High School Musical ဇာတ်လမ်းတွဲ Final Season ထွက်ရှိပါပြီ

90s Born တွေရဲ့ငယ်ဘဝအမှတ်တရဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ High School Musical ရဲ့ဇာတ်သိမ်းပိုင်း Final Season လေးထွက်ရှိလာပါပြီ။ဇာတ်သိမ်းပိုင်းလေးဖြစ်တာမို့ Troy နဲ့ Gabriella တို့ရဲ့အချစ်ရေးအပြင်တခြားသောဇာတ်ကောင်တွေဖြစ်တဲ့ Chad ၊ Martha ၊ Ryan နဲ့ Taylorတို့ရဲ့အချစ်ရေးနဲ့ အလုပ်အကိုင်တွေကိုလည်း အဆုံးသတ်အနေနဲ့ရိုက်ကူးပြသထားပါတယ်။

High School Musical Final Season ထဲမှာ Corbin Bleu ၊ Monique Coleman ၊ Lucas Grabeel နဲ့Kaycee Stroh တို့လိုမူလသရုပ်ဆောင်တွေကGuest အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။၁၅ နှစ်အကြာမှပြန်လည်ဆုံစည်းရိုက်ကူးဖြစ်တဲ့ဇာတ်လမ်းတွဲဖြစ်သလိုပရိသတ်တွေအနေနဲ့လည်းငယ်ဘဝအမှတ်တရတွေကိုပြန်လည်တမ်းတနိုင်တော့မှာပါ။ ဒါပေမဲ့ Zac Efron ၊ Vanessa Hudgens နဲ့Ashley Tisdale တို့ကတော့ အခုနောက်ဆုံး Season မှာမပါဝင်တော့ပါဘူး။ဒီ Final Season ဇာတ်လမ်းတွဲမှာ Episode ၈ ခုပါဝင်ပြီး Disney ကပဲထုတ်လုပ်ပြသတာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*