လေးရက်အတွင်းရုံဝင်ကြည့်ရှုသူ တစ်သန်းရရှိနေပြီဖြစ်တဲ့ Concrete Utopia

မင်းသားကြီး Lee Byung Hun ၊ Park Seo Joon နဲ့ Park Bo Young တို့လိုဝါရင့်အနုပညာရှင်တွေနဲ့ရိုက်ကူးထားတဲ့ Concrete Utopia ရုပ်ရှင်ကတော့ ရုံတင်ပြသပြီးလေးရက်အတွင်းမှာရုံဝင်ကြည့်ရှုသူတစ်သန်းရရှိနေပြီလို့သိရပါတယ်။ဒီဇာတ်ကားကို ကိုရီးယားနိုင်ငံမှာ ဩဂုတ်လ ၉ ရက်နေ့ကရုံတင်ပြသခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ Korea Film Council က ရုံဝင်ကြည့်ရှုသူအရေအတွက်ကိုဖော်ပြခဲ့ပါတယ်။ဒီလိုဖော်ပြခဲ့ရာမှာ ၁၁၈၅၀၈ ယောက်ရှိပြီလို့သိရတာမို့ လေးရက်အတွင်းကြည့်ရှုသူတစ်သန်းနဲ့ Korean Box Office မှာ နံပါတ် ၁ နေရာရယူထားနိုင်ပြီဖြစ်ပါတယ်။

Concrete Utopia ဇာတ်လမ်းကတော့ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ရချိန် ဆိုးလ်မြို့မှာငလျင်ဒဏ်မခံရဘဲကျန်နေခဲ့တဲ့ အဆောက်အအုံတစ်ခုကိုဇာတ်လမ်းတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီအဆောက်အအုံဟာ ဒုက္ခသည်တွေရဲ့ခိုနားရာနေရာလည်းဖြစ်သလို အကျပ်အတည်းကာလမှာလုံခြုံတဲ့နေရာြဖစ်ဖို့ ပြင်ပရန်အမျိုးမျိုးကနေကာကွယ်ရပုံတွေလည်းပါဝင်ပါတယ်။ဒီဇာတ်ကားဟာ Pleasant Bullying by Kim Sung-nik ဆိုတဲ့ Webtoon ရဲ့ဒုတိယပိုင်းကိုပုံဖော်ရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi

မင္းသားႀကီး Lee Byung Hun ၊ Park Seo Joon နဲ႔ Park Bo Young တို႔လိုဝါရင့္အႏုပညာရွင္ေတြနဲ႔႐ိုက္ကူးထားတဲ့ Concrete Utopia ႐ုပ္ရွင္ကေတာ့ ႐ုံတင္ျပသၿပီးေလးရက္အတြင္းမွာ႐ုံဝင္ၾကည့္ရႈသူတစ္သန္းရရွိေနၿပီလို႔သိရပါတယ္။ဒီဇာတ္ကားကို ကိုရီးယားႏိုင္ငံမွာ ဩဂုတ္လ ၉ ရက္ေန႔က႐ုံတင္ျပသခဲ့ၿပီး ဩဂုတ္လ ၁၂ ရက္ေန႔မွာေတာ့ Korea Film Council က ႐ုံဝင္ၾကည့္ရႈသူအေရအတြက္ကိုေဖာ္ျပခဲ့ပါတယ္။ဒီလိုေဖာ္ျပခဲ့ရာမွာ ၁၁၈၅၀၈ ေယာက္ရွိၿပီလို႔သိရတာမို႔ ေလးရက္အတြင္းၾကည့္ရႈသူတစ္သန္းနဲ႔ Korean Box Office မွာ နံပါတ္ ၁ ေနရာရယူထားႏိုင္ၿပီျဖစ္ပါတယ္။

Concrete Utopia ဇာတ္လမ္းကေတာ့ ႀကီးမားတဲ့သဘာဝေဘးအႏၲရာယ္နဲ႔ရင္ဆိုင္ရခ်ိန္ ဆိုးလ္ၿမိဳ႕မွာငလ်င္ဒဏ္မခံရဘဲက်န္ေနခဲ့တဲ့ အေဆာက္အအုံတစ္ခုကိုဇာတ္လမ္းတည္႐ိုက္ကူးထားတာျဖစ္ပါတယ္။ဒီအေဆာက္အအုံဟာ ဒုကၡသည္ေတြရဲ႕ခိုနားရာေနရာလည္းျဖစ္သလို အက်ပ္အတည္းကာလမွာလုံၿခဳံတဲ့ေနရာျဖစ္ဖို႔ ျပင္ပရန္အမ်ိဳးမ်ိဳးကေနကာကြယ္ရပုံေတြလည္းပါဝင္ပါတယ္။ဒီဇာတ္ကားဟာ Pleasant Bullying by Kim Sung-nik ဆိုတဲ့ Webtoon ရဲ႕ဒုတိယပိုင္းကိုပုံေဖာ္႐ိုက္ကူးထားတာျဖစ္တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*