Chester ရဲ့အသံကိုပြန်ကြားခွင့်ရတဲ့ Linkin Park ရဲ့သီချင်းသစ်

February 27, 2024 Aung Khant Mon 0

Linkin Park ရဲ့သီချင်းအသစ်ဖြစ်တဲ့ Friendly Fire ကိုမကြာခင်ကထုတ်ဝေလိုက်ပါတယ်။ ဒီသီချင်းမှာထူးခြားချက်ကဆုံးပါးသွားခဲ့ပြီးဖြစ်တဲ့အဖွဲ့ဝင် Chester ရဲ့အသံပါလာတာပဲဖြစ်ပါတယ်။ Linkin Park ရဲ့အဖွဲ့ဝင် Chester ဟာ 2017 ခုနစ်၊ ဇူလိုင်လက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဆုံးပါးချိန်မှာ အသက် 41 နှစ်သာရှိပါသေးတယ်။ ဒီလိုသေဆုံးမှုကြောင့် Linkin Park […]

My Happy Ending ဇာတ်လမ်းတွဲဟာ သူ့အတွက်ခက်ခဲခဲ့ပါတယ်ဆိုတဲ့ ဂျန်နာရာ

February 27, 2024 Aung Khant Mon 0

ရွေးနီမလေးအဖြစ်နဲ့ နှစ်ပေါင်းများစွာကတည်းကပရိသတ်တွေအားပေးလာခဲ့တဲ့ ဂျန်နာရာကို My Happy Ending ဇာတ်လမ်းတွဲမှာပရိ သတ်တွေက ကွဲပြားတဲ့ဇာတ်ရုပ်တစ်မျိုးနဲ့ထပ်မံအားပေးခဲ့ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး ကြည့်ရှုသူတွေကိုမရိုးမရွဖြစ်စေနိုင်တဲ့ My Happy Ending ဟာအခုဆိုရင် ဇာတ်သိမ်းပိုင်းကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းပြီးစီးချိန်မှာ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကနှုတ်ဆက်အမှတ်တရစကားလေးတွေကိုယ်စီ ပြောကြားခဲ့ကြပါတယ်။ ဒီအထဲမှာမှသရုပ်ဆောင်ဂျန်နာရာက ဒီဇာတ်လမ်းတွဲဟာ သူမအတွက်ခက်ခဲကြောင်း၊အတွေ့အကြုံသစ်တစ်ခုကိုရရှိကြောင်းပြောပြခဲ့တာပါ။ ဂျန်နာရာက “ဧပြီလမှာဒီဇာတ်ကားကိုစရိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဇာတ်သိမ်းပိုင်းကိုရောက်ခဲ့ပါပြီ။အချိန်အကြာကြီးဖြတ်သန်းခဲ့ရတယ်လို့ထင်ပါတယ်။ […]

အရောင်ကျွမ်းကျင်သူတွေပြောပြတဲ့ အင်တာဗျူးဖြေချိန်ဝတ်သွားသင့်တဲ့ အရောင် 6 ရောင်

February 27, 2024 Aung Khant Mon 0

နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ Business Insider အနေနဲ့ အလုပ်အင်တာဗျူးဖြေတဲ့အချိန်မှာဘာအရောင်တွေဝတ်ဆင်သင့်လဲဆိုတာကို အရောင်ကျွမ်းကျင်သူနှစ်ဦးကို မေးမြန်းခဲ့ကြပါတယ်။ Color Expert တွေပြောပြတဲ့ အလုပ်အင်တာဗျူးအတွက်အလိုက်ဖက်အသင့်တော်ဆုံးအရောင်တွေအကြောင်းကိုသူတို့ရဲ့အားသာချက်တွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။ ပေါ့ပါးသွက်လက်စေတဲ့ပန်းရောင်ဖျော့ ကိုယ်တိုင်သာမက အင်တာဗျူးမေးသူကိုရော ပေါ့ပေါ့ပါးပါးဖြစ်စေချင်တဲ့အခါပန်းရောင်ဝတ်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်လို့ Color911 app ကိုဖန်တီးသူ၊အရောင်ကျွမ်းကျင်သူလည်းဖြစ်တဲ့ Amy Wax ကပြောပါတယ်။ စကားပြောဆိုရအဆင်ပြေတယ်၊ပေါ့ပေါ့ ပါးပါးသွက်သွက်လက်လက်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးကို […]

