Work Smart ဖြစ်စေမယ့်အချက် ၅ ချက်

အလုပ်လုပ်နေသူတွေအားလုံးကြားဖူးကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ Don’t work hard,work smart. ဆိုတဲ့စကားပဲဖြစ်ပါတယ်။Work Smart ဖြစ်အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုရင် အခုဖော်ပြမယ့်အချက် ၅ချက်နဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ …

၁. တကယ်ဖြစ်နိုင်တဲ့ပန်းတိုင်ကိုချမှတ်ပါ
ပန်းတိုင်ချမှတ်တဲ့နေရာမှာ ရေရှည်အတွက်၊ တစ်နှစ်စာ၊ တစ်နှစ်ရဲ့လေးပုံတစ်ပုံစတဲ့ပိုင်းခြားမှုမျိုးတွေနဲ့ချမှတ်ထားသင့်ပါတယ်။ပန်းတိုင်ကြီးကိုတကယ်အကောင်အထည်ဖော်နိုင်ဖို့အတွက် သုံးလအတွင်းပန်းတိုင်အသေးလေး ၃ခုထက်ပိုပြီးမချမှတ်သင့်ဘူးလို့ဆိုကြပါတယ်။သုံးလစာအတွက် အောင်မြင်ချင်တဲ့ပန်းတိုင်ချမှတ်ပြီးပြီဆိုရင်တကယ်လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေကိုအမှတ်စဥ်တပ်ပြီးချရေးရမှာဖြစ်ပါတယ်။နောက်တဆင့်ကတော့ အဲဒီအချက်တွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ပါပဲ။

၂. Pomodoro နည်းကိုသုံးပါ
Pomodoro ဆိုတာက အီတလီဘာသာစကား ခရမ်းချဥ်သီးလို့အဓိပ္ပါယ်ရပါတယ်။ အလုပ်ကိုခရမ်းချဥ်သီးပုံ Timer ပေးပြီးလုပ်ဆောင်တာကို ဆိုလိုပါတယ်။ အလုပ်တစ်ခုကို ၂၅မိနစ်ဆက်တိုက်လုပ်ပြီး ၅ မိနစ်နားနိုင်ပါတယ်။ ဒီလိုပုံစံကို ၄ ကျော့ပြုလုပ်ရမှာဖြစ်ပါတယ်။ ၄ကျော့ဖြစ်တဲ့အတွက် အချိန် ၂ နာရီလုပ်ဆောင်ခဲ့နိုင်ပါပြီ။ ၂ နာရီကြာသွားတိုင်း ၁၅ မိနစ် (သို့) မိနစ် ၃၀အထိနားပြီး အလုပ်ကိုပြန်စရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့လုပ်ဆောင်မယ်ဆိုရင် တစ်ရက်အတွင်းအလုပ်တွေအများကြီးပြီးမြောက်မှာဖြစ်ပါတယ်။

၃. နေ့စဥ်မှတ်တမ်းရေးထားပါ
ဒီနေ့ရာမှာ နေ့စဥ်မှတ်တမ်းရေးထားပြီးပြန်လည်သုံးသပ်တာက ကိုယ့်အလုပ်ဘယ်လောက်ပြီးထားသလဲ၊ဘာတွေကျန်သေးလဲ၊ ဘယ်နေရာမှာအားနည်းနေလဲဆိုတာကို ထင်ထင်ရှားရှားသိလာစေပါတယ်။နေ့စဥ်၊အပတ်စဥ်မှတ်တမ်းရေးပြီးတဲ့အခါ အနည်းဆုံး ၃လတစ်ကြိမ်ပြန်လည်ဖတ်ရှုသုံးသပ်ဖို့လိုပါတယ်။

၄. စွမ်းအားအကောင်းဆုံးအချိန်ကိုသိရှိပါစေ
ကိုယ်အလုပ်လုပ်တဲ့အခါ ဘယ်အချိန်မှာအလုပ်ပိုပြီးအောင်လုပ်ဆောင်နိုင်သလဲ၊ဘယ်လိုအခြေအနေမျိုးမှာ အိုင်ဒီယာတွေပိုထွက်သလဲဆိုတာကို သုံးသပ်သိရှိဖို့ဖြစ်ပါတယ်။ဒီလိုသိလာပြီဆိုရင် ကိုယ့်ရဲ့စွမ်းအားအကောင်းဆုံး၊ Energy အပြည့်ဆုံးအချိန်မှာ အရေးကြီးတဲ့၊အားစိုက်ထုတ်ရတဲ့အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

