မယ့္ဇာတ္ဝင္ခန္း႐ုတ္တရက္ေျပာင္းသြားေတာ့ ကြၽန္မကသူ႔ကိုလက္တစ္ဖက္နဲ႔ဇာတ္ၫႊန္းကိုျပရင္း တစ္ဖက္ကဖုန္းကိုကိုင္ၿပီးမက္ေဆ့ခ်္ေတြစစ္ေနတာပါ။သူနဲ႔အၾကာႀကီးအလုပ္တြဲလုပ္ခဲ့ပါတယ္။ အလုပ္ထြက္လိုက္ၿပီးေပမယ့္လည္းသူအခုလိုေျပာဆိုခံေနရတာအတြက္ ေျဖရွင္းေပးခ်င္ပါတယ္။သူကသူတစ္ပါးအေပၚစာနာတတ္တဲ့လူတစ္ေယာက္ပါ။ ျပႆနာတစ္ခုခုတက္ရင္ေတာင္ဝန္ထမ္းေတြနဲ႔အတူတူေဆြးေႏြးၿပီးေျဖရွင္းတဲ့သူမ်ိဳးပါ” လို႔ျပန္လည္ရွင္းျပထားတာေတြ႕ရပါတယ္။Ahn Bo Hyun အတြက္ေတာ့ JiSoo နဲ႔ေပ်ာ္စရာအခ်ိန္ကာလေလးအတြင္းမွာစိတ္အေႏွာင့္အယွက္ျဖစ္စရာ ေဝဖန္တိုက္ခိုက္မႈေတြကိုလည္း ေတြ႕ႀကဳံေနရဦးမွာပါ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*