ငယ်စဉ်ဘဝတရုတ်ပြည်မှာကြီးပြင်းခဲ့ရတဲ့အကြောင်းပြောပြတဲ့ Kim Go Eun

February 24, 2024 Aung Khant Mon 0

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မင်းသားကြီး Yoo Hae Jin နဲ့ Kim Go Eun တို့ဟာ အသစ်ထွက်ရှိထားတဲ့ရုပ်ရှင် Exhuma အတွက် Host နာယောင်ဆော့ရဲ့ You Tube Live ကို Join ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ အသစ်ထွက်ရှိထားတဲ့ […]

ဝေလမင်းသားဝီလျံပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့တဲ့ Emilia Clarke

February 24, 2024 Aung Khant Mon 0

Game of thrones မင်းသမီး Emilia Clarke နဲ့ သူမရဲ့မိခင်တို့ဟာ ဦးနှောက်ထိခိုက်တဲ့ဝေဒနာရှင်များ၊ လေဖြတ်ဝေဒနာရှင်များအတွက်ရည်ရွယ်ပြီး ပရဟိတလုပ်ငန်းကိုတည်ထောင်လိုက်တဲ့အတွက် ဂုဏ်ထူးဆောင်ဆုကိုရရှိခဲ့ပါတယ်။သူမနဲ့မိခင်ဖြစ်သူကို ဝေလမင်းသားဝီလျံနဲ့တခြားသောတော်ဝင်မိသားစုတွေက အခမ်းအနားကိုဖိတ်ကြားပြီးဆုအမှတ်တံဆပ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။”ဒီ‌ဆုကိုရလို့ ဝမ်းသာပါတယ်။ ပိုပြီးအရေးကြီးတာက Brain Injury ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို လူတွေသိတာနည်းတယ်။ ဒါ့ကြောင့် ဒီအလှူကိုလုပ်ဖြစ်တာပါ”လို့ မင်းသမီး Emilia […]

သင့်ကိုစည်းကမ်းကောင်းလွန်းသူလို့ သိစေနိုင်တဲ့ မနက်ခင်းအလေ့အထများ

February 24, 2024 Aung Khant Mon 0

မနက်ခင်းကိုဖြတ်သန်းပုံတွေက သင်စည်းကမ်းကောင်းသူဟုတ် မဟုတ်၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်သူဟုတ် မဟုတ်ညွှန်ပြနိုင်ပါတယ်။စိတ်ကိုထိန်းချုပ်နိုင်တာ၊ ကိုယ်ကိုယ့်ကိုယ်စည်းကမ်းသတ်မှတ်ပြီး လက်တွေ့လိုက်နာနိုင်တာတွေက သင့်ကိုအောင်မြင်မှုလမ်းကြောင်းပေါ်တွန်းပို့နိုင်ပါလိမ့်မယ်။ မနက်ခင်းတိုင်းမှာ ဒီအလေ့အကျင့်တွေကို မပျက်မကွက်လုပ်နိုင်သူတွေကို စည်းကမ်းမြင့်မားသူအဖြစ် ယေဘုယျသတ်မှတ်ကြပါတယ်။ ၁. စောစောထခြင်း မနက်စောစောထလေ့ရှိတဲ့သူဟာ နောက်ကျမှထသူထက်၂၄ နာရီကိုပိုမိုပိုင်ဆိုင်ရသလို ခံစားရပါလိမ့်မယ်။ မနက်ခင်းမှာတင်လေ့ကျင့်ခန်းလုပ်၊ မနက်စာစား၊ အရေးကြီးသတင်းတွေဖတ် စတဲ့အရာတွေကို လုပ်နိုင်တဲ့အတွက် […]

Kung Fu Panda 4 မတ်လမှာထွက်ရှိမယ်

February 23, 2024 Aung Khant Mon 0

ကွန်ဖူးပန်ဒါ Animation ကားလေးကိုသဘောကျတဲ့သူတွေအတွက် Kung Fu Panda 4 ဟာမတ်လ ၈ ရက်နေ့မှာ စတင်ထွက်ရှိမယ်လို့သိရပါတယ်။ဒီဇာတ်ကားကို DreamWorks Animation က ထုတ်လုပ်တာဖြစ်ပြီး ကြာချိန် ၉၄ မိနစ်ရှိမှာဖြစ်ပါတယ်။ကွန်ဖူးပန်ဒါကားဟာ ကိုယ်ခံပညာအခြေခံထားတဲ့ဟာသရုပ်ရှင်ဖြစ်ပြီး အရှေ့တိုင်းမှာရော အနောက်နိုင်ငံတွေမှာပါ လူကြိုက်များတဲ့ Animation ရုပ်ရှင်ဖြစ်ပါတယ်။ကွန်ဖူးပန်ဒါ 3 […]