၅. တစ်ခုကိုပဲအာရုံစိုက်ပါ
ကိုယ့်ရဲ့စွမ်းအားအကောင်းဆုံးအချိန်ကိုသိပြီဆိုပေမယ့်အဲဒီအချိန်မှာ အလုပ်တွေအများကြီးကိုဟိုဟာလည်းပြီးချင်၊ ဒီဟာလည်းပြီးချင်လုပ်နေလို့မရပါဘူး။အလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာအလုပ်တွေအများကြီးလုပ်တာက ရှိထားသမျှ Energy တွေကိုကုန်ခမ်းစေပြီးဘာကိုမှအသေအချာပြီးစီးစေမှာမဟုတ်ပါဘူး။ ဒီနေရာမှာ 10 Mins Meditation လေးလုပ်ဆောင်ပေးတာမျိုးက အလုပ်အတွက်အများကြီးအကျိုးရှိပါတယ်။ဒီနည်းလေးတွေဟာလွယ်ကူရိုးရှင်းပေမယ့် Work smart ဖြစ်လိုသူတွေအတွက် တကယ်အသုံးဝင်တာမို့စမ်းသပ်လုပ်ဆောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်နော်။

Ju Ju

zawgyi

အလုပ္လုပ္ေနသူေတြအားလုံးၾကားဖူးၾကတဲ့ စကားတစ္ခြန္းရွိပါတယ္။ အဲဒါကေတာ့ Don’t work hard,work smart. ဆိုတဲ့စကားပဲျဖစ္ပါတယ္။Work Smart ျဖစ္ေအာင္ဘယ္လိုလုပ္ေဆာင္မလဲဆိုရင္ အခုေဖာ္ျပမယ့္အခ်က္ ၅ခ်က္နဲ႔လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ အဲဒီအခ်က္ေတြကေတာ့ …

၁. တကယ္ျဖစ္ႏိုင္တဲ့ပန္းတိုင္ကိုခ်မွတ္ပါ
ပန္းတိုင္ခ်မွတ္တဲ့ေနရာမွာ ေရရွည္အတြက္၊ တစ္ႏွစ္စာ၊ တစ္ႏွစ္ရဲ႕ေလးပုံတစ္ပုံစတဲ့ပိုင္းျခားမႈမ်ိဳးေတြနဲ႔ခ်မွတ္ထားသင့္ပါတယ္။ပန္းတိုင္ႀကီးကိုတကယ္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ သုံးလအတြင္းပန္းတိုင္အေသးေလး ၃ခုထက္ပိုၿပီးမခ်မွတ္သင့္ဘူးလို႔ဆိုၾကပါတယ္။သုံးလစာအတြက္ ေအာင္ျမင္ခ်င္တဲ့ပန္းတိုင္ခ်မွတ္ၿပီးၿပီဆိုရင္တကယ္လုပ္ေဆာင္ရမယ့္လုပ္ေဆာင္ခ်က္ေတြကိုအမွတ္စဥ္တပ္ၿပီးခ်ေရးရမွာျဖစ္ပါတယ္။ေနာက္တဆင့္ကေတာ့ အဲဒီအခ်က္ေတြကိုလက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ပါပဲ။

