Shinhwa အဖွဲ့မှ Minwoo(M) တစ်ကိုယ်တော်သီချင်းထွက်ရှိမယ်

KPop လောကရဲ့ First Generation ဖြစ်တဲ့ Shinhwa အဖွဲ့အနေနဲ့ ပရိသတ်နဲ့အဆက်အသွယ်ပြတ်နေခဲ့တာကြာပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Shinhwa အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Minwoo(M) ဟာ တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ထွက်ရှိဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါဟာ Minwoo(M) အနေနဲ့ 10 နှစ်ကျော်အကြာမှ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။သူဟာ 2014 ခုနစ်မှာ M+TEN သီချင်းထွက်ရှိပြီးနောက်ပိုင်း ဂီတအလုပ်တွေရပ်နားသွားခဲ့တာပါ။

သူ့ရဲ့မကြာခင်ထွက်ရှိမယ့်သီချင်းသစ်မှာတော့ တစ်ခါမှမဆိုဖူးတဲ့ Music Style မျိုးနဲ့ပရိသတ်တွေကိုအံ့အားသင့်စေလိမ့်မယ်လို့ ပြော ထားပါတယ်။ Shinhwa အဖွဲ့ရဲ့အေဂျင်စီ Lean Branding အနေနဲ့ Shinhwa 26 နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Minwoo ရဲ့ပရိုဖိုင်ပုံအသစ်ကိုလည်းဖော်ပြလာပါတယ်။ Again လို့နာမည်ရတဲ့ Minwoo ရဲ့ တစ်ကိုယ်တော်သီချင်းသစ်ဟာ ဧပြီလ 11 ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*