Lisa တကယ်ပဲချစ်သူရနေပြီလား

Black Pink က Lisa နဲ့ Tag Hauer ရဲ့ CEO Frederic Arnault တို့တွဲနေကြတယ်ဆိုတဲ့သတင်းကမနှစ်ကတည်းကလူပြောများနေခဲ့တာပါ။ ဒါပေမဲ့ Frederic ကို Black Pink တစ်ဖွဲ့လုံးနဲ့တွဲပြီးဓာတ်ပုံရိုက်ထားတာကိုတွေ့ရတာမို့ ဒီအတိုင်းခင်မင်ကြတာပါဆိုတဲ့အနေအထားနဲ့သတင်းကိုချေဖျက်နိုင်ခဲ့ပါတယ်။ဒီနှစ်အစောပိုင်းမှာတော့ Lisa နဲ့ Frederic ကိုပြင်သစ်မှာတွဲရက်တွေ့ရပြန်တာမို့ သူတို့ရဲ့ Datingကောလာဟလက ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ သူတို့နှစ်ဦးရဲ့ဆိုင်တူတူထိုင်နေတဲ့ဗီဒီယိုကလည်းတကယ့်ကိုရင်းနှီးပျော်ရွှင်နေတဲ့စုံတွဲပုံပေါက်နေခဲ့တာပါ။အခု ဩဂုတ်လ ၉ ရက်နေ့မှာ Lisa ရဲ့ Instagram မှာတင်ခဲ့တဲ့ပုံတွေကြောင့် Frederic နဲ့ Dateနေတဲ့သတင်းကအမှန်အကန်လို့ ဆိုရတော့မလိုဖြစ်နေပါတယ်။

Lisa ရေကူးနေတဲ့နေရာဟာ မကြာသေးခင်ကပဲ Frederic ယောက်မဖြစ်သူရဲ့ Instagramမှာတင်ထားတဲ့ပုံတွေနဲ့တူနေတာမို့ Frederic မိသားစုနဲ့အတူတူအချိန်ဖြုန်းနေတာဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ Frederic ကလည်းသူပတ်ထားတဲ့အနက်ရောင်ဘောင်နဲ့ပန်းရောင်ဒိုင်ခွက်ပါတဲ့နာရီကိုတင်ထားသလို သူတင်တဲ့ပုံနဲ့ Lisa တင်တဲ့ပုံတွေအရသူရော Lisa ပါ ဂရိနိုင်ငံရဲ့ Zakynthos ကျွန်းပေါ်မှာအတူတူရောက်ရှိနေကြတာလို့မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဒီသတင်းအပေါ်မှာတော့ YG Entertainment က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမျိုးမပြုလုပ်ပါဘူး။

Ju Ju

zawgyi

Black Pink က Lisa နဲ႔ Tag Hauer ရဲ႕ CEO Frederic Arnault တို႔တြဲေနၾကတယ္ဆိုတဲ့သတင္းကမႏွစ္ကတည္းကလူေျပာမ်ားေနခဲ့တာပါ။ ဒါေပမဲ့ Frederic ကို Black Pink တစ္ဖြဲ႕လုံးနဲ႔တြဲၿပီးဓာတ္ပုံ႐ိုက္ထားတာကိုေတြ႕ရတာမို႔ ဒီအတိုင္းခင္မင္ၾကတာပါဆိုတဲ့အေနအထားနဲ႔သတင္းကိုေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။ဒီႏွစ္အေစာပိုင္းမွာေတာ့ Lisa နဲ႔ Frederic ကိုျပင္သစ္မွာတြဲရက္ေတြ႕ရျပန္တာမို႔ သူတို႔ရဲ႕ Datingေကာလာဟလက ထပ္မံထြက္ေပၚလာခဲ့ျပန္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ဆိုင္တူတူထိုင္ေနတဲ့ဗီဒီယိုကလည္းတကယ့္ကိုရင္းႏွီးေပ်ာ္႐ႊင္ေနတဲ့စုံတြဲပုံေပါက္ေနခဲ့တာပါ။အခု ဩဂုတ္လ ၉ ရက္ေန႔မွာ Lisa ရဲ႕ Instagram မွာတင္ခဲ့တဲ့ပုံေတြေၾကာင့္ Frederic နဲ႔ Dateေနတဲ့သတင္းကအမွန္အကန္လို႔ ဆိုရေတာ့မလိုျဖစ္ေနပါတယ္။

Lisa ေရကူးေနတဲ့ေနရာဟာ မၾကာေသးခင္ကပဲ Frederic ေယာက္မျဖစ္သူရဲ႕ Instagramမွာတင္ထားတဲ့ပုံေတြနဲ႔တူေနတာမို႔ Frederic မိသားစုနဲ႔အတူတူအခ်ိန္ျဖဳန္းေနတာဆိုတဲ့သတင္းေတြထြက္ေပၚလာခဲ့တာပါ။ Frederic ကလည္းသူပတ္ထားတဲ့အနက္ေရာင္ေဘာင္နဲ႔ပန္းေရာင္ဒိုင္ခြက္ပါတဲ့နာရီကိုတင္ထားသလို သူတင္တဲ့ပုံနဲ႔ Lisa တင္တဲ့ပုံေတြအရသူေရာ Lisa ပါ ဂရိႏိုင္ငံရဲ႕ Zakynthos ကြၽန္းေပၚမွာအတူတူေရာက္ရွိေနၾကတာလို႔မွတ္ခ်က္ေပးေနၾကတာျဖစ္ပါတယ္။ဒီသတင္းအေပၚမွာေတာ့ YG Entertainment က တစ္စုံတစ္ရာတုံ႔ျပန္ေျပာဆိုတာမ်ိဳးမျပဳလုပ္ပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*