၂. Pomodoro နည္းကိုသုံးပါ
Pomodoro ဆိုတာက အီတလီဘာသာစကား ခရမ္းခ်ဥ္သီးလို႔အဓိပၸါယ္ရပါတယ္။ အလုပ္ကိုခရမ္းခ်ဥ္သီးပုံ Timer ေပးၿပီးလုပ္ေဆာင္တာကို ဆိုလိုပါတယ္။ အလုပ္တစ္ခုကို ၂၅မိနစ္ဆက္တိုက္လုပ္ၿပီး ၅ မိနစ္နားႏိုင္ပါတယ္။ ဒီလိုပုံစံကို ၄ ေက်ာ့ျပဳလုပ္ရမွာျဖစ္ပါတယ္။ ၄ေက်ာ့ျဖစ္တဲ့အတြက္ အခ်ိန္ ၂ နာရီလုပ္ေဆာင္ခဲ့ႏိုင္ပါၿပီ။ ၂ နာရီၾကာသြားတိုင္း ၁၅ မိနစ္ (သို႔) မိနစ္ ၃၀အထိနားၿပီး အလုပ္ကိုျပန္စရမွာျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔လုပ္ေဆာင္မယ္ဆိုရင္ တစ္ရက္အတြင္းအလုပ္ေတြအမ်ားႀကီးၿပီးေျမာက္မွာျဖစ္ပါတယ္။

၃. ေန႔စဥ္မွတ္တမ္းေရးထားပါ
ဒီေန႔ရာမွာ ေန႔စဥ္မွတ္တမ္းေရးထားၿပီးျပန္လည္သုံးသပ္တာက ကိုယ့္အလုပ္ဘယ္ေလာက္ၿပီးထားသလဲ၊ဘာေတြက်န္ေသးလဲ၊ ဘယ္ေနရာမွာအားနည္းေနလဲဆိုတာကို ထင္ထင္ရွားရွားသိလာေစပါတယ္။ေန႔စဥ္၊အပတ္စဥ္မွတ္တမ္းေရးၿပီးတဲ့အခါ အနည္းဆုံး ၃လတစ္ႀကိမ္ျပန္လည္ဖတ္ရႈသုံးသပ္ဖို႔လိုပါတယ္။

၄. စြမ္းအားအေကာင္းဆုံးအခ်ိန္ကိုသိရွိပါေစ
ကိုယ္အလုပ္လုပ္တဲ့အခါ ဘယ္အခ်ိန္မွာအလုပ္ပိုၿပီးေအာင္လုပ္ေဆာင္ႏိုင္သလဲ၊ဘယ္လိုအေျခအေနမ်ိဳးမွာ အိုင္ဒီယာေတြပိုထြက္သလဲဆိုတာကို သုံးသပ္သိရွိဖို႔ျဖစ္ပါတယ္။ဒီလိုသိလာၿပီဆိုရင္ ကိုယ့္ရဲ႕စြမ္းအားအေကာင္းဆုံး၊ Energy အျပည့္ဆုံးအခ်ိန္မွာ အေရးႀကီးတဲ့၊အားစိုက္ထုတ္ရတဲ့အလုပ္ေတြကို ဦးစားေပးလုပ္ေဆာင္ရမွာျဖစ္ပါတယ္။

၅. တစ္ခုကိုပဲအာ႐ုံစိုက္ပါ
ကိုယ့္ရဲ႕စြမ္းအားအေကာင္းဆုံးအခ်ိန္ကိုသိၿပီဆိုေပမယ့္အဲဒီအခ်ိန္မွာ အလုပ္ေတြအမ်ားႀကီးကိုဟိုဟာလည္းၿပီးခ်င္၊ ဒီဟာလည္းၿပီးခ်င္လုပ္ေနလို႔မရပါဘူး။အလုပ္တစ္ခုတည္းကိုပဲအာ႐ုံစိုက္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။တစ္ခ်ိန္တည္းမွာအလုပ္ေတြအမ်ားႀကီးလုပ္တာက ရွိထားသမွ် Energy ေတြကိုကုန္ခမ္းေစၿပီးဘာကိုမွအေသအခ်ာၿပီးစီးေစမွာမဟုတ္ပါဘူး။ ဒီေနရာမွာ 10 Mins Meditation ေလးလုပ္ေဆာင္ေပးတာမ်ိဳးက အလုပ္အတြက္အမ်ားႀကီးအက်ိဳးရွိပါတယ္။ဒီနည္းေလးေတြဟာလြယ္ကူ႐ိုးရွင္းေပမယ့္ Work smart ျဖစ္လိုသူေတြအတြက္ တကယ္အသုံးဝင္တာမို႔စမ္းသပ္လုပ္ေဆာင္ၾကည့္ဖို႔တိုက္တြန္းခ်င္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*