Jisoo ရဲ့လှုပ်ရှားမှုတွေကို တစ်ဝကြီးမြင်ခွင့်ရမယ့် Blissoo ရဲ့တရားဝင် Channel များ

February 23, 2024 Aung Khant Mon 0

Black Pink က Jisoo ရဲ့ Label အသစ်ဖြစ်တဲ့ Blissoo ဟာ ဒီနေ့မှာ Official Channel တွေကိုမိတ်ဆက်လာပြီဖြစ်ပါတယ်။Blissoo ရဲ့ တရားဝင် Website နဲ့ SNS Channel တွေကို ဒီနေ့မှာစတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ Blissoo ရဲ့ တာဝန်ရှိသူက “ဒီ […]

ကိုယ့်ရဲ့ Career ကိုမထိခိုက်စေဘဲငြင်းဆန်ရဲစေဖို့

February 23, 2024 Aung Khant Mon 0

ကိုယ့်မှာအလုပ်တာဝန်တွေများပြားပြီး Limit ကျော်နေတာတောင် အလုပ်တွေထပ်ခိုင်းချင်နေတဲ့ အထက်လူကြီးတွေနဲ့ ကြုံဖူးကြမှာပါ။ အလုပ်တစ်ခုမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကျော်သွားတဲ့အခါ စိတ်ပင်ပန်းတာ စိတ်ဖိစီးတာ စိုးရိမ်တာတွေကြုံလာရမှာသဘာဝပါ။အထူးသ ဖြင့်အမျိုးသမီးတွေဆီမှာအလုပ်တာဝန်ပိုပိလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေဟာ ရုံးအလုပ်အပြင် အိမ်အလုပ်တွေပါရှိနေသေးတာမို့ ပင်ပန်းတဲ့ဒဏ်ကိုပိုခံရပါတယ်။ ဒါကို မန်နေဂျာက အလုပ်တွေထပ်ထပ်ခိုင်းတဲ့အခါ ပိုပြီးစိတ်ဖိစီးမှုခံစားရပါတယ်။ ဒါ့ကြောင့်‌အလုပ်မှာအကန့်အသတ်ဘောင်လေးတွေဘယ်လိုထားမလဲ၊ ခိုင်းကောင်းလို့ ခိုင်းခံနေရတာမျိုးမဖြစ်ရအောင် […]

Self-Control ကောင်းစေဖို့နေ့စဉ်လေ့ကျင့်သင့်တဲ့အရာများ

February 22, 2024 Aung Khant Mon 0

Self-control ကောင်းဖို့ဆိုတာ ဘဝတစ်လျှောက်လုံးအတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ကိုယ်ရည်မှန်းထားတဲ့အရာတွေကိုတစိုက်မတ်မတ်လုပ်နိုင်ဖို့၊ ကိုယ်မဖြစ်ချင်တဲ့အရာတွေကို ထိန်းချုပ်နိုင်၊ရှောင်လွဲနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းက မဖြစ်မနေလိုအပ်ပါတယ်။Self-control ထဲမှာ စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်၊ စိတ်စွမ်းအင်တွေပါဝင်သလို Self-control ကကိုယ့်ရဲ့ကျန်းမာရေးနဲ့ ဘဝအောင်မြင်မှုအတွက်လည်း လိုအပ်ပါတယ်။ Self-control ကောင်းစေဖို့ ဒီအချက်တွေလုပ်ဆောင်နိုင်ပါတယ်။ – ပထမဆုံးတစ်ချက်ကတော့ အအိပ်အစားမှန်ဖို့ဖြစ်ပါတယ်။တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းတွေကိုလျော့ပါးစေတဲ့ အိပ်ရေးမဝခြင်းကိုအရင် ပြင်ဆင်ဖို့ပါတယ်။အိပ်ရေးပျက်ခြင်းကငြင်းဆန်နိုင်စွမ်းကိုလျော့ကျစေပါတယ်တဲ့။အိပ်ရေးမဝခဲ့ရင် ထိန်းချုပ်နိုင်စွမ်းတွေ […]