2023 MTV Award အတွက် Taylor Swift ၊ SZA နဲ့ Doja Cat တို့ဦးဆောင်နေ

၂၀၂၃ ခုနစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာကျင်းပမယ့် MTV Video Music Awards ပွဲအတွက်ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။MTV Video Music Awards အခမ်းအနားကို ၁၉၈၄ ခုနစ်ကနေစတင်ကျင်းပခဲ့တာဖြစ်ပြီး MTV Channel ကနေ တစ်နှစ်တာအတွက်အကောင်းဆုံး Music Videoတွေကိုရွေးချယ်ကာဆုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ဒီဆုပေးပွဲမှာကဏ္ဍ ၂၁ ခုထားရှိပြီးဆုပေးသလို ၂၀၁၇ ခုနစ်မှာတော့ Artist of the yearဆုကိုထပ်တိုးမိတ်ဆက်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ Artist of the year ဆန်ခါတင်စာရင်းမှာ Beyonce ၊ Doja Cat ၊ Karol G ၊ Nicki Minaj ၊ Shakira နဲ့ Taylor Swift တို့ပါဝင်တာတွေ့ရပါတယ်။Taylor Swift ၊ SZA နဲ့ Doja Cat တို့ကတော့ ခန့်မှန်းစာရင်းရဲ့ ကဏ္ဍ ၈ ခုလောက်မှာဦးဆောင်ပါဝင်နေတာဖြစ်ပါတယ်။Song of the Year မှာတော့ Flowers ၊ Vampire ၊ Calm Down ၊ Unholy ၊ Bad Habit ၊ Kill Bill နဲ့ Anti-Hero တို့ကိုဆန်ခါတင်ရွေးချယ်ထားကြပါတယ်။Black Pink ရဲ့ Pink Venom ကလည်း ဆန်ခါတင်သုံးဆုထဲမှာပါဝင်နေတာမို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရဦးမယ့်အခမ်းအနားပါပဲ